၂၀၂၀ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ မှ ၂၆ ရက်နေ့ အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ မှ ၂၆ ရက်နေ့  အထိ တစ်ပတ်စာ သင့်ကံကြမ္မာ Google

တနင်္ဂနွေနေ့

 

ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများမှာ အနှောင့်အယှက်ပေါ်မည်။ ဈေးရောင်းဈေးဝယ် ကုန်ရောင်းကုန်ဝယ် ကောင်းမည်။
ဆိုင်ကယ်အသစ်တစ်စီးဝင်မည်။ ဆွေမျိုးတစ်ဦး၏ အမှုကိစ္စကို ကူညီရမည်။ ငွေအနည်းငယ် အလဟဿ ဖြစ်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက အလုပ်နေရာ အရွှေ့အပြောင်းပေါ်မည်။

အမှုဟောင်းရှိပါက နိုင်မည်။ နေအိမ်သို့ ကောဇောတစ်ချပ် (သို့မဟုတ်) ဖျာလိပ်တစ်လိပ်ရောက်လာပါက ‘၄’ အစ ‘၅’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ ကောင်းမွန်ပါသည်။ ကျန်းမာရေးအနေဖြင့် ဘီးရောဂါဖြစ်မည်။ အချစ်ရေးမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးမှာလည်း သာယာမှု မရှိပါ။

ကံကောင်းသော ဂဏန်းများမှာ ၄၊ ၅၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မိုးပြာရောင် ဖြစ်သည်။

ယတြာ - တနင်္ဂနွေနေ့ တနင်္ဂနွေထောင့်မှာ အုန်းရွက် ၁၄ ရွက် ကပ်လှူပါ။

 

တနင်္လာနေ့ 

အိမ်ပြင်၊ အိမ်ဆောက်ကိန်းရှိသည်။ အိမ်ဆောက်ရန် ပန္နရိုက်ရလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲ ဖြေရမည်။ အပြင်ဝန်ထမ်းဖြစ်ပါက လစာတိုးမည်။

နေအိမ်နားမှာ နာရေးပေါ်မည်။ မသွားရ။ အနုပညာလုပ်ငန်းမှာ တိုက်ခိုက်မှုများ ခံရလိမ့်မည်။ ကြွေးကိစ္စစကားပြောရမည်။

လောင်းကစားဒုက္ခပေးမည်။ နေအိမ်သို့ သေတ္တာရောက်ပါက ကံညံ့မည်။ နေအိမ်သို့ ထမင်းအိုး၊ ထမင်းပေါင်းအိုး အသစ်ရောက်ပါက ‘၅’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးအတွက် သတင်းကောင်းကြားရမည်။ ကျန်းမာရေးအနေဖြင့် အိပ်မပျော်သောရောဂါရမည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၃၊ ၅၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။

ယတြာ - တနင်္လာနေ့မှာ ငါး ၂ ကောင်လွှတ်ပါ။

 

 

အင်္ဂါနေ့

လယ်ယာလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ကုန်ရောင်းကုန်ဝယ်၊ ဈေးရောင်းဈေးဝယ် ကောင်းမည်။ အိမ်နေရာအရွှေ့အပြောင်း (သို့မဟုတ်) အလုပ်နေရာ အရွှေ့အပြောင်းပေါ်မည်။

မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ နိုင်ငံရေးလှုပ်ရှားမှုတစ်ခုမှာ ပါဝင်ရလိမ့်မည်။ ကြွေးကိစ္စစကားပြောရမည်။

မော်တော်ဆိုင်ကယ်အတွက် သောကများမည်။ အမျိုးထဲမှာလည်းကောင်း၊ အသိမိတ်ဆွေထဲမှာလည်းကောင်း၊ အိမ်အနီးအနားမှာလည်းကောင်း ကလေးမွေးသော သတင်းကြားပါက ‘၇’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ခါးနာ၊ ခါးကိုက် ရောဂါရမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူထံမှ သတင်းကောင်းကြားရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၄၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အဝါရောင် ဖြစ်ပါသည်။

ယတြာ - အင်္ဂါနေ့ အင်္ဂါထောင့်မှာ စံပယ် ၅ ကုံး ကပ်လှူပါ။

 

 

 ဗုဒ္ဓဟူးနေ့

အနုပညာနှင့် ပတ်သက်သော လုပ်ငန်းများမှာ အဖုအထစ် ဖြစ်မည်။ အိမ်ပြင်၊ အိမ်ဆောက်ကိန်း ရှိသည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်ခါနီးမှ ပျက်သွားမည်။

ငွေအတွက်သောကရောက်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ အလုပ်တာဝန်ပိမည်။ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းမှာ အချင်းချင်းဝေဖန် တိုက်ခိုက်မှု ခံရမည်။

