ကိုယ့်ဇနီးကို တန်ဖိုးထားပါ - ၁

ကိုယ့်ဇနီးကို တန်ဖိုးထားပါ - ၁

ဇနီးသည်ဟာ အမျိုးသမီးဖြစ်လို့ သူ့ကိုလေးစားပါ။

 

ဇနီးသည်ဟာ ပြည့်စုံသူမဟုတ်လို့ သူ့ကိုခွင့်လွှတ်ပါ။

 

ဇနီးသည်ဟာ သင့်အရိုးထဲကအရိုးဖြစ်လို့ သူ့ကိုမရိုက်ချိုးပါနဲ့။

 

ဇနီးသည်ဟာ လက်ဆောင်ဖြစ်တယ်၊ တန်ဖိုးထားပါ။

 

ဇနီးသည်ဟာ ရှားပါးတဲ့ကျောက်မျက်အရိုင်းလေးဖြစ်တယ်၊ သူ့ရဲ့ မနာလို စိတ်လေးတွေကို လမ်းမှန်တည့်ပေးပါ။

 

ဇနီးသည်ဟာ သင့်ရဲ့အကောင်းဆုံးမိတ်ဆွေပါ၊ သူ့ကိုရင်းနှီးစွာဆက်ဆံပါ။


ဇနီးသည်ဟာ ယုယမှုခံထိုက်သူပါ၊ သူ့အတွက် ကျေနပ်ဝမ်းသာပါ။

 

ဇနီးသည်ဟာ သင့်ရဲ့အာဟာရပါ၊ သူ့ကို ယုယပါ။

 

ဇနီးသည်ဟာ နတ်ဆိုးတစ်ကောင်မဟုတ်ပါ၊ စွန့်ပစ်မထားပါနဲ့။

 

ဇနီးသည်ဟာ သင့်လိင်မှုကိစ္စအတွက်လောက်သာမဟုတ်ဘဲ၊ ကိစ္စတိုင်း အတွက် သူ့ကိုခေါ်သွားပါ။

 

ဇနီးသည်ဟာ သင့်ရန်သူမဟုတ်ပါ၊ ခွန်အားပေးပါ။

 

ဇနီးသည်ဟာ မိသားစုရဲ့အသုံးအဆောင်ပစ္စည်းမဟုတ်ပါ၊ သင့် မိသားစုဝင်တွေ အသုံးပြုဖို့ သူတို့လက်ထဲမအပ်ပါနဲ့။

 

ဇနီးသည်ဟာ သင့်ပြိုင်ဖက်မဟုတ်ပါ၊ သူနဲ့မယှဉ်ပါနဲ့။

 

ဇနီးသည်ဟာ အများဆိုင်မဟုတ်ပါ၊ အခြားသူနဲ့မနှိုင်းယှဉ်ပါနဲ့။

 

ဇနီးသည်ဟာ သင့်လက်ဆေးခုံမဟုတ်ပါ၊ သူ့ကို နှိပ်စက်နေတာတွေရပ်ပါ။

 

Credit: Odebiyi Kolawole

 

ဇနီးသည်ဟာ ထိရှလွယ်ပါတယ်၊ ဂရုစိုက် ကိုင်တွယ်ပါ။

 

ဇနီးသည်ဟာ တိုက်ခိုက်ရေးသမားမဟုတ်ပါ၊ သူ့ကို မတိုက်ခိုက်ပါနဲ့။

 

ဇနီးသည်ဟာ လေ့ကျင့်ရေးသဲအိတ်မဟုတ်ပါ၊ သူ့ကို မထိုးကြိတ်ပါနဲ့။

 

ဇနီးသည်ဟာ ကစားစရာမဟုတ်ပါ၊ သူ့ကို မကစားပါနဲ့။

 

ဇနီးသည်ဟာ အရင်နူးနပ်ပါ၊ အတင်းအဓမ္မ မလုပ်ပါနဲ့။

 

 

Read times
Rate this item
(0 votes)
Tagged under