တစ်ဖက်သတ်ချစ်နေတဲ့သူတွေရဲ့  အချက်များ - ၂

တစ်ဖက်သတ်ချစ်နေတဲ့သူတွေရဲ့  အချက်များ - ၂

ကိုယ်တစ်ယောက်တည်း ခံစားနေရတာ မဟုတ်ဘူးနော်။ အားလုံးက ကိုယ်လို သူလိုပါပဲ။

သူက စကားစပြောလာပြန်တော့လည်း သူ့မျက်နှာလေးကိုကြည့်ပြီး ပြန်မပြောနိုင်ပါ။

 

သူ့အကြောင်း အိမ်မက်တွေမက်ပြီး အိပ်ယာနိုးလာရင်တော့ ဘယ်လိုပြောရမှန်းကို မသိတော့ပါ။

 

သူ့မှာ ရည်းစားရှိနေတယ်ဆိုရင်လည်း အားမလျှော့နိုင်သေးပါ။

 

သူလုပ်သမျှ အားလုံး ချစ်စရာကောင်းလွန်းလို့ အကောင်းချည်းပဲလို့ ထင်တယ်။

 

သူရယ်ပြုံးနေတာကိုတွေးပြီး သူ့အတွက် ကြိုးစားနေတယ်။

 

သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို နားလည်အောင် ကြိုပြီး စဉ်းစာနေပြီ။

 

သူ့အကြောင်းတွေးပြီး သူနဲ့လိုက်တဲ့ သီချင်းလေးတွေကို အမြဲနားထောင်နေမိတယ်။

 

သူ့ဆီကို ပို့မယ့် Msg တွေမှာ အမှားပါသွားမှာစိုးတော့ ထပ်ခါတလဲလဲပြန်စစ်နေမိတယ်။

 

သူသတိထားမိစေဖို့ရန် ဆံပင်ပုံစံ၊ အင်္ကျီလေးတွေကို ပြောင်းကြည့်နေမိတယ်။

 

သူကြိုက်တတ်တဲ့ သူဝါသနာကိုလည်း ကိုယ့်ဝါသနာဖြစ်အောင် လေ့လာနေပြီ။

 

ကဲ ကိုယ်လည်း ဘယ်အချက်တွေနဲ့ ငြိနေပြီလဲဆိုတာကို စစ်ဆေးကြည့်လိုက်နော်။

Read times Last modified on Thursday, 06 December 2018 11:51
Rate this item
(1 Vote)
Tagged under