ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ် google

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်ရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးသည်

 

 

ယနေ့၊ မွန်းလွဲ(၁)နာရီတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် 

 

ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် ဝန်ကြီးက Community Based Tourism (၂)ခုတွင် (၁)ခုအား သွားရောက်ကြည့်ရှုရန်၊ ဖူးကြီး (သို့မဟုတ်)

 

ဖောင်ကြီးအား Eco Resort အကောင်အထည်ဖော်ရန် အတွက် သွားရောက်ကြည့်ရှုရန်၊

 

တောင်ဥက္ကလာပမြို့နယ်နှင့် အလုံမြို့နယ်တို့တွင် Weekends Market (သို့မဟုတ်) Night Market များ အကောင်အထည်ဖော်ရန် အတွက်

 

နယ်မြေကွင်းဆင်းရန်၊ ရွှေတိဂုံဘုရားနှင့် ဗိုလ်တထောင်ဘုရားတို့တွင် နိုင်ငံခြားသားများနှင့် ပြည်တွင်း ဘုရားဖူးများ သွားရောက်သည့် ခရီးစဉ်နေရာများ၏

 

လိုအပ်ချက်များအား တင်ပြရန်၊ Downtown မြို့နယ်များတွင် ခရီးသွားများ၏ လမ်းညွှန် ဆိုင်းဘုတ်များအား ထားရှိနိုင်ရေးအတွက် ပုံစံနာမူနာများ

 

ရေးဆွဲတင်ပြရန်နှင့် ကော့မှူးမြို့နယ်၊ ဆယ်အိမ်တန်းကျေးရွာတွင် ခရီးသွားများ သွားရောက် လည်ပတ်နိုင်ရေး အတွက် လိုအပ်သည်များအား

 

သွားရောက်ကြည့်ရှုမည့် အစီအစဉ်များအား တင်ပြရန် ဆွေးနွေးမှာကြားခဲ့သည်။

 

Source- internet 

 

Myanmar Wedding Guide 

Read times
Rate this item
(0 votes)
Tagged under