မင်္ဂလာပွဲလေးကိုစီစဉ်ရင်းဖြစ်တတ်တဲ့စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ

မင်္ဂလာပွဲလေးကိုစီစဉ်ရင်းဖြစ်တတ်တဲ့စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ google.com

မင်္ဂလာပွဲစီစဉ်တာလွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူးနော်။ အချိန်ကာလတစ်ခုယူပြီး စီစဉ်ရတာမို့ အဲဒီကာလတွေမှာ အဆင်ပြေတာတွေရော၊

မပြေတာတွေရောရှိနေမှာသေချာပါတယ်။ မင်္ဂလာပွဲစီစဉ်နေရင်းနဲ့ ကြုံလာနိုင်တဲ့ ခံစားချက်တွေနဲ့စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပြောပြပေးမယ်နော်။

 

သဘောထားချင်းမတိုက်ဆိုင်တာများနေပြီ

ကိုယ်ကြိုက်တဲ့အရောင်ကို မကြိုက်ဘူး၊ မိသားစုဝင်တွေရဲ့အကြိုက်နဲ့ ကိုယ့်အကြိုက်နဲ့မတူလို့ စိတ်ညစ်နေရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ သတို့သမီးလေးအကြိုက် မင်္ဂလာပွဲလေးကျင်းပတာမို့ မိသားစုဝင်တွေကိုလည်း ရှင်းပြပါနော်။ အဓိကက ကိုယ်ချစ်ရတဲ့သူနဲ့ပေါင်းဖက်ဖို့ပဲမဟုတ်လား။ ဒီတော့ သဘောထားချင်းမတိုက်ဆိုင်လို့ မင်္ဂလာပွဲစီစဉ်တာကိုစိတ်မပါတော့ဘူး၊ အချစ်တွေလည်းလျှော့လာပြီလည်းမတွေးလိုက်ပါနဲ့နော်။

 

မနိုင်ဝန်တွေထမ်းနေရတယ်

မင်္ဂလာပွဲစီစဉ်နေရင်းငွေကြေးအတွက်ပူပန်ရတာ၊ အစစအရာရာ ကိုယ်ပဲဦးဆောင်ပြီး အလုပ်တစ်ဖက်နဲ့စီစဉ်ရတာတွေ ကြုံလာပြီိဆိုရင်တော့ မနိုင်ဝန်တွေထမ်းနေမိပြီလို့ တွေးကောင်းတွေးလာနိုင်ပါတယ်။ မင်္ဂလာပွဲအတွက် စီစဉ်နေရင်း အဆင်မပြေတာတွေ ကြုံလာရတဲ့အခါ ဘာမှဆက်ပြီးမစီစဉ်တော့ဘူး။ ပွဲအကြီးကြီးလည်းမလုပ်တော့ဘူးလို့တွေးမိလာနိုင်ပါတယ်။ ဒါကတော့စုံတွဲလေးတိုင်း ကြုံရမှာမို့ ရင်ဆိုင်ဖြတ်သန်းမယ်လို့ တွေးထားလိုက်ပါ။ မင်္ဂလာပွဲနေ့ကျပျော်ရွှင်သွားရမှာပါနော်။

 

အရမ်းစိတ်ရှုပ်နေပြီ

မင်္ဂလာဆောင်ပွဲကျင်းပတယ်ဆိုတာ နှစ်ဖက်မိဘ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းရတဲ့ပွဲလေးပါပဲနော်။ နှစ်ဖက်မိဘကိုလည်းညှိရ၊ ဘတ်ဂျက်လည်းချိန်ရ၊ ကိုယ်ကလည်း အလုပ်တစ်ဖက်နဲ့စီစဉ်ရတာဆိုရင်တော့ အရမ်းစိတ်ရှုပ်တာတွေ ခံစားရနိုင်ပါတယ်။ တချို့ဆိုရင် ပွဲစီစဉ်မိတာမှားပြီလို့တောင် ခံစားမိတတ်ကြပါတယ်။ နောက်ပြီး မိန်းကလေးတွေမှာက ရာသီလာခါနီးရင်လည်း အလိုလိုစိတ်ရှုပ်နေတတ်ကြပြန်တယ်လေ။ အဲဒီအချိန်နဲ့ တိုက်ရင် ပိုတောင်စိတ်ရှုပ်ရမှာပါ။ ဒါကြောင့် မင်္ဂလာပွဲ စီစဉ်တဲ့အခါ ရာသီလာခါနီးပြီဆိုရင် အဲဒီရက်တွေမှာ စီစဉ်တာတွေကို ခဏ ရပ်ထားလိုက်ပါ။ ဒါဆို အဆင်ပြေလောက်ပါတယ်။

 

သတို့သားလေးက မတက်ကြွဘူး

မင်္ဂလာပွဲ စီစဉ်ဖို့ ကိုယ်ကပဲ ဦးဆောင်နေရတယ်၊ သတို့သားလေးက တက်တက်ကြွကြွ မရှိဘူး “မဆောင်ချင်တော့ဘူး” ဒီလိုမျိုးတွေ ခံစားရနိုင်ပါတယ်။ တကယ်တော့ သတို့သားလေးတွေဆိုတာက မိန်းကလေးတွေလောက် စိတ်ရှည်တတ်တဲ့သူတွေ မဟုတ်ဘူးလေနော်။ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး စီစဉ်တာတွေက စိတ်တော့ ရှည်ရတယ်မလား။ ဒါကြောင့် သတို့သားလေးကို စိတ်ဆိုးနေမယ့်အစား သူ တက်ကြွလာအောင် ဘယ်လိုလုပ်မလဲဆိုတာကိုပဲ တွေးနော်။

 

မင်္ဂလာဆောင်ပွဲ စီစဉ်နေတဲ့ စုံတွဲလေးတွေကို အဓိက ပြောပြချင်တာကတော့ ဒီလိုတွေ ခံစားရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူးဆိုတာပါ။ ဒါကြောင့် ရဲရဲရင့်ရင့်ပဲ ဖြတ်သန်းပါ။ ပွဲအကြိုမှာ စိတ်ညစ်ခဲ့ရသမျှ မင်္ဂလာပွဲနေ့လည်း ရောက်ရင် ပျော်ရွှင်ရမှာသေချာပါတယ်။

 

Credit : Marry

Myanmar Wedding Guide

 

Read times Last modified on Monday, 08 April 2019 10:43
Rate this item
(1 Vote)