မင်္ဂလာပွဲကို လူကြီးလူကောင်းဆန်ဆန်တတ်ရောက်နိုင်ဖို့

မင်္ဂလာပွဲကို လူကြီးလူကောင်းဆန်ဆန်တတ်ရောက်နိုင်ဖို့ google.com

ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့တစ်သက်မှာတစ်ခါလုပ်ရတဲ့မင်္ဂလာပွဲကို ကိုယ်ကတက်ရောက်ချီးမြှင့်ဖို့အကြောင်းဖန်လာပြီဆိုပါစို့။

ဒီလိုဆို သင့်ရဲ့မိတ်ဆွေသူငယ်ချင်းကို လေးစားသောအားဖြင့် သူတို့ရဲ့မင်္ဂလာပွဲမှာဘာတွေလုပ်ပြီး ဘာတွေမလုပ်သင့်လဲဆိုတာကိုသိထားသင့်ပါတယ်။

 

အဝတ်အစားကို သင့်တင်လျောက်ပတ်အောင်ဝတ်စားတတ်ရမယ်
သတို့သားသတို့သမီးထက်တော့တောက်ပပြောင်လက်နေစရာမလိုပါဘူး။ ဒါသူတို့ကိုဦးစားပေးရမယ့်နေ့လေးပါ။ နိုင်ငံခြားမှာဆို သတို့သမီးကိုဦးစားပေးတဲ့အနေနဲ့တက်ရောက်လာမယ့်ဧည်သည့်တွေဟာ အဖြူရောင်တောင်ဝတ်ခွင့်မရှိပါဘူး။

 

အချိန်ကိုလေးစားတဲ့အနေနဲ့စောစောသွားပါ
ကားပိတ်တာတော့လူတိုင်းသိပါတယ်။ ဒါပေမယ့် သူတို့မင်္ဂလာပွဲထွက်နေမှ အူယားဖားယားပြေးဝင်လာမယ်ဆို သတို့သားသတို့သမီးကို အားမနာတတ်ရာရောက်တာပေါ့နော်။

 

ဖုန်းသံပိတ်ထားပေးပါ၊ ဖုန်းမသုံးပါနဲ့
သင့်ကိုဂုဏ်သရေရှိလူကြီးလူကောင်းအနေနဲ့ဖိတ်ပြီးကျွေးမွေးဧည့်ခံထားတယ်။ အဲ့ဒါကိုမင်္ဂလာသတို့သား၊သတို့သမီးကိုဂရုမစိုက်ဘဲ ဖုန်းပဲသုံးနေတာမကောင်းပါဘူးနော်။ ဒီကြားထဲ သူများမင်္ဂလာယူနေတဲ့အချိန်မှာ ကိုယ့်ဖုန်းကအသံကြီးထွက်လာတယ်ဆိုရင်လည်း သတို့သား၊သတို့သမီးအပေါ်အရမ်းရိုင်းပြရာကျပါတယ်။

 

နားလည်မှုလေးပေးပါ
မင်္ဂလာမောင်နှံဟာ သင်တို့ကိုဒီလိုဧည့်ခံကျွေးမွေးဖို့၊မင်္ဂလာပွဲထွက်နိုင်ဖို့ကို လပေါင်းရက်ပေါင်းများစွာသူတို့ခမျာ ပြင်ဆင်ရရှာတာပါ။ ခန်းမထဲမှာစားပွဲထိုးအချိုးမပြေတာရှိမယ်။ မုန့်စားမကောင်းတာရှိမယ်။ တစ်ခုခု လစ်ဟင်းချို့ယွင်းတာရှိမယ်။ ဒါပေမယ့်တတ်နိုင်သလောက်ကိုယ့်ဘက်ကလူကြီးတစ်ယောက်ပီပီနားလည်မှုပေးပါ။ ဒီမင်္ဂလာပွဲကအသုံးမကျဘူးလို့လဲ အတင်းလိုက်မပြောပါနဲ့။ မင်္ဂလာမောင်နှံတိုင်းကတော့သူတို့ဧည့်သည်တွေကို အဆင်ပြေစေချင်တာချည်းပါပဲ။

 

ငွေသားလက်ဖွဲ့ရင်ပိုကောင်းပါတယ်
မင်္ဂလာဆောင်ပြီးတဲ့ဇနီးမောင်နှံတွေရော၊ မဆောင်ရသေးတဲ့ မင်္ဂလာမောင်နှံတွေတိုင်းလိုလိုလက်ဖွဲ့ဘာလိုချင်လဲဆိုရင် ငွေသားလက်ဖွဲ့ကိုပဲ လိုချင်ကြတာချည်းပါပဲ။ တစ်အိုးတစ်အိမ်ထူထောင်တော့မယ့် လူသားနှစ်ယောက်အတွက် ငွေကြေးလိုအပ်ချက်တွေက အရမ်းများမှာပါ။ သင်ပေးချင်တဲ့လက်ဆောင်ကသူတို့လိုအပ်ချက်နဲ့ကိုက်ညီဖို့ကခက်တဲ့အပြင် ပြန်ရောင်းစားရအောင်လည်း ဈေးနှိမ်ခံရဦးမှာဖြစ်လို့ နည်းသည်၊များသည်မဆို မင်္ဂလာမောင်နှံများကို ဖြစ်နိုင်မယ်ဆိုရင် ငွေကြေးပဲလက်ဖွဲ့ဖို့အကြံပေးချင်ပါတယ်။

 

မင်္ဂလာဆောင်လုပ်ရခြင်းရဲ့ရည်ရွယ်ချက်က မင်္ဂလာမောင်နှံတို့ကိုအကြင်လင်မယားဖြစ်ကြောင်းအသိအမှတ်ပြုတက်ရောက်ချီးမြင့်ဖို့ပါ။ ဒါကြောင့်မို့လို့ သူတို့ကိုလေးစားသမှုနဲ့ အဝတ်အစားကအစ လက်ဖွဲ့အဆုံး သူတို့ပွဲအတွက်စဉ်းစားပေးပြီး လူကြီးလူကောင်းဆန်ဆန်တက်ရောက်ချီးမြင့်ပေးပါ။ သူတို့မင်္ဂလာနေ့မှာ သူတို့ပျော်ရွှင်ပါစေနော်။

 

Ref : Glamour “Weddings Do and Don’t”

 

Myanmar Wedding Guide

Read times Last modified on Tuesday, 12 March 2019 10:21
Rate this item
(1 Vote)