ချစ်သူတွေ နားလည်မှုရှိစေဖို့ အချက်များ

ချစ်သူတွေ နားလည်မှုရှိစေဖို့ အချက်များ

ကိုယ်က မှားတယ်ဆိုပြီး အမြဲတမ်း အရှုံးပေးနေတဲ့သူ မဟုတ်ဘူးဆိုတာကို အသိပေးဖို့လိုပါတယ်။


ကိုယ်မှာယုံကြည်မှုမရှိတဲ့အတွက် ကိုယ့်ချစ်သူရဲ့မကောင်းတဲ့အကျင့်တွေကိုလည်း ခေါင်းငုံ့ခံတာဟာ မကောင်းတဲ့ အချက်တစ်ခုပါ။


ကိုယ်ကမလှလို့၊ မတော်လို့၊ ၀နေလို့ ဆိုပြီး ဒီအချက်လေးတွေကို စိတ်ထဲမှာအမြဲထားပြီးချစ်သူကပြောတာတွေကို အကုန်လက်ခံနေတတ်ပါတယ်။


ဘာကြောင့်လဲဆိုတော့သူမှမဟုတ်တဲ့နောက်တယောက်နဲ့တွေ့ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စ မဟုတ်တဲ့ အတွက် လက်လျှော့နေတာလည်း ဖြစ်နိုင်ပါတယ်။


သူကလည်းဒီအချက်တွေကို အခွင့်ကောင်းယူပြီး ကိုယ့်ကိုအနိုင်ယူနေတာကိုလက်ပိုက်ကြည့်မနေပဲ ကျွန်မဟာရှင်ထင်သလို မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောသင့်တယ်လို့ထင်ပါတယ်။

ကိုယ်ကြိုက်တဲ့သူကို စိတ်အေးအေးဆေးဆေးထားပြီး လေ့လာဖို့လိုအပ်ပါတယ်။


အခုခေတ်မှာသွားစရာစားစရာနေရာတွေကတဖြည်းဖြည်းများလာတဲ့အတွက် ကိုယ်နဲ့လိုက်ဖက်မယ့်သူနဲ့ တွေ့ဖို့ အခွင့်အရေးကလည်း များလာမယ်။


ဒီအခွင့်အရေးကိုချက်ချင်းအသုံးချပြီးအဖြေကိုချက်ချင်းပေးပြီးလက်ခံလိုက်တာမျိုးကိုမလုပ်သင့်ပါဘူး။ သေသေချာချာလ့လာပြီးမှ ဆုံးဖြတ်သင့်တယ်လို့ ထင်ပါတယ်။

ကိုယ်ကြိုက်တဲ့သူနဲ့ ဖြစ်တဲ့ ပြဿနာကို ရဲရဲရင့်ရင့် ရင်ဆိုင်ပါ။


ကိုယ့်မှာတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ အမြဲတန်း ပြောသမျှကို လက်ခံပြီးဖြစ်နေတဲ့ ပြဿနာကိုမဖြေရှင်းပဲလက်ပိုက် ကြည့်နေတဲ့အကျင့်လေးကို ဖျောက်ဖျက်သင့်ပါတယ်။


ပြောသင့်ပြောထိုက်တဲ့ကိစ္စကို သတ္တိရှိရှိနဲ့ ရင်ဆိုင်မှသာလျှင် ရေရည်မှာ အဆင်ပြေမယ်လို့ ထင်ပါတယ်။

ချစ်သူတွေဖြစ်နေကြတဲ့သူငယ်ချင်းတွေရဲ့ကောင်းတဲ့နေထိုင်သွားလာပုံကို အတုခိုးပါ။


ချစ်သူတွေဖြစ်နေကြတဲ့ သူငယ်ချင်းအတွဲနဲ့ အတူတူ သွားလာပြီး သူတို့ရဲ့ ပျော်စရာကောင်းတဲ့ အလေ့အကျင့်လေးတွေကို လေ့လာထားရန် ကိုယ်တိုင်လည်း တဖြည်းဖြည်း ပျော်ရွှင်လာမှာပါ။


စိတ်ကကြည်လင် ပျော်ရွှင်နေတဲ့အတွက်ကိုယ့်ဟာလည်းလူချစ်လူခင်များတဲ့ သူတယောက်ဖြစ်လာမှာပါ။

 

ကိုယ်ကြိုက်တဲ့သူကိုအမြဲတမ်းဦးစားမပေးပဲလိုအပ်ရင်ကိုယ်ကလည်း ဦးဆောင်သင့်တယ်ဆိုရင် ဦးဆောင်ပါ။


အမြဲတန်းသူဆန္ဒကိုတွေကိုပဲဦးစားပေးနေရင်ကိုယ်ရဲ့ လိုအပ်ချက်တွေဟာသူ့အတွက်ကတော့ ဘာမှဟုတ်တော့မှာမဟုတ်တော့ပါဘူး။


ဒါမျိုးတွေ မဖြစ်ရအောင် သွားလာတဲ့နေရာမှာပဲ ဖြစ်ဖြစ် ဘယ်နေရာမှာ မဆို စည်းကမ်းလေးတွေကိုတော့ ထားသင့်ပါတယ်။


နှစ်ဦးနှစ်ဖက် နားလည်မှုရှိမှသာလျှင် ဆက်လျှောက်ရမဲ့ ဘဝခရီးလမ်းက ဖြောင့်ဖြူးမှာဖြစ်ပါတယ်။

Read times Last modified on Monday, 03 December 2018 10:38
Rate this item
(1 Vote)
Tagged under