Romantic ဆန်ဆန်မင်္ဂလာပွဲလေးဖြစ်အောင်ဘယ်လိုစီစဉ်မလဲ

Romantic ဆန်ဆန်မင်္ဂလာပွဲလေးဖြစ်အောင်ဘယ်လိုစီစဉ်မလဲ google.com

ကိုယ့်ရဲ့မင်္ဂလာပွဲကို ပုံမှန်အတိုင်းပွဲထွက်ပြီး စုလျားရစ်ပတ်တာ ဒါမှမဟုတ် ဘိသိက်လုပ်တာမျိုးမလုပ်ချင်ဘူး၊

ညစာစားပွဲမင်္ဂလာဆောင်ဆိုရင်လည်း သူများတွေထက်ဆန်းပြားအောင်လုပ်ချင်တယ်ဆိုရင်တော့ ပရိသတ်တွေပျော်ရွှင်စေပြီး စုံတွဲနှစ်ဦးလည်း ကြည်နူးစေမယ့်အစီအစဉ်တွေထည့်သင့်ပါတယ်။ မင်္ဂလာပွဲမှာ သူများတွေနဲ့မတူဘဲ ကြည်နူးစရာကောင်းပြီးဆန်းပြားအောင် ဘယ်လိုအစီအစဉ်တွေထည့်လို့ရမလဲဆိုတာ ပြောပြပေးပါ့မယ်။

 

သီချင်းဆိုပြီးထွက်မယ်

သတို့သားက သီချင်းဆိုတာပဲဖြစ်ဖြစ် သတို့သမီးက သီချင်းဆိုတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်နော်။ သတို့သားက မင်္ဂလာစင်မြင့်ထက်မှာကြိုစောင့်နေပြီး သတို့သမီးက သီချင်းလေးဆိုပြီးထွက်လာတာမျိုး ဒါမှမဟုတ် သတို့သားက သီချင်းဆိုပြီးစောင့်နေတာမျိုးလုပ်မယ်ဆိုရင်လည်း ပျော်စရာအခိုက်အတန့်ဖြစ်ပြီး သူများပွဲတွေနဲ့ မတူဆန်းပြားနေမှာပါ။

 

ဂိမ်းအစီအစဉ်

ဂိမ်းအစီအစဉ်တွေ ထည့်တာကလည်း ပျော်စရာကောင်းပြီး မင်္ဂလာပွဲအမှတ်တရ ဖြစ်စေမှာသေချာပါတယ်။ စုံတွဲလေးတို့အပါအဝင် ပရိသတ်တွေပါပါဝင်နိုင်မယ့် ဂိမ်းတွေအများကြီးစဉ်းစားပါ။ ဂိမ်းအစီအစဉ်တွေစီစဉ်တဲ့အခါမှာလည်း ကြွရောက်လာတဲ့ပရိသတ်တွေကို Surprise ဖြစ်စေမယ့် ဂိမ်းလေးတွေစီစဉ်ပါ။ ဒါမှ သူများနဲ့မတူအောင် ဆန်းပြားမှာပါနော်။ အင်တာနက်ကနေရှာပြီး ဂိမ်းအစီအစဉ်တွေဆွဲတာမျိုးလည်းကောင်းပါတယ်။

 

မင်္ဂလာစင်မြင့်ကိုလာတဲ့အခါ

ကိုယ့်ရဲ့မင်္ဂလာပွဲလေးကို သူများနဲ့မတူဘဲကွဲပြားချင်တယ်ဆိုရင်တော့ မင်္ဂလာစင်မြင့်ထက်ကိုလှမ်းလာတဲ့အခိုက်အတန့်မှာ အစီအစဉ်တွေအများကြီးလုပ်ဆောင်လို့ရပါတယ်။ မင်္ဂလာစင်မြင့်ကိုလှမ်းလာတဲ့အခါမှာ သတို့သမီးလေးတို့ ဘယ်လိုအနေအထားမျိုးနဲ့လာမလဲပေါ့။ တချို့တွေကတော့ မင်္ဂလာကားကိုပရိသတ်တွေရှေ့ဆီမောင်းလာပြီး အဲဒီကားပေါ်မှာမှ သတို့သမီးလေးကလိုက်ပါလာတာမျိုးပေါ့။ တကယ့်ကိုရိုချင်စရာလေးနော်။ နောက်တစ်ခုကတော့ သတို့သမီးက သတို့သားအရံတွေဝန်းရံပြီးလာတာမျိုးပါ။ ဒါကတော့ သတို့သားကို Surprise ဖြစ်စေမယ့်ကိစ္စလေးပါ။ မင်္ဂလာစင်မြင့်ကို လာတဲ့အခါ မြင်းလိမ္မာလေးစီးလာတာမျိုးကလည်း သူများနဲ့မတူတဲ့အစီအစဉ်လေးပဲ ဖြစ်မှာပါ။

 

မင်္ဂလာပွဲကို သူများနဲ့မတူဘဲ ကြည်နူးစရာကောင်းပြီး ဆန်းပြားအောင်စီစဉ်မယ်ဆိုရင်တော့ အစီအစဉ်တင်ဆက်မယ့်သူနဲ့လည်း ကြိုတင်ညှိနှိုင်းပြီး လုပ်ဆောင်သင့်ပါတယ်နော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Monday, 04 March 2019 13:59
Rate this item
(1 Vote)