၀န်ကြီးများရုံး (ယခင် အတွင်း၀န်များရုံး) တွင် Pre-wedding ဓာတ်ပုံရိုက်ရက် ၂ရက် သတ်မှတ်

၀န်ကြီးများရုံး (ယခင် အတွင်း၀န်များရုံး) တွင် Pre-wedding ဓာတ်ပုံရိုက်ရက် ၂ရက် သတ်မှတ်

ဒီဝါကျွတ်အမှီ (သို့) ဝါကျွတ်အပြီးတွင် ပျော်ရွှင်စွာ ပေါင်းဖက် ကြမည့်

မင်္ဂလာမောင်မယ် စုံတွဲများအတွက် သမိုင်း၀င် ကိုလိုနီ ခေတ်အဆောက်အဦး တစ်ခုဖြစ်သော ၀န်ကြီးများရုံး (ယခင် အတွင်း၀န်များရုံး) ၏ Indoor and outdoor setting အပြင် Victoria Grand Ballroom တွင် Full wedding setup ဖြင့် Pre-wedding ဓာတ်ပုံရိုက်ကူးချင်သော စုံတွဲများကို ဒီဇူလိုင်လရဲ့ နောက်ဆုံးအပတ် 25.7.2020 နှင့် 26.7.2020 စနေ ၊ တနင်္ဂနွေရက်များတွင် အထူးအစီအစဉ်အနေနဲ့ စီစဉ်ပေးသွားဖို့ ရှိပါသည်။

ယခင် တစ်နာရီလျှင် $100 USD ကောက်ခံယူသော နှုန်းထားများအစား အထူးအစီအစဉ်အနေဖြင့် အချိန် သုံးနာရီ ရိုက်ကူးခွင့်ကိုမှ $100 USD ဖြင့်သာ စီစဉ်ပေးသွားမှာ ဖြစ်ပါသည်။
အသစ်ပြင်ဆင်ထားသော Victoria Grand Ballroom ခန်းမကြီးတွင်လည်း ဘယ်လို အခင်းအကျင်း အပြင်အဆင်များနှင့် လှပ ခန့်ငြားစွာ ပြင်ဆင်ထားမလဲ ဆိုတာကတော့ စုံတွဲများအတွက် Surprise ပါနော်!!!
Victoria Grand Ballroom ခန်းမအတွင်းတွင် အချိန် တစ်နာရီကြာ ရိုက်ကူးခွင့် ရရှိမှာဖြစ်ပါသည်။
25.7.2020 နှင့် 26.7.2020 နှစ်ရက်တည်းသာဖြစ်ပြီး လူဦးရေ အရေအတွက်ကလဲ ကန့်သတ်ထားတာမို့ စိတ်၀င်စားတယ်ဆို ကိုယ်ပိုင် ဓာတ်ပုံဆရာ အမြန်ရှာခေါ်ခဲ့ပြီး စာရင်းပေးထားလို့ ရပါပြီ။
အသေးစိတ်မေးမြန်းလိုပါက
Daw Cho Cho Myint (Catering Director)
095095167
Daw Nyein Htet Htet Aung (Event Coordinator)
0943192837

 

 

 

 

Read times
Rate this item
(0 votes)