ဂူဂဲလ် ထရန်စလိတ် အသုံးပြုစာပို့ရင်း ချစ်ကြိုက်သွားတဲ့ စုံတွဲ မင်္ဂလာဆောင်

ဂူဂဲလ် ထရန်စလိတ် အသုံးပြုစာပို့ရင်း ချစ်ကြိုက်သွားတဲ့ စုံတွဲ မင်္ဂလာဆောင်

အနောက်နိုင်ငံ အသီးသီးမှာ အဆိုပါစုံတွဲရဲ့ အချစ်ဇာတ်လမ်းကို Love Actually ဇာတ်ကားထဲကလို မဖြစ်နိုင်တဲ့ အရာကနေသေချာသွားခဲ့တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ်လူအများကတင်စားပြောဆိုကြတယ်သိရပါတယ်။

 

မိုင်ပေါင်း ၅ ထောင်အကွာအဝေးမှာ နေထိုင်တဲ့ ဗြိတိန်သားလေး Oliver Hodkingson နဲ့ ဂွာတီမာလာအမျိုးသမီးလေး Melody Gudiel Torres တို့ရဲ့ အချစ်ဇာတ်လမ်းဟာ ပထမ စစချင်းမှာ GOOGLE TRANSLATE အသုံးပြု တစ်ယောက်နဲ့ တစ်ယောက် စကားပြောရာကနေချစ်ခရီးလမ်းစတင်တယ်သိရပါတယ်။

 

သူတို့ နှစ်ဦးဟာ ဆယ်ကျော်သက်အရွယ်ထဲက ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီး Google Translate သုံးရင်း Chatting ထိုင်ရာမှ တစ်ဦးနှင့်တစ်ဦး မေတ္တာမျှကာ ရည်းစားတွေဖြစ်သွားကြတယ်သိရပါတယ်။သူတို့နှစ်ဦး စစတွေ့တုန်းက ဘာသာစကား လေ့ကျင့်ရေး website ဖြစ်တဲ့ Busuu မှာ တွေ့ခဲ့တာပါ။

 

ကောင်လေးဟာ အင်္ဂလိပ်လိုပဲ ပြောတတ်ပြီး ကောင်မလေးရဲ့ ဘာသာစကားဖြစ်တဲ့ စပိန်ဘာသာစကားကို လုံးဝမပြောတတ်သူပါ ထို့အတူကောင်မလေးက အင်္ဂလိပ်လို လုံး၀ မပြောတတ်ပါဘူး။အသက် ၁၉ နှစ်အရွယ် ကလေးမလေး Melody ဟာ ကောလိပ်ကျောင်းသူတစ်ဦးဖြစ်ပြီး မှုလတန်းကျောင်းနေအရွယ် ကလေးတွေကို စာသင်ခဲ့သူပါ ဒါ့ကြောင့် သူမအနေနဲ့ အင်္ဂလိပ်စာတိုးတက်ဖို့ ထို Website ကိုရောက်လာတယ်သိရပါတယ်။

 

သူမတို့ နှစ်ဦးဟာ ယခု အသက်နှစ်ဆယ်ကျော်မှာ သူတို့ ခြေထောက်ပေါ် သူတို့ရပ်တည်နိုင်ကြပါပြီ မိသားစုတွေကလည်း လူမျိုးမတူပေမည့် အချစ်စစ်ဆိုကာ ချီးမွမ်းရင်းလက်ခံလာကြပါပြီ ကြားထဲမှာလဲ သူတို့ တစ်ယောက် ဘာသာစကားတစ်ယောက်လေ့လာပြီးသားမို့ ပြောရေးဆိုရေး အဆင်ပြေ နေပြီဖြစ်ပြီး ကိုဗစ် ပြီးတာနဲ့ မင်္ဂလာဧည့်ခံပွဲ ကျင်းပါ့မယ်သိရပါတယ်။

 

စစပိုင်းမှာ ကောင်လေးက အာရပ်ဗစ် ဘာသာ စကားသင်ရာကနေ ကောင်မလေးကို တွေ့တော့ စပိန်စကားကို စသင်ခဲ့ပါတယ် အဲ့ကစ နီးစပ်မှု့တွေ နှစ်ရှည်လများဖြစ်ကာ ပြီးခဲ့တဲ့ နှစ်က အင်္ဂလန်မှာ အခြေချခဲ့တယ်သိရပါတယ်။တကယ်တော့ အချစ်ဆိုတာ ဘာသာစကား တူညီနေဖို့ မလိုပါဘူး ရင်ခုန်သံသာ တူနေဖို့လိုတယ်ပြောပါတယ်။

 

<<< Zawgyi >>>

 

ဂူဂဲလ္ ထရန္စလိတ္ အသုံးျပဳစာပို႔ရင္း ခ်စ္ႀကိဳက္သြားတဲ့ စုံတြဲ မဂၤလာေဆာင္

-------------------------------------------------------------------------------------------

