၂၀၂၀ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

တနင်္ဂနွေ

 

အလုပ်သစ်ရမည်။ သို့မဟုတ် လုပ်ငန်းသစ်ပေါ်မည်။ ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းများ ကောင်းမည်။ နိုင်ငံရေးလုပ်ငန်းမှာ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ကြုံတွေ့ရလိမ့်မည်။မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ဝင်ငွေကောင်းသလို

ထွက်ငွေလည်းကောင်းမည်။ ဆွေမျိုးထဲမှာ နာရေးပေါ်မည်။ အိမ်သို့သေတ္တာတစ်လုံးရောက်ပါက ကံညံ့မည်။ နေအိမ်သို့ အလှူဖိတ်စာ (သို့မဟုတ်) မင်္ဂလာဆောင်ဖိတ်စာ ရောက်ပါက ‘၂’ အစ ‘၇’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကူညီမည့်သူပေါ်မည်။

ကျန်းမာရေးအနေဖြင့် ချောင်းဆိုးမည်။ အချစ်ရေးညံ့သည်။ ချစ်သူနှစ်ဦးကြားမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ သဝန်တိုမှုကြောင့် စိတ်ညစ်ရမည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၃၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဗေဒါပွင့်ရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ တနင်္ဂနွေနေ့ တနင်္ဂနွေထောင့်မှာ ရေ ၂၉ ခွက် သပ္ပါယ်ပါ။

 


တနင်္လာနေ့

 

ပဲ၊ ပြောင်း၊ နှမ်း ကောက်ပဲသီးနှံ ရောင်းဝယ်ရေး ကောင်းမည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုး ပြောင်းရွှေ့ရမည်။ အပြင်ဝန်ထမ်းဖြစ်ပါက လုပ်ငန်းပြောင်းရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ အိမ်ဆောက်ရန်ပန္နရိုက်ရလိမ့်မည်။ နွားနက်တစ်ကောင်ကို မြင်ပါ

က ‘၆’ အစ ‘၇’ အဆုံး အစိုးရထီထိုးပါ။ အလှူဒါန ပြုလုပ်ရလိမ့်မည်။ အနုပညာလုပ်ငန်းမှာ အနှောင့်အယှက်ပေါ်မည်။ ပညာရေးမှာ ကံကောင်းပါသည်။ ပညာရေးနှင့်ပတ်သက်သော ဆုလာဒ်များ ရရှိမည်။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါဖြစ်မည်။ အချစ်

ရေးညံ့ပါသည်။ ချစ်သူ၏ သဝန်တိုမှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အဆင်မပြေပါ။

ကံကောင်းသောဂဏန်းများမှာ ၆၊ ၇၊ ၀ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုဇွန်ဆီရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ တနင်္လာနေ့ တနင်္လာထောင့်မှာ ဂန့်ဂေါ် ၂၂ ညွန့်လှူပါ။

 

 

အင်္ဂါနေ့

 

အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ဖြစ်မည်။ မော်တော်ကားပွန်းမည်။ ပိန်မည်။ ပျက်မည်။ ရွှေအတွက် သောကရောက်မည်။ နိုင်ငံခြားသို့ အလုပ်ကိစ္စကြောင့် ခရီးထွက်ရမည်။ နိုင်ငံရေးလုပ်ပါက အရေးကြီးသောနိုင်ငံရေးဆောင်ရွက်မှုကြီးကို ပြုလုပ်မည်။

အမိ,အဖ တစ်ဦးဦး ကျန်းမာရေးညံ့မည်။ စာချုပ်စာတမ်းပြုလုပ်ရမည်။ ကြွေးကိစ္စစကားပြောရမည်။ အလုပ်အတွက် အင်တာဗျူးဝင်ရမည်။ နေအိမ်သို့ ခေါင်းအုံး (သို့မဟုတ်) ဖက်ခေါင်းအုံး ရောက်ပါက ‘၂’ အစ ‘၄’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ

တိုးတက်မှုနှေးကွေး နေပါသည်။ ကျန်းမာရေးအနေဖြင့် ဆီးရောဂါဖြစ်မည်။ အချစ်ရေးသာယာပါသည်။ လက်ထပ်မင်္ဂလာပြုရန်အတွက် ရက်ရွေးရလိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၄၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မဲနယ်ရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ နွားနို့ထမင်းကပ်လှူပါ။

 

 

ဗုဒ္ဓဟူးနေ့

 

