ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့ မိန်းမကလေးရဲ့  အချက်များ - ၁

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့ မိန်းမကလေးရဲ့  အချက်များ - ၁

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို မှီခိုချင်တဲ့စိတ်နဲ့ ရွေးချယ်တယ်ဆိုတာ ခပ်ညံ့ညံ့ အတွေးအခေါ်ပဲဖြစ်ပါတယ်။

 

ကိုယ်ပိုင်အစွမ်းအစ ရှိတဲ့မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကိုဘဝခရီးဖော်အဖြစ် ရွေးချယ်လိုက်ရင်တောင်မှီခို အားကိုးစိတ်လုံးဝမရှိဘူး။

 

သူ့ဘဝအတွက် ဆိုးအတူကောင်းဖက် အဖြစ်ရွေးချယ်တာ ဖြစ်ပါတယ်။ လူတိုင်းဟာ မွေးလာထဲက အဆင်ပြေတဲ့ဘဝဆိုတာကို
ပိုက်ပွေပြီး ဘယ်သူမှမွေးလာတာ မဟုတ်ပါဘူး။

 

မခံချင်တဲ့စိတ်ရယ်မိန်းမတစ်ယောက်ရဲ့သိက္ခာကိုတန်ဖိုး ထိန်းသိမ်းတဲ့မိန်းမတိုင်း ယောက်ျားတစ်ယောက်ရဲ့ လောင်းရိပ်အောက်မနေလိုပါဘူး။

 

သူပေးမှစားရမယ်၊ သူပေးမှဝတ်ရမယ်ဆိုခဲ့တဲ့ အချက်ဟာ အတော်လေး ခံရခက်စေတဲ့ အရာလို့ ထင်ပါတယ်။

 

ကိုယ်ပိုင်အစွမ်းစ ရှိတဲ့မိန်းမတိုင်း လိုချင်တာ ရှာကျွေးမဲ့ ယောက်ျားမဟုတ်ပါဘူး။ အနားကနေ အေးအတူပူအမျှ ကောင်းတူဆိုးဖက်တိုင်ပင်ဖော်တိုင်ပင်ဖက်အဖော်မွန်လိုချင်လို့ပါ။

 

လမ်းပြပေးမဲ့ယောက်ျားထက် ဖေးမပေးတဲ့ယောက်ျားမျိုး၊ လိုသမျှဖြည်းဆည်းပေးတဲ့ယောက်ျားထက်နွေးထွေးကြင်နာ
တတ်တဲ့သူမျိုးကို ဆိုလိုတာပါ။

 

ဦးဆောင်တတ်တဲ့သူထက် မိမိအပေါ် ဂရုတစိုက်ရှိတဲ့ ယောက်ျားတစ်ယောက်ဖြစ်ပါတယ်။

 

စီးပွားရေးရှာနေလို့ ဆိုတဲ့အကြောင်းပြချက်နဲ့  မကြာမဏ လျှစ်လျူရှုခြင်း ခံရတဲ့မိန်းမတစ်ယောက်ရဲ့ နှလုံးသားဟာ တဖြေးဖြေးအေးစက်လာတာ အပြစ်မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။

 

အလုပ်မအားလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့  အချိန်တော်တော်ကြာ ပစ်ထားပြီး ငါ့အပေါ် ဆက်ဆံရေးတွေ ပြောင်းလဲသွားပြီလို့ မစွတ်စွဲပါနဲ့ သူလည်း ခံစားတတ်တဲ့ နှလုံးသားရှိပါတယ်။

Read times Last modified on Tuesday, 13 November 2018 14:17
Rate this item
(1 Vote)
Tagged under