Wednesday, 06 March 2019 17:14

ရည်းစားထားဖို့ဘယ်အရွယ်ကအသင့်တော်ဆုံးလဲ???

အသက်(၂၀) အရွယ်က အမှတ်တရအဖြစ်ဆုံး နုနယ်ပျိုမြစ် သွက်လက်ပြီး ဘာကိုမှဂရုမစိုက်ဘဲ ရှုပ်ထွေးလွန်းတဲ့ လောကကြီးထဲကို ခြေလှမ်းစတဲ့အချိန်ပဲဖြစ်ပါတယ်။

ကမ္ဘာကြီးကရှု့ပ်ထွေးနေသလို ကိုယ်တွေရဲ့အချစ်ရေးမှာလည်း အတက်၊အကျတွေနဲ့ ဖြစ်ရပြန်ပါတယ်။

အသက်(၂၀) အရွယ်ကစလို့ အသက် (၃၀) အထိအကူးအပြောင်းမှာ အခြေအနေတွေကို ဘယ်လိုမြင်အောင်ကြည့်မလဲ၊ အချစ်ရေးကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ကွဲပြားခြားနားသွားအောင်လုပ်လို့ရပါတယ်။

အသက်(၂၀) ထက် အသက်(၃၀) အရွယ်က ချစ်သူထားဖို့ ပိုသင့်တော်တာပေါ့နော်။ဘာကြောင့်လဲပေါ့……

(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာမယ်

အသက်(၃၀) အရွယ်ရောက်တဲ့အချိန်မှာ လူတွေကသူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကိုပိုပြီး ပုံဖော်လာနိုင်ပြီး ငွေရေးကြေးရေးမှာလည်း အဆင်ပြေလာပါပြီ။ ထို့ပြင်ကိုယ်ကိုယ်တိုင်လုပ်နေတဲ့ အရာတွေကိုလည်း လက်ခံယုံကြည်လာပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာပါတယ်။

2

(၂) ကိုယ်အဓိကလိုအပ်တဲ့အရာတွေကိုသိလာမယ်

အသက်(၂၀) အရွယ်မှာထားခဲ့ဖူးတဲ့သူတွေ၊ တွေ့ဆုံခဲ့ဖူးတဲ့သူတွေကို အသက်(၃၀) အရွယ်ရောက်တဲ့အခါမှာကျေးဇူးတင်မိတော့မှာပါ။ သူတို့ကြောင့် အတွေ့အကြုံတွေရလာပြီး လက်တွဲဖော်ဆီကနေ သင်တကယ်လိုအပ်တဲ့အရာကိုသိလာပါတယ်။ ဒီနှစ်အတွင်းမှာ ကိုယ်တကယ်လိုအပ်တာကိုသိသွားတဲ့အခါ အဆင်ပြေတယ်ဆိုရင်တော့ မကြာခင်လက်ထပ်လို့ရပါပြီ ။

အပျိုကြီးဘ၀နဲ့အရိုးထုတ်လို့လဲရပါတယ်။ သင်ဟာပိုပြီးတော့ ပွင့်လင်းမြင်သာလာပြီး အသက်(၂၀) အရွယ်တုနုးကစိတ်ကူးတွေဟာ အနည်းငယ်ကွာခြားသွားတော့မှာပါ။

3

(၃) ရင့်ကျက်လာမယ်

နှစ်တွေအများကြီးကုန်ဆုံးလာတာနဲ့ သင်ဟာပိုပြီးရင့်ကျက်လာပြီး လက်ရှိဘ၀ကြီးကို ပျော်ရွှင်ဖို့သင်ယူတတ်လာပါတယ်။ကုန်ဆုံးသွားတဲ့ နှစ်တိုင်းတည်ငြိမ်ရင့်ကျက်လာပြီး စိတ်ရှည် သည်းခံတတ်တဲ့သူတစ်ယောက်ဖြစ်လာပါတယ်။

4

(၄) နှလုံးသားနာကျင်မှုက ကြံ့ခိုင်သန်မာလာစေပါတယ်

အသက်(၂၀) အရွယ်မှာအနည်းဆုံးတခါလောက်တော့ အသည်းကွဲဖူးမှာပါ။ အသက်(၂၀) အရွယ်မှာအသေအလဲခံစားခဲ့ရပြီး အသက်(၃၀) အရွယ်မှာတော့ ပိုပြီးခံနိုင်ရည်ရှိသွားပြီး relationship ကြောင့်တွေ့ကြုံရမယ့် အတက်အကျတွေကို ရင်ဆိုင်သွားနိုင်ပါပြီ

