ချစ်သူကောင်လေးကသင့်အပေါ်တစ်သက်လုံးမပြောင်းလဲဘဲချစ်နေအောင်ဒါတွေလုပ်ပါ

ချစ်သူကောင်လေးကသင့်အပေါ်တစ်သက်လုံးမပြောင်းလဲဘဲချစ်နေအောင်ဒါတွေလုပ်ပါ google.com

ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို အမြဲချစ်နေတာကို လိုချင်ကြတာချည်းပါပဲ။ ပြီးတော့ ကိုယ့်ချစ်သူက ကိုယ့်ကို အမြဲတမ်း မပြောင်းလဲတဲ့ အချစ်နဲ့ ချစ်နေဖို့ဆိုတာ လုပ်ယူလို့မရတဲ့ အမျိုးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ချစ်သူက ကိုယ့်ကို မပြောင်းလဲဘဲ အမြဲတမ်းချစ်နေဖို့ ဒါလေးတွေ သိထားဖို့ လိုပါတယ်နော်။

 

 

() ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် အမြဲနေပါ

 

လူတစ်ယောက်က ကိုယ်ပိုင်စတိုင်လ်၊ ကိုယ်ပိုင်အယူအဆတွေနဲ့ နေတာ ဆွဲဆောင်မှု အရှိဆုံးပါ။ သူ ဘယ်လို မိန်းကလေးပုံစံမျိုး ကြိုက်တတ်တယ်ဆိုပြီး အဲ့ဒီလိုပုံစံမျိုး လိုက်ပြောင်းတာက လုံးဝမဖြစ်သင့်ပါဘူး။ ပြောင်းလဲကာစ သင့်ပုံစံက သူ့အတွက် အထူးအဆန်းဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် တကယ်တော့ သင့်နဂိုပုံစံကသာ ဆွဲဆောင်မှု အရှိဆုံးပါ။

 

 

() သင့်ချစ်သူရဲ့ အတွေးအခေါ်က ဘယ်လိုရှိတယ်ဆိုတာ သိအောင်ကြိုးစားပါ

 

လူတစ်ယောက်ရဲ့ အယူအဆ၊ အတွေးအခေါ်တွေက သူ့ရဲ့ အကျင့်စရိုက်ပါပဲ။ သူဘယ်လို လူလဲဆိုတာ သိရဖို့ သူ့ရဲ့ အတွေးအခေါ်တွေကို သတိထား ကြည့်,ကြည့်ပါ။ ကိုယ့်ရဲ့ တစ်သက်တာလုံးကို သူနဲ့ကုန်ဆုံးချင်တာ သေချာပြီ ဆိုရင်တော့ သူ့ရဲ့အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားကို သိဖို့လိုပါတယ်။

 

 

() သူဘာတွေကို ကြိုက်တတ်လဲ သိအောင်လုပ်ပါ

 

သူ့အကြိုက်က ဘာတွေလဲဆိုတာကို သိအောင်လုပ်ပါ။ ပြီးရင် သူ့အကြိုက်လေးတွေ လိုက်လုပ်ပေးပါ။ အလိုလိုက် အကြိုက်ဆောင်တာကိုတော့ မကြိုက်တဲ့သူ မရှိပါဘူး။ ဒါပေမယ့် အလိုလိုက် အကြိုက်ဆောင်တာနဲ့ တစ်ဖက်က အနိုင်ယူလို့ရအောင် အရှုံးပေးနေတာနဲ့က မတူပါဘူးနော်။ မျှတမှု မရှိလောက်အောင် အနိုင်ခံရတာမျိုးတော့ မဖြစ်စေပါနဲ့လို့။

 

 

() တခါတလေ ကိုယ်ကဦးဆောင်ပါ

 

ဘယ်နေရာမဆို နောက်ပဲလိုက်ပြီး ချွဲ့နွဲ့နေတာမျိုးက အမြဲတမ်း မကောင်းပါဘူး။ ယောကျာ်းလေးတွေကလည်း အဲ့ဒီလို ချွဲနွဲ့မှီခိုချင်တဲ့ စိတ်လေးရှိတတ်တာကြောင့် တခါတလေ ကိုယ်က ဦးဆောင်ပါ။

 

 

() အလိမ်အညာ စကားတွေ မပြောပါနဲ့

 

တစ်ခါလိမ်ပြီးသွားရင် အဲ့ဒါကို မပေါ်ဖို့ ဆက်တိုက်လိမ်ရပါတော့တယ်။ အဲ့ဒီအခါ ချစ်သူနှစ်ယောက်ကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်။ သင့်အလိမ်အညာ စကားတွေကို သင့်ချစ်သူက ခွင့်လွှတ်တယ် ဆိုပေမယ့်လည်း အကြိမ်ရေများလာတဲ့အခါ သင့်အပေါ်ထားတဲ့ လေးစားမှုလျော့နည်းလာပြီး အချစ်တွေလည်း လျော့သွားနိုင်တယ်ဆိုတာ သိထားပါနော်။

 

 

() ချုပ်ကိုင်ဖို့ မကြိုးစားပါနဲ့

 

ဒါကတော့ လုံးဝအရေးကြီး အချက်ပါ။ လူဆိုတာ အရုပ်မဟုတ်ပါဘူး။ ခံစားချက်ရှိတဲ့ သက်ရှိပါ။ ဘယ်လောက်ပဲ အရှုံးပေးအညံ့ခံတတ်တဲ့ လူတစ်ယောက် ဖြစ်နေပါစေ၊ အရမ်းချုပ်ကိုင်ဖို့ ကြိုးစားလွန်းရင် ရုန်းထွက်သွားတတ်ပါတယ်။ ဒါကြောင့် ချစ်သူဆီက အချစ်တွေ လျော့မသွားစေချင်ရင် ချုပ်ကိုင်ဖို့ လုံးဝမကြိုးစားပါနဲ့လို့ ပြောပါရစေ။

 

 

Credit;Aunty May

Read times Last modified on Wednesday, 19 September 2018 09:51
Rate this item
(5 votes)