မင်္ဂလာပွဲမှာပုံတော်ဖိနပ် စီးမယ်ဆိုရင်

မင်္ဂလာပွဲမှာပုံတော်ဖိနပ် စီးမယ်ဆိုရင် google

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲတစ်ခုမှာ ဖိနပ် ရွေးချယ် ခြင်းကလဲ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဘဲလေနော်....

ထိုင်မသိမ်းဝတ်မယ့်သတို့သမီး လေးတွေကတော့ ကတ္တီပါ ပုံတော်ဖိနပ်ကို စီးကြတာ များပါတယ်............

Shoes တွေ ဒေါက် တွေ စီးတာမရှိသလောက်ရှားတယ်လေနော် ပုံတော်ဖိနပ်တွေက ကတ္တီပါ သားဆိုပေမယ့် ခြေညှပ်ဖြစ်တာကြောင့်

စစစီးတဲ့အခါ သားရေကြိုးကတင်းပြီး ဖိနပ်ပေါက်တာတွေ ဖြစ်တတ်ပါတယ်နော်။

ပွဲထဲ ရောက်မှ ဖိနပ်ပေါက်ပြီး လမ်းလျှောက်တာအဆင်မပြေရင်ဘယ်လှပါ့တော့မလဲနော်......

ဒီလို ဖိနပ်ပေါက်တာမျိုးမဖြစ်ရလေအောင် ဖိနပ်စဝယ်ပြီးကတည်းကအိမ်မှာကြို တင်ပြင်ဆင်ထားသင့်ပါတယ် ...

 

ပုံတော်ဖိနပ်အမြင့်မစီးဖူးတဲ့သူတွေဆိုရင်လဲ မင်္ဂလာပွဲနေ့မရောက်ခင်အိမ်မှာကတည်းကဖိနပ်အမြင့်စီးပြီး သေချာလျှောက်တတ်အောင် လေ့ကျင်ဖို့ လိုပါတယ်...

ဖိနပ် အရောင် ရွေးချယ် တဲ့အခါမှာလဲ ကိုယ်ဝတ်မယ့်အင်္ကျီနဲ့လိုက်ဖက်မယ့် အရောင်မျိုး ဒီဇိုင်းမျိုး ကိုရွေးချယ်တတ်ရပါမယ်............

ပိုလှနိုင်ကြပါစေနော်

SLIPPER AND SHOE SHOPS ဆိုင်လေးတွေကိုလည်းဝင်ရှာလို့ရပါတယ်နော်။

KZJJ 

Myanmar Wedding Guide

Read times Last modified on Tuesday, 02 July 2019 16:12
Rate this item
(0 votes)