Chatrium Dream Wedding Fair 2017

Chatrium Dream Wedding Fair 2017

Chatrium Hotel Royal Lake Yangon ၏ "အမြတ်နိုးဆုံး" ဟု

အမည်ပေးထားသော Cherished at Chatrium Dream Wedding Fair 2017 ပွဲကို လာရောက်သည့် ပရိသတ်အတွက် ဝင်ကြေးအခမဲ့ ဖြစ်ကြောင်း သိရပါတယ်။

 

ပွဲကို ၂၀၁၇ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ မနက် ၉ နာရီ မှ ည ၉ နာရီ အထိ ကျင်းပမည်ဖြစ်ရာ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချမှုကို မနက် ၉နာရီမှ နေ့လည် ၃နာရီထိ Chatrium Grand Ballroom တွင်လည်းကောင်း၊ နေ့လည် ၃နာရီ မှ ည ၉နာရီအထိ Chatrium Ngapali Pool Garden လည်းကောင်း ဖွင့်လှစ်ပြသသွားမည် ဖြစ်ကြောင်း သိရပါတယ်။

 

ထို့နည်းတူ မင်္ဂလာဝတ်စုံ ပြပွဲကိုလည်း ညနေ ၆နာရီမှ ၉နာရီအထိ Ngapali Pool Garden တွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

 

“ချစ်တယ်ဆိုတာထက် တစ်ဆင့်တိုး ရိုးရိုးလေးနဲ့ အမြတ်နိုးဆုံး” ဆိုသလို ချစ်သူတို့၏ ဘ၀ခရီးလမ်းအစ ရွှေရောင် မင်္ဂလာရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဘ၀တလျှောက်လုံး မြတ်နိုးယုယ ကြင်နာမှုတွဲလက်များဖြင့် အစဉ်ခိုင်မြဲနှောင်ဖွဲ့ တည်တံ့ပါစေကြောင်း Chatrium ဟိုတယ်မှ ဆန္ဒပြုသောအားဖြင့် ယခုနှစ်၏ theme ကို Cherished at Chatrium အမြတ်နိုးဆုံး ဟု အမည်ပေး တင်ဆက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

မင်္ဂလာပွဲများနှင့် သက်ဆိုင်သော စပွန်ဆာပါဝင်လိုလျှင်ဖြစ်စေ၊ မိမိကုန်ပစ္စည်းများကို ဆိုင်ခန်းဖွင့်လှစ် ရောင်းချလိုလျှင်ဖြစ်စေ၊ Show တွင် ဒီဇိုင်နာအဖြစ် ပါဝင်ပြသလိုလျှင် ဖြစ်စေ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရပါတယ်။

 

01 544500

marcom.chry@chatrium.com

 

 

Read times Last modified on Wednesday, 19 September 2018 17:43
Rate this item
(1 Vote)