အချစ်တစ်ခုမှာ ခံစားရတာများလာရင် ဥပေက္ခာပြုလိုက်ပါတော့

အချစ်တစ်ခုမှာ ခံစားရတာများလာရင် ဥပေက္ခာပြုလိုက်ပါတော့ google.com

တစုံတယောက်ယောက်က ကိုယ့်ကို မလိုအပ်တော့လို့ လွှတ်ချနေမှန်း သိခဲ့ရင်ကိုယ်ကအရင်ဆုံး ဥပေက္ခာပုပါ ။

 



သူ့ကို ချစ်ခဲ့ပြီး ပါပြီ ။

 

 


သူ့ကို ချစ်ခဲ့တဲ့ အချိန်တုန်းကလည်း ကိုယ်က သူ့အပေါ် အကောင်းဆုံး ချစ်ခဲ့ပြီးပြီ မဟုတ်လား?

 



ကိုယ့်အပေါ် သူလိမ်နေမှန်း သိရက်နဲ့ ငတုံး တယောက်လို ချစ်တဲ့စိတ်နဲ့ နေခဲ့ပေး ဖူးပြီးပြီ မဟုတ်လား?

 



သူ့ကြောင့် ရရှိခဲ့တဲ့ နာကျင်မှုတွေကို တနေ့ သူ့ရွေးချယ်မှုဟာ ကိုယ်သာ ဖြစ်ခဲ့ရင် စိတ်နဲ့ အရာရာကို လျစ်လျူရှူပေး ခဲ့ပြီးပြီ မဟုတ်လား ?

 



ဘာမှ မဖြစ်သလို ၊ ဘာမှ မခံစားရသလိုလည်း ဟန်ဆောင်နေပေးခဲ့ ဖူးပြီးပဲ ။

 

 


"
တော်သင့်ပြီ် ၊ အချိန်ကာလ တခုအထိ ဝအောင် ငိုခဲ့ပြီးပြီပဲ "

 



သူ ကိုယ့်ကို မလွှတ်ချခင် ကိုယ်က အရင် လွှတ်ချနိုင်အောင် ကြိုးစားပါ ။

 



သူမှ သူပဲ ဖြစ်နေတဲ့ ကိုယ်ရဲ့ စိတ်ကို အတတ်နိုင်ဆုံး လျှော့ချ ပစ်လိုက်ပါ ...

 



ကိုယ့်ကို မလိုအပ်တဲ့ လူတယောက် အတွက် တမြေ့မြေ့ ကြေကွဲ  မခံစားနေ ပါနဲ့ ...

 



သူပေးခဲ့တဲ့ နာကျင်မှုကို ကိုယ်ဘဝရဲ့ တိုးတတ်မှု အတွက် အမြန်ဆုံး ပြောင်းလဲပစ်လိုက်ပါ ...

 



လူတွေရဲ့ ကဲ့ရဲ့မှု ရှုတ်ချမှုတွေ အောက်မှာ အဖိုးတန်တဲ့ ကိုယ့်သိက္ခာအတွက် အလှဆုံး အပြုံးနဲ့ ရပ်တည်ပြပါ ...

 



အမုန်းတွေကို ရင်ဘက်ထဲမှာ ထည့်မထားနဲ့

 

 

နာကျင်မှုတွေနဲ့ အတူ သူ့ကိုလည်း မုန်းဖို့ အချိန် မပေးလိုက် ပါနဲ့

 

 


ကိုယ့်အတွက် အရမ်း တန်ဖိုးရှိတဲ့ အချိန်တွေ လွတ်သွားလိမ့်မယ်နော်

 

 


လက်စားချေခြင်း ဆိုတဲ့ အပူလည်း မယူပါနဲ့

 

 

 

သူနဲ့ ထိုက်တန်တဲ့ အရာတွေ အတွက် ဝဋ်လည်ခြင်းနဲ့သာ အနိုင်ပိုင်း လိုက်ပါ ...

 




Credit;Kyal Linn Khant

Read times Last modified on Wednesday, 19 September 2018 10:34
Rate this item
(1 Vote)