ကိုယ့်ကို ရင်ခုန်စေတဲ့ လူ

ကိုယ့်ကို ရင်ခုန်စေတဲ့ လူ

အလုပ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ တည်ကြည်ခန့်ငြားတဲ့ယောက်ျားလေးဆိုတာ ဘယ်လိုမျိုးဖြစ်မလဲ။

သန့်ရှင်းသပ်ရပ်သောသူ

 

ချောခန့်တာထက်ကို အဝတ်အစား၊ နေထိုင်ပုံက သန့်ရှင်းသပ်ရပ်နေတယ်။ အင်္ကျီကိုလည်း သေသေချာချာ မီးပူတိုက်ထားပြီး လက်ကိုင်ပဝါကိုလည်း ဆောင်ထားတယ်။ ဘယ်လောက်ပဲ ချောနေပါစေ၊ တကိုယ်ရည် သန့်ရှင်းမှုမရှိသူဆိုတာကတော့ ကြိုက်ဖို့နေနေသာသာ အနားတောင်မကပ်ချင်ပါ။

 

ဘယ်သူ့ကိုမဆို ချိုချိုသာသာ ဆက်ဆံသောသူ

 

အမြဲတမ်း ယဉ်ယဉ်ကျေးကျေး ပြုံးပြုံးရွှင်ရွှင်နဲ့ သေသေချာချာ မျက်နှာကိုကြည့်ပြီး စကားပြောပေးသူပါ။ဘယ်သူ့ကိုမဆို အဆင့်အတန်းမခွဲခြားပဲ လေးလေးစားစား ဆက်ဆံနိုင်သူကိုတော့ ကြိုက်ကြပါတယ်။

 

အမြဲတမ်း မိန်ကလေးကို ဦးစားပေးသူ

 

ထိုင်ရင်တောင် ထိုင်ခုံလေးကို ဆွဲယူပေးပြီး တံခါးလေးကိုလည်း ကြိုဖွင့်ပေးတာကိုက ချစ်စရာကောင်းပါတယ်။ မိန်းကလေးတွေကို စာနာပြီး ဦးစားပေးသူ ယောက်ျားလေးတွေက ချစ်ဖို့ကောင်းပါတယ်။

 

စားပုံသောက်ပုံက စည်းကမ်းရှိသူ

 

အစားအသောက်ကိုလည်း အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် စားသောက်တတ်တယ်ဆိုတာလည်း ချစ်ဖို့ကောင်းပါတယ်။

 

ကိုယ့်ရင်ထဲကစကားတွေကို အမြဲနားထောင်ပေးသူ

 

စိတ်ညစ်စရာတွေပဲ ဖြစ်ဖြစ်၊ အတင်းပြောချင်တာပဲဖြစ်ဖြစ် ပြောချင်တာတွေအားလုံးကို လက်ခံနားထောင်ပေးတတ်သူလည်း မီးမီးတို့ အကြိုက်ဖြစ်ပါလိမ့်မယ်။

Read times Last modified on Thursday, 06 December 2018 17:29
Rate this item
(1 Vote)
Tagged under