5

(၅) အချစ်တွေနက်ရှိုင်းလာမယ်

အသက်(၃၀) အရွယ်မှာ သင်ဟာအချစ်၊ ဘ၀၊ relationship နဲ့ပတ်သက်ပြီး နားလည်မှုပိုရှိလာတာကြောင့် အပြန်အလှန်ချစ်ကြတဲ့လူနှစ်ယောက်ရဲ့အချစ်တွေကလည်း နက်ရှိုင်းလာပါတယ်။ relationship ကလှည့်စားမှုတွေများတယ်၊ အချိန်နဲ့အမျှပြောင်းလဲမှုတွေရှိလာနိုင်တယ်ဆိုတာလည်း သိလာမှာပါ။

6

Source:Yoe Yar Lay

Monday, 10 December 2018 14:44

သူနဲ့ လမ်းခွဲသင့်တဲ့အချိန်

သူနဲ့ကိုယ်နဲ့ လမ်းခွဲသင့်ချိန်ဆိုတာ မစဉ်းစားချင်ပင်မဲ့လည်း အကြောင်းကြောင်းကြောင့် ဖြစ်လာတတ်ပါတယ်။

Thursday, 06 December 2018 17:22

ကိုယ့်ကို ရင်ခုန်စေတဲ့ လူ

အလုပ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ တည်ကြည်ခန့်ငြားတဲ့ယောက်ျားလေးဆိုတာ ဘယ်လိုမျိုးဖြစ်မလဲ။

Thursday, 06 December 2018 11:41

တစ်ဖက်သတ်ချစ်နေတဲ့သူတွေရဲ့  အချက်များ - ၂

ကိုယ်တစ်ယောက်တည်း ခံစားနေရတာ မဟုတ်ဘူးနော်။ အားလုံးက ကိုယ်လို သူလိုပါပဲ။

Thursday, 06 December 2018 11:26

တစ်ဖက်သတ်ချစ်နေတဲ့သူတွေရဲ့  အချက်များ

တဖက်သတ်အချစ်ရဲ့ ခံစားချက်တွေကတော့ ပြင်းထန်မယ်လို့ အားလုံးထင်ပါလိမ့်မယ်။

Wednesday, 05 December 2018 13:41

ချစ်သူတိုင်း အယူသီး တယူသန်မှုတွေ ရှိကြသလား

လူအမျိုးမျိုးစိတ်အထွေထွေ ဆိုသလို တစ်ယောက်နဲ့တစ်ယောက်ကတော့ ယုံကြည်ခြင်း မတူနိုင်ကြပါဘူး။

Tuesday, 04 December 2018 11:21

ချစ်သူတိုင်း အသည်းကွဲဖူးမှသိတဲ့ အချက်အလက်များ - ၂

 အချစ်ဟာ လမ်းညွှန်မပါတဲ့ခရီးတစ်ခုလိုပါပဲ။ ဘယ်အချိန်မှာ ပန်းတိုင်ရောက်မလဲ၊ ဘယ်အချိန်မှာ အခက်အခဲနဲ့ကြုံတွေ့မလဲ၊ ဘယ်နေရာမှာ ဘယ်သူနဲ့လမ်းခွဲရမယ်ဆိုကို ကြိုမသိနိုင်ပါဘူး။

Friday, 30 November 2018 17:32

နှစ်လိုဖွယ်ကောင်းသူတစ်ယောက်ရဲ့  အချက်များ - ၂

လူအများကို ဆွဲဆောင်နိုင်တဲ့ နှစ်လိုဖွယ်ကောင်း သူတစ်ယောက်မှာတွေ့ရတဲ့ အရည်အချင်းတွေကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

Friday, 30 November 2018 13:11

ချစ်သူ နောက်အသစ်ထားဖို့အတွက် ပြန်မေးသင့်တဲ့ မေးခွန်းများ - ၂

သူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအကြောင်းဘယ်လောက်သိပြီးပြီလဲ

Friday, 30 November 2018 12:36

ချစ်သူ နောက်အသစ်ထားဖို့အတွက် ပြန်မေးသင့်တဲ့ မေးခွန်းများ

သင့်အနေနဲ့ ချစ်ရမယ့်သူတွေ့သွားလို့ Relationship တစ်ခုတည်ဆောက်တော့မယ်ဆိုရင် ကြိုတင်စဉ်းစားထားဖို့လိုတဲ့၊ ကိုယ့်ကိုယ်ကိုမေးဖို့လိုတဲ့အချက်လေးတွေရှိပါတယ်။

Page 1 of 3