မင်္ဂလာပွဲမတိုင်ခင် ကြောက်လန့် နေတတ်တဲ့ မိမိကိုယ်ကို ဘယ်လို အားတင်းမလဲ

မင်္ဂလာပွဲမတိုင်ခင် ကြောက်လန့် နေတတ်တဲ့ မိမိကိုယ်ကို ဘယ်လို အားတင်းမလဲ

ဘယ်အချိန်ပဲ ဖြစ်ဖြစ် မိမိ ကိုယ်ကို လူအများရှေ့မှာ ယုံကြည်ချက်ရှိနေဖို့က အင်မတန်မှ အရေးကြီးပါတယ်။ဘဝမှာအောင်မြင်ချင်တယ်၊ချစ်သူခင်သူများစေချင်တယ်၊စိတ်ပိုင်းဆိုင်ရာ strong ဖြစ်ချင်တယ်ဆိုရင် အဓိက ကမိမိကိုယ်ကိုယုံကြည်မှုရှိမှရပါမယ်။

 

ယုံကြည်မှု့ ဆိုတာကျားမ မရွေး လူတန်းစားမရွေး အသက်အရွယ်မရွေးလိုအပ်ပါတယ်။Anyway!!! တကယ့်အရေး ကြီးတဲ့ ကိစ္စ ရပ်တွေမလုပ်ခင်မှာ လူတွေဟာ အမြဲ ခြေမကိုင်မှီလက်မကိုင်မှီ ဖြစ်နေတတ်ကြပါတယ်။ဘဝစပြီ မိမိ အိမ်ထောင်ဖက်နဲ့ အတူ လူကြီးတယောက်ဖြစ်ဖို့အံဝင်ဂွင်ကျအောင်နေထိုင်ဖို့ကြိုးစားရာမှာယုံကြည်မှုမရှိတာတွေပါ။အများအားဖြင့်confidenceနည်းစေပြီးကြောက်လန့်စေတဲ့အကြောင်းလေးတွေနဲ့ ပြုပြင်နိုင်မဲ့အချက်လေးတွေပြောပြမယ်နော်

 

(1)Bodyshamingကြောင့်ယုံကြည်မှုနည်းတာ

ဒါကိုအများဆုံးတွေ့ရပါတယ်။ကိုယ်ကဝသည်ဖြစ်စေပိန်သည်ဖြစ်စေမဲသည်ဖြစ်စေ ဖြူသည်ဖြစ်စေ ပုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ။ဒီခန္ဓာကိုယ်ကိုပိုင်ဆိုင်သူက ကိုယ်တယောက်တည်းပါ ထပ်တူကျအမွှာတောင်ခန္ဓာကိုယ်အတိအကျတူဖို့မလွယ်ဘူးလေ ဘယ်လောက်မိုက်လဲ ဂုဏ်ယူလိုက်ပါ။မဟုတ်မမှန် ကျန်းမာရေးမသင့်တော်တဲ့နည်းတွေသုံးပြီး မပြောင်းလဲပါနဲ့။တကယ်တန်းမှာ မိမိ ကိုယ်ကိုယ် လှနေတယ်ဆိုယုံကြည်နေဖို့လိုပါတယ်။

 

(2)ရောဂါဝေဒနာ or အားနည်းချက်တခုခုရှိလို့ရှက်နေတာ

ကိုယ်မှာအားနည်းချက် တခုရှိသည်ဆိုပါစို့၊အပေါင်းအသင်းဖွဲ့ရမှာစကားပြောရမှာရှက်နေပါသလား၊စမ်းသပ်ပြီးပြောကြည့်လိုက်ပါ၊လူတွေက ဘယ်လောက်ကြင်နာတတ် လဲသိပါလိမ့်မယ်စကားပြောပါ ထို့အတူ ပွဲခမ်းမရောက်လာသူတွေက သင့်ကိုလိုလားလို့ရောက်လာသူတွေမို့ သင့်အားနည်းချက်ကို အားနည်းချက်လို့မမြင်သူတွေပါ။

 

(3)လူအများကြီးထဲဖြစ်နေတာကိုကြောက်တာ

မကြောက်ပါနဲ့ လူအများကြီးရှိတာလူပြတ်နေတဲ့နေရာထက်စိတ်ချရပါတယ် ကိုယ်အမှားတခုခုလုပ်မိလည်း ဒီလူတွေမှတ်မိမှာမဟုတ်ပါဘူး ထို့အတူ သင်က တစ်လွဲလုပ်မိရင်တောင် အမှတ်တရတစ်ခု အဖြစ်ရှိနေမှာပါ သားသမီးတွေကို ပြန်ပြောပြရင်းရယ်နိုင်ပါသေးတယ်။

 

တကယ်တန်းမှာကြောက်လန့်နေလို့ မရပါဘူး အရာရာကို မီးစင်ကြည့်က သွားနိုင်ပါလိမ့်မယ် အရာရာကိုငါလုပ်နိုင်တယ် ၊ ငါဖြစ်နိုင်တယ်ဆိုတာကို အမြဲတွေးတောပါ။မင်္ဂဆောင်ဆိုတာ တစ်သက်မှာတစ်ကြိမ်ပေမည့် ကြောက်နေလို့ကောင်းတဲ့ အရာမဟုတ်ပါဘူး ပျော်ပျော်လေးသာ ဖြတ်ကျော်လိုက်ပါ။

 

<<< Zawgyi >>>

 


------------------------------------------

 


 


 



 



 



 


 

Ref ; People 

Read times
Rate this item
(0 votes)
Tagged under