မိုးရာသီမှာ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်နိုင်တဲ့ နည်းလမ်း

မိုးရာသီမှာ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်နိုင်တဲ့ နည်းလမ်း google

မိုးတွေ အရမ်းရွာနေရင် အပြင်မထွက်ချင်တာ သဘာဝပါ။ အပြင်မှာ မိုးတွေ အရမ်းရွာနေတာမို့ ဒိတ်လုပ်မယ့် အစီအစဉ်ကိုတော့ မဖျက်လိုက်ပါနဲ့။

မိုးတွေရွာနေလို့ ဘယ်သွားပြီး၊ ဘယ်မှာ ဒိတ်ရမလဲ စဉ်းစားရခက်နေတဲ့ သူတွေ အတွက် မိုးရာသီမှာ ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်လို့ရတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ မိုးရေစက်တွေကြားမှာမှ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်ချင်သူတွေ အတွက် နည်းလမ်း  လေးတွေပြောပြပေးလိုက်ပါတယ်။

 

 

ကော်ဖီဆိုင်ကိုသွားပါ

 

ဒီလိုမိုးရွာနေတဲ့ အချိန်ဟာ ကော်ဖီဆိုင်မှာ ကြည်နူးစရာ ဒိတ်လေးတစ်ခု အကောင်အထည်ဖော်လို့ အကောင်းဆုံးအချိန်ပါ။မိုးရာသီမှာ ချစ်သူလေးနဲ့မှ ကော်ဖီဆိုင်မှာ ဒိတ်လုပ်တာကလဲ စုံတွဲတိုင်း မဖြစ်မနေကို လုပ်ကြည့်သင့်တဲ့ အရာပါ။ မိုးအေးအေးလေး၊ ကော်ဖီပူပူလေးနဲ့ ချစ်ရတဲ့သူ ဘေးမှာရှိနေတဲ့ အခိုက်အတန့်လေးက တကယ့်ကို ကြည်နူးစရာ အခိုက်အတန့်လေးပါ။ ကော်ဖီဆိုင် ကောင်းကောင်းလေးမှာ ဒိတ်လုပ်ကြည့်နော်….

 

 

Shopping ထွက်

 

နောက်တစ်ခုကတော့ Shopping ထွက်ပါ။ အစားအစာ တွေ၊ စာအုပ်တွေ…တခြား ကိုယ်နဲ့ ကိုယ့်ချစ်သူ သဘောကျတဲ့ ပစ္စည်းလေးတွေကို အတူသွားဝယ်ရင်း Shopping Date လေး လုပ်ကြည့်ပါ။ ဒီနေရာမှာတော့ မိန်းကလေးတွေ အနေနဲ့ အထူးသတိပြုရမှာက ကိုယ်ကြိုက်တဲ့ အ၀တ်အစားတွေ အတွက်နဲ့ပဲ ချစ်သူရဲ့ အချိန်တွေကို အများကြီး မယူမိပါစေနဲ့။(မိန်းကလေး တစ်ယောက်ရဲ့ အ၀တ်အစားဝယ်တဲ့အချိန်က အရမ်းကို ကြာတတ်လို့ပါ)

 

 

ဘားတို့၊ ချွေးထုတ်ခန်းတို့ကို သွားပါ

 

Bar တွေကို အတူသွားပါ။ အရမ်းတွေ ဆူညံကခုန်နေတဲ့ Bar မျိုးထက် အေးအေးဆေးဆေးလေးနဲ့ ထိုင်လို့ ကောင်းတဲ့ Bar မျိုးကို ရွေးပါ။နောက်တစ်နေရာကတော့ ချွေးထုတ်ခန်းလို နေရာမျိုး ကိုလဲ ရွေးချယ်သင့်ပါတယ်။ အပြင်မှာ မိုးအေးအေးလေးဖြစ်နေချိန်မှာ ချွေးထုတ်ခန်းမှာ သွားပြီး အေးအေး ဆေးဆေး အနားယူတာကလဲ တကယ်ကောင်းတဲ့ စိတ်ကူးပါ။

 

 

စားသောက်ဆိုင်ကို သွားပါ


မိုးရွာနေတဲ့ ရက်တွေမှာ စားသောက်ဆိုင်တွေမှာ ဒိတ်လုပ်တာကလည်း တကယ်ကောင်းတဲ့ စိတ်ကူးပါ။ စားသောက်ဆိုင်မှာမှာ Hot-Pot ဆိုင်၊ အကင်ဆိုင်တို့လို ဆိုင်မျိုးကို ပိုပြီး ရွေးချယ်သင့်ပါတယ်။ မိုးအေးအေးလေးနဲ့ Hot-Pot စား၊ အကင်စားရတဲ့ အရသာလေးတွေကလည်း အရမ်းကိုကောင်းတဲ့ စိတ်ကူးလေးပါ။ မိုးရေစက်တွေကြားမှာမှ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်ချင်သူတွေဆိုရင်တော့ 

 

 

အမှတ်တရပုံလေးတွေကို စီပ


သူနဲ့ ကိုယ်နဲ့ အတူရိုက်ထားတဲ့ အမှတ်တရ ဓါတ်ပုံလေးတွေ၊ အမှတ်တရ ပစ္စည်းလေးတွေကို နှစ်ယောက်အတူ သေချာ ပြန်စီ၊ပြန်သိမ်းပါ။ ပုံလေးတွေကို နှစ်ယောက်အတူ ဓါတ်ပုံအယ်ဘမ်ထဲမှာ သိမ်းရင်း အဲ့ဒီတုန်းက အမှတ်တရလေးတွေကိုလဲ ပြန်ပြောရင်း ပျော်စရာ အမှတ်တရလေးေ တွကို ဖန်တီးလို့ရပါတယ်။

 

 

စာအုပ်အတူဖတ်၊ အတူဇာတ်ကားကြည့်

 

ကော်ဖီဆိုင်ထဲ မှာ စာအုပ်တွေကို အတူဖတ်ရင်း၊ ရုပ်ရှင်ဇာတ်ကားတွေ အတူကြည့်ရင်း ပျော်စရာ အချိန်လေးတွေကို ဖန်တီးလို့ရပါတယ်။ စာအုပ်တွေ အတူဖတ်ရင်း၊ ကိုယ်ဖတ်တဲ့ စာအုပ်တွေအကြောင်း၊ အရင်ကြည့်ဖူးတဲ့ ဇာတ်ကားတွေ အကြောင်းအတူ ပြောဆိုဖလှယ်လို့လဲ ရပါတယ်။

 

 

အတူဂိမ်းဆော့


အတူတူ ဂိမ်းဆော့လို့ရပါတယ်။ ကွန်ပျူတာ၊ Lap top နဲ့ပဲ ဆော့ဆော့ ၊ နောက်ဆုံး ML  ဂိမ်းပဲ ကစား ကစား ပျော်စရာကောင်းတဲ့ အချိန်လေးကို သေချာပေါက် ပိုင်ဆိုင်ရမှာတော့ သေချာပါတယ်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under