အသက် ၂၅ နှစ်မတိုင်မီ လက်ထပ်သင့်တဲ့အကြောင်းအရင်း

အသက် ၂၅ နှစ်မတိုင်မီ လက်ထပ်သင့်တဲ့အကြောင်းအရင်း

အသက်ငယ်စဉ်အချိန်မှာ အချစ်ရေးထက် ပညာရေးကို ဦးစားပေးပါလို့ မိဘတွေက သင်ကြားဆုံးမကြပါတယ်။

 

ငယ်တုန်း အိမ်ထောင်ပြုတာကောင်းသလား။ ပြည့်စုံမှ အိမ်ထောင်ပြုတာကောင်းသလားကိုတာကတော့ လူအမျိုးမျိုးမှာ ထင်မြင်ချက်လည်း အမျိုးမျိုးရှိမှာပါ။

 

ဘယ်လို အကျိုးကျေးဇူးလေးတွေရှိပြီး ကောင်းတယ် မကောင်းဘူးကိုတော့ မိမိကိုယ်တိုင်သာ ဆုံးဖြတ်ဖို့ လိုပါလိမ့်မယ်။

 

ယခုခေတ် လူငယ်တွေက တော်ရုံနဲ့ လက်မထပ်ကြတော့ပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ ပြောစရာတောင်မလိုဘူးလို့ထင်ပါတယ်။

 

ကုန်ဈေးနှုန်းကကြီး စားစရိတ်နေစာရိတ်ကို ဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲဆိုတာကို နေ့စဉ်ရက်ဆက် စဉ်းစားနေရလို့ပါ။ ဒါပေမဲ့ အသက်ငယ်ငယ်မှာ လက်ထက်ရင် အကျိုးရှိမယ့်အကြောင်းလေးတွေကို Myanmar Wedding Guide မှ ဖော်ပြပေးလိုက်ပါတယ်။

 

နှစ်ယောက်အတူတူနေတော့ အိမ်လခ သက်သာခြင်း

 

လက်ထပ်ပြီး နှစ်ယောက်အတူတူ အလုပ်လုပ်၍ ပိုက်ဆံစုမယ်ဆိုရင်တော့ အိမ်လခလည်း သက်သာမှာ ဖြစ်သလို အိမ်အလုပ်လေးတွေကိုလည်း တာဝန်ခွဲယူပြီး နေသွားနိုင်ပါတယ်။

 

အကျင့်လေးတွေကို ပြင်ဆင်ခြင်း

 

ငယ်ငယ်နဲ့ လက်ထပ်လိုက်တော့ လူငယ်အချင်းချင်းဖြစ်တာကြောင့် အတွေးအခေါ်ပိုင်းကို တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင် ပြောင်းလဲယူသွားနိုင်တာကြောင့် ဘဝရဲ့ရည်မှန်းချက်ဆီသို့ တန်းတန်းမတ်မတ်ရောက်မှာ ဖြစ်ပါတယ်။

 

လင်နဲ့မယား ဘဝရဲ့ အတွေ့အကြုံတွေကို မျှဝေခံစားခြင်း

 

သူငယ်ချင်းဘဝကတည်းက အတူတူနေထိုင်စားသောက်လာရာကနေ လက်ထပ်လိုက်ပြီဆိုရင် နှစ်ယောက်စလုံးဟာ ဘဝရေစီးကြောင်းမှာ မှန်မှန်ကူးနိုင်အောင် တစ်ယောက်နှင့်တစ်ယောက် သူငယ်ချင်းတွေလည်းဖြစ် ချစ်သူတွေလည်းဖြစ်တော့ ပိုပြီးခိုင်မြဲသော သံယောဇဉ်တွေနဲ့ အခက်အခဲကို ကျော်လွှားနိုင်မှာပါ။

Read times Last modified on Saturday, 24 November 2018 11:36
Rate this item
(0 votes)
Tagged under