ဝက်ဘ်ဆိုက်မှတစ်ဆင့် Feature အသစ်ဖြင့် မင်္ဂလာလက်ဖွဲ့များစတင်ဝယ်ယူနိုင်

ဝက်ဘ်ဆိုက်မှတစ်ဆင့် Feature အသစ်ဖြင့် မင်္ဂလာလက်ဖွဲ့များစတင်ဝယ်ယူနိုင် facebook

မင်္ဂလာဆောင်လက်ဖွဲ့အတွက် သတို့သား၊သတို့သမီးများအနေဖြင့် Register မလုပ်ထားဘဲ

မိမိနှစ်သက်ရာလက်ဖွဲ့များကို Feature အသစ်ဖြင့်စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း MingalarLetPhwet.com CEO Mr.Charles Patrick Rowan ထံမှသိရပါသည်။

 

" အရင်တုန်းက သတို့သား၊သတို့သမီးတွေက ဝက်ဘ်ဆိုက်မှာ စာရင်းသွင်းပြီး ပစ္စည်းလေးတွေရွေးထားမှ ဧည့်သည်ကလက်ဖွဲ့ပေးလို့ရတယ်။အခု ဒီ Feature အသစ်မှာ သတို့သား၊သတို့သမီးက Register မလုပ်ထားလည်း ကိုယ်ပေးချင်တဲ့လက်ဖွဲ့ကိုလွယ်လွယ်ကူကူဝယ်ပေးလို့ရတယ်။အကြောင်းအမျိုးမျိုးကြောင့် မင်္ဂလာပွဲမတတ်ဖြစ်လို့လက်ဖွဲ့မပေးရတဲ့သူတွေ၊ရပ်ဝေးမှာနေထိုင်သူတွေအတွက် ဒီ Feature ကအသုံးဝင်မှာပါ " ဟု Mr.Charles Patrick Rowan ကပြောသည်။

 

ယခုမိတ်ဆက်လိုက်သည့် Feature အသစ်သည် လက်ဖွဲ့ပေးမည့်သူက မင်္ဂလာဆောင်မည့် သတို့သားနှင့်သတို့သမီးအမည်၊ဆက်သွယ်ရန်ဖုန်းနံပါတ်၊အီးမေးလ်လိပ်စာ၊အိမ်လိပ်စာ စသည့်အချက်အလက်များကို ဖြည့်စွက်ပေးရန်လိုအပ်မည်ဖြစ်သည်။

 

သတို့သားနှင့်သတို့သမီးအနေဖြင့် မင်္ဂလာပွဲနေ့တွင် လက်ခံရရှိမည့်လက်ဖွဲ့များကို ကြိုတင်ရွေးချယ်နိုင်သည့်အပြင် ဝက်ဘ်ဆိုက်တွင် လက်ဖွဲ့ပစ္စည်းတစ်မျိုးတည်းကို နှစ်ခါမရရှိစေရန်လည်း ဆောင်ရွက်ထားမည်ဖြစ်ပါသည်။

 

ယခုအခါ MingalarLetPhwet.com ၏ အွန်လိုင်းဝန်ဆောင်မှုဝက်ဘ်ဆိုက်မှတစ်ဆင့် ပျမ်းမျှအားဖြင့် လစဉ် Register ပြုလုပ်သူ မင်္ဂလာမောင်နှံပေါင်း ၅၀ ကျော်ခန့်ရှိကြောင်းသိရပါသည်။

 

ဝက်ဘ်ဆိုက်မှတဆင့် အိမ်သုံးပစ္စည်းများ၊လျှပ်စစ်ပစ္စည်းများ၊ပရိဘောဂပစ္စည်းများ၊လက်ဝတ်ရတနာပစ္စည်းများ၊ဟန်းနီးမွန်းခရီးစဉ်များနှင့် ငွေသားလက်ဖွဲ့ Gift Voucher အပါအဝင် အရည်အသွေးမြင့် လက်ဖွဲ့ပစ္စည်းအမျိုးအစားပေါင်း ၅၀၀၀ ကျော်ကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ကြောင်းလည်း သိရပါသည်။

 

အသေးစိတ်သိရှိလိုပါက အောက်ပါ လင့်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MingalarLetPhwet.com

 

Source : မြဝတီ

Myanamr Wedding Guide

Read times Last modified on Thursday, 14 February 2019 11:38
Rate this item
(1 Vote)
Tagged under