ငွေအတွက် သောကရောက်မည်။ လုပ်ငန်းပြိုင်များ ဒုက္ခပေးမည်။ စက်ပစ္စည်း အသစ်ဝင်မည်။ နေအိမ်သို့ ဗီဒိုတစ်လုံးရောက်လာပါက ‘၆’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်။ ကျန်းမာရေးအနေဖြင့် နားရောဂါဖြစ်မည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ အခြေအနေကောင်းပါသည်။

ကံကောင်းသောဂဏန်းများမှာ ၅၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မန်ကျည်းစေ့ရောင် ဖြစ်ပါသည်။

ယတြာ - ဗုဒ္ဓဟူးနေ့တွင် နေအိမ်ဘုရားစင်မှာ ရွက်လှပန်းများ ကပ်လှူပါ။

 

ကြာသပတေးနေ့

လယ်ယာမြေ၊ အိမ်ဝိုင်း၊ ခြံမြေ အရောင်းအဝယ် ဖြစ်မည်။ ပဲ၊ ပြောင်း၊ နှမ်း ကောက်ပဲသီးနှံ ရောင်းဝယ်ရေးကောင်းမည်။

နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ ဆိုင်သစ်ဖွင့်ခြင်း၊ လုပ်ငန်းသစ်လုပ်ခြင်းများ ကောင်းမွန်မည်။ ကောင်းမှုကုသိုလ် ပြုလုပ်ရမည်။

ဆွေမျိုးတစ်ဦး၏ ကျန်းမာရေးကိစ္စကို ကူညီရမည်။ ဝင်ငွေကောင်းမည်။ နေအိမ်သို့ ကြက်ဥများရောက်ပါက ‘၁’ အစ ‘၄’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ ပိုမိုကြိုးစားရန်လိုပါသည်။ ကျန်းမာရေးညံ့သည်။ ရင်ဘက်အောင့်မည်။ အချစ်ရေးညံ့၏။ ချစ်သူနှင့် စကားများမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ရန်လိုမှုကြောင့် စိတ်ညစ်ရမည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၂၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။

ယတြာ - ကြာသပတေးနေ့တွင် နေအိမ်ဘုရားစင်မှာ ထမင်းဖြူပေါ် သကြားဖြူးပြီး ဆွမ်းတော်ကပ်ပါ။

 

 

သောကြာနေ့

နိုင်ငံခြားမှ သတင်းကောင်းကြားရမည်။ ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများမှာ အခက်အခဲပေါ်မည်။ စီးပွားရေးပြန်လည်ဦးမော့လာမည်။

ဈေးရောင်းဈေးဝယ်ကောင်းမည်။ အနုပညာလုပ်ငန်းမှာ စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်ရလိမ့်မည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။

အိမ်နေရာအရွှေ့အပြောင်းပေါ်မည်။ နေအိမ်သို့ နေကာမျက်မှန်တစ်လက်ရောက်လာပါက ‘၂’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ ကောင်းပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်မည်။ အချစ်ရေးညံ့သည်။ ချစ်သူနှင့် လမ်းခွဲရလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် စကားများရလိမ့်မည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ငှက်ပျောစိမ်းရောင် ဖြစ်ပါသည်။

ယတြာ - သောကြာနေ့ သောကြာထောင့်မှာ ရေသက်စေ့သပ္ပါယ်ပါ။

 

 

စနေနေ့

အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ် ဖြစ်မည်။ ငွေများများဝင်မည်။ အမှုဟောင်းအတွက် သတင်းကောင်းကြားရမည်။

ကားအရောင်းအဝယ်များတတ်သည်။ ဆိုင်ကယ်နှင့်ပတ်သက်ပြီး စကားများရမည်။ ဆန်၊ စပါး ရောင်းဝယ်ရေးကောင်းမည်။

အမိ,အဖ တစ်ဦးဦး ကျန်းမာရေးညံ့မည်။ ကြွေးကိစ္စစိတ်ညစ်ရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ လိပ်ကိုမြင်ပါက ‘၄’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်မည်။ အချစ်ရေးမှာ သောင်မတင်ရေမကျ အခြေအနေမကောင်းပါ။

ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပိတောက်ခြောက်ရောင် ဖြစ်ပါသည်။

ယတြာ - စနေနေ့တွင် နေအိမ်ဘုရားကျောင်းဆောင်မှာ နွားနို့ကျိုပြီး ကပ်လှူပါ။

 

Mintheinkha

Post By Myanmar Wedding Guide

Read times Last modified on Monday, 21 December 2020 12:36
Rate this item
(0 votes)