ချစ်သူတိုင်း အယူသီး တယူသန်မှုတွေ ရှိကြသလား

ချစ်သူတိုင်း အယူသီး တယူသန်မှုတွေ ရှိကြသလား

လူအမျိုးမျိုးစိတ်အထွေထွေ ဆိုသလို တစ်ယောက်နဲ့တစ်ယောက်ကတော့ ယုံကြည်ခြင်း မတူနိုင်ကြပါဘူး။

အတွဲတွေ ဘုရားမှာ အလှူလုပ်လို့ နှစ်ယောက်နာမည်ကို ဖြတ်ပိုင်းမှာရေးဖူးရင်ပြတ်တတ်တယ်၊ ဗိုလ်တစ်ထောင်ဘုရားသွားရင် မညားတော့ဘူး၊ နာရီဝယ်ပေးရင် ကွဲတတ်တယ်၊ ဖိနပ်လက်ဆောင်ပေးတာနဲ့ကိုယ့်ချစ်သူကကိုယ့်နားကထွက်သွားတတ်တယ်၊ ရေလည်ကျောက်တန်းဘုရားသွားတဲ့ စုံတွဲတွေ မပေါင်းလိုက်ရဘူးတို့ဆိုတဲ့ ရှေးအစွဲ အယူဝါဒတွေ အစုံပါပဲ။

 

ဒါတွေက ချစ်သူနှစ်ဦးအတွက်ကြာက်စရာကောင်းတဲ့ အယူဝါဒတွေပါ။ ကိုယ်ချစ်တဲ့သူနဲ့မကွဲချင်ကြတာကြောင့် အလှူတူတူလှူပြီးရင် နှစ်ယောက်နာမည်ရေးဖို့တွန့်ဆုတ်လာကြပါတယ်။

 

ကိုယ့်ချစ်သူကို နာရီလက်ဆောင်ပေးဖို့ မ၀ံ့မရဲဖြစ်လာကြပါတယ်။ ကွဲတတ်တယ်လို့ပြောတဲ့ဘုရားတွေကိုနှစ်ယောက်အတူတူ ကုသိုလ်ယူပြီးတက်ဖို့ ကြောက်ရွံ့ နေကြပါတယ်။

 

တကယ်တော့ မယုံလို့လည်းမရသလို ယုံ လည်းဘာမှမထူးဘူးလို့ကိုယ်ထင်တာပါပဲ။ မယုံဘူးကွာဆိုတဲ့အတွဲတွေလည်းမမှားသလို ယုံကြည်တဲ့အတွဲတွေလည်းမမှားပါဘူး။ လူတိုင်းက ကိုယ့်ခံယူချက်နဲ့ကိုယ်ပါ။ တစ်ခုသေချာတာကတော့ ပေါင်းစည်းဖို့ဖူးစာကံမပါရင် ဒါတွေကို အသေးစိတ်လိုက်လိုက်နာလည်း ကွဲတာပါပဲ။

 

ဒါတွေမလုပ်လို့ ကွဲမယ့်ကံကနေ ပေါင်းတဲ့ကံဆီပြောင်းသွားတာမျိုးရယ်မှမရှိတာ။ ဒီလိုပဲ ဒါတွေကို မသိပဲ သဘောရိုးနဲ့လုပ်မိလိုက်တဲ့စုံတွဲတွေကလည်း ငါတော့လုပ်လိုက်မိပြီ ငါတို့အတွဲကွဲတော့မယ်ထင်တယ် လို့ စိုးရိမ်တတ်ကြပါတယ်။

 

မပေါင်းရတော့ဘူးထင်တယ်ဆိုတဲ့  စိုးရိမ်မှုမျိုးမဝင်ပါနဲ့ သင်တို့မှာပေါင်းဖို့ကံပါလာရင်ပေါင်းရမယ်။ ဆုံရဖို့ရေစက်ကျန်နေသ၍ ဆုံရပေါင်းရမှာပါပဲ။ ဘာကြောင့်ပဲပြတ်သွားပြတ်သွား ကံလို့သာယူဆ သင့်ပါတယ်။

 

တစ်ယောက်နဲ့တစ်ယောက်မေတ္တာစစ်နဲ့ချစ်မြတ်နိုးနေသ၍ ရေစက်ကျန်နေသ၍ကတော့ ဖိနပ်ပဲပေးပေး၊ နာရီပဲပေးပေး ပြတ်ပါဆိုရင်တောင်မပြတ်ပါဘူး။

 

ဒီလိုပဲ ကုသိုလ်ရအောင်အလှူတူတူလုပ်ခဲ့ပြီး ဖြတ်ပိုင်းမှာ နှစ်ယောက်နာမည်ထည့်ခဲ့တာဟာလည်းနှစ်ဦးသားရဲ့သဒ္ဒါတရားနဲ့ စေတနာမလို့ ဒါမျိုးကြောင့်ပြတ်တယ်လို့မယူဆပါနဲ့။

 

တစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့ သစ္စာရှိနေဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက်ဖူးစာမှန်ဖို့ပဲလိုပါတယ်။

Read times Last modified on Wednesday, 05 December 2018 14:07
Rate this item
(1 Vote)
Tagged under