 

အေနာက္ႏိုင္ငံ အသီးသီးမွာ အဆိုပါစုံတြဲရဲ႕ အခ်စ္ဇာတ္လမ္းကို Love Actually ဇာတ္ကားထဲကလို မျဖစ္ႏိုင္တဲ့ အရာကေနေသခ်ာသြားခဲ့တဲ့ အခ်စ္ဇာတ္လမ္းတစ္ပုဒ္အျဖစ္လူအမ်ားကတင္စားေျပာဆိုၾကတယ္သိရပါတယ္။

 

မိုင္ေပါင္း ၅ ေထာင္အကြာအေဝးမွာ ေနထိုင္တဲ့ ျဗိတိန္သားေလး Oliver Hodkingson နဲ႕ ဂြာတီမာလာအမ်ိဳးသမီးေလး Melody Gudiel Torres တို႕ရဲ႕ အခ်စ္ဇာတ္လမ္းဟာ ပထမ စစခ်င္းမွာ GOOGLE TRANSLATE အသံုးျပဳ တစ္ေယာက္နဲ႕ တစ္ေယာက္ စကားေျပာရာကေနခ်စ္ခရီးလမ္းစတင္တယ္သိရပါတယ္။

 

သူတို႕ နွစ္ဦးဟာ ဆယ္ေက်ာ္သက္အရြယ္ထဲက ခ်စ္ၾကိဳက္ခဲ့ၾကတာျဖစ္ျပီး Google Translate သံုးရင္း Chatting ထိုင္ရာမွ တစ္ဦးနွင့္တစ္ဦး ေမတၱာမ်ွကာ ရည္းစားေတြျဖစ္သြားၾကတယ္သိရပါတယ္။သူတို႕နွစ္ဦး စစေတြ႕တုန္းက ဘာသာစကား ေလ့က်င့္ေရး website ျဖစ္တဲ့ Busuu မွာ ေတြ႕ခဲ့တာပါ။

 

ေကာင္ေလးဟာ အဂၤလိပ္လိုပဲ ေျပာတတ္ျပီး ေကာင္မေလးရဲ႕ ဘာသာစကားျဖစ္တဲ့ စပိန္ဘာသာစကားကို လုံး၀မေျပာတတ္သူပါ ထို႕အတူေကာင္မေလးက အဂၤလိပ္လို လုံး၀ မေျပာတတ္ပါဘူး။အသက္ ၁၉ နွစ္အရြယ္ ကေလးမေလး Melody ဟာ ေကာလိပ္ေက်ာင္းသူတစ္ဦးျဖစ္ျပီး မႈလတန္းေက်ာင္းေနအရြယ္ ကေလးေတြကို စာသင္ခဲ့သူပါ ဒါ့ေၾကာင့္ သူမအေနနဲ႕ အဂၤလိပ္စာတိုးတက္ဖို႕ ထို Website ကိုေရာက္လာတယ္သိရပါတယ္။

 

သူမတို႕ နွစ္ဦးဟာ ယခု အသက္နွစ္ဆယ္ေက်ာ္မွာ သူတို႕ ေျခေထာက္ေပၚ  သူတို႕ရပ္တည္နိုင္ၾကပါျပီ  မိသားစုေတြကလည္း လူမ်ိဳးမတူေပမည့္ အခ်စ္စစ္ဆိုကာ ခ်ီးမြမ္းရင္းလက္ခံလာၾကပါျပီ ၾကားထဲမွာလဲ သူတို႕ တစ္ေယာက္ ဘာသာစကားတစ္ေယာက္ေလ့လာျပီးသားမို႕ ေျပာေရးဆိုေရး အဆင္ေျပ ေနျပီျဖစ္ျပီး ကိုဗစ္ ျပီးတာနဲ႕ မဂၤလာဧည့္ခံပြဲ က်င္းပါ့မယ္သိရပါတယ္။

 

စစပိုင္းမွာ ေကာင္ေလးက အာရပ္ဗစ္ ဘာသာ စကားသင္ရာကေန ေကာင္မေလးကို ေတြ႕ေတာ့ စပိန္စကားကို စသင္ခဲ့ပါတယ္ အဲ့ကစ နီးစပ္မႈ႕ေတြ နွစ္ရွည္လမ်ားျဖစ္ကာ ျပီးခဲ့တဲ့ နွစ္က အဂၤလန္မွာ အေျခခ်ခဲ့တယ္သိရပါတယ္။တကယ္ေတာ့ အခ်စ္ဆိုတာ ဘာသာစကား တူညီေနဖို႕ မလိုပါဘူး ရင္ခုန္သံသာ တူေနဖို႕လိုတယ္ေျပာပါတယ္။

 

Ref : Daily Mail

Read times
Rate this item
(0 votes)