ငွေအတွက် သောကရောက်ပြီးမှ အဆင်ပြေသွားမည်။ ဘုရားဖူးခရီးထွက်ရမည်။ အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ စပ်တူရှယ်ယာလုပ်ငန်းမှာ အောင်မြင်မည်။ ဆေးရုံသို့လူနာမေး (သို့မဟုတ်) လူနာပို့သွားရမည်။ လူမှုရေး

လုပ်ငန်း၊ ပရဟိတလုပ်ငန်းများ ပေါ်မည်။ နေအိမ်သို့သေတ္တာတစ်လုံး ရောက်လာပါက ကံညံ့မည်။ ရွှေလုပ်ငန်းမှာ အရှုံးပေါ်မည်။ နေအိမ်ရှေ့မှာ ကျီးသာပါက ‘၄’ အစ ‘၅’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့်

အသည်းရောဂါရမည်။ အချစ်ရေးမှာ အူလည်လည်ဖြစ်နေသော အချိန်ဖြစ်ပါသည်။ အိမ်ထောင်ရေးမှာလည်း ကောင်းသလို၊ မကောင်းသလို ဖြစ်နေပါသည်။

ကံကောင်းသောဂဏန်းများမှာ ၄၊ ၅၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ သနပ်ခါးရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ရွှေထီး ၄ လက်လှူပါ။

 

 

ကြာသပတေးနေ့


အနုပညာလုပ်ငန်းမှာ အဟန်အတားပေါ်မည်။ တယ်လီဖုန်းအသစ်ဝင်မည်။ ရေလုပ်ငန်းမှာ ရာသီဥတုဒဏ်ကြောင့် အပျက်အစီးနှင့် ဆုံးရှုံးမှုရှိမည်။ နိုင်ငံခြားငွေအတွက် သောကရောက်မည်။ နိုင်ငံရေးလုပ်ငန်းမှာ စိန်ခေါ်မှုများနှင့် ကြုံရမည်။ ရရန်ရှိသောငွေများ ဝင်

မည်။ ဆိုင်နေရာ၊ ဆိုင်ခန်းအတွက် အဌား (သို့မဟုတ်) အရောင်းအဝယ် ဖြစ်မည်။ မော်တော်ဆိုင်ကယ်အတွက် သောကများမည်။ နေအိမ်သို့ ဖရဲသီးတစ်လုံးရောက်ပါက ‘၄’ အစ ‘၅’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ နိုင်ငံခြား

ပညာတော်သင် ရွေးချယ်ခံရမည်။ ကျန်းမာရေးအနေဖြင့် ခါးနာမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ အဆင်မပြေဖြစ်နေသော အချစ်ရေးမှာ ပြန်ပြီး အဆင်ပြေသွားလိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၄၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုလဲဖြူရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ထောပတ်သီး ၅ လုံး ကပ်လှူပါ။

 


သောကြာနေ့


ရပ်ဝေးမှ (သို့မဟုတ်) နိုင်ငံခြားမှ ငွေရောက်မည်။ မြေ၊ ခြံ၊ အိမ်ဝိုင်း၊ လယ်မြေ၊ ယာမြေ တစ်မျိုးမျိုး အရောင်းအဝယ်ဖြစ်မည်။ မော်တော်ဆိုင်ကယ်အသစ်ဝင်မည်။ အိမ်ဆောက်ရန်ပန္နက်ရိုက်ရမည်။ ဝန်ထမ်းဖြစ်ပါက လစာတိုး၊ ရာထူးတိုး သတင်းကြားရမည်။

လမ်းထဲမှာ အိမ်အနီးအနားမှာ နာရေးပေါ်မည်။ ဆွေမျိုးညီအစ်ကို မောင်နှမတစ်ဦးဦးနှင့် ငွေကြေးကိစ္စကို အကြောင်းပြုပြီး စကားများရလိမ့်မည်။ ခြံထဲမြွေဝင် (သို့မဟုတ်) လမ်းပေါ်မြွေမြင် (သို့မဟုတ်) အိမ်ပေါ်မြွေတက်ခဲ့သော် ‘၅’ အစ ‘၇’ အဆုံး အစိုးရထီထိုး

ပါ။ ပညာရေးရည်မှန်းချက် အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် မျက်စိရောဂါကုသရလိမ့်မည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပိတောက်ခြောက်ရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ သောကြာနေ့တွင် နေအိမ်ဘုရားစင်မှာ သာကူ ကပ်လှူပါ။

 

 

စနေနေ့

ဈေးရောင်းဈေးဝယ် ကောင်းမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ အမှုဟောင်းရှိပါက အမှုနိုင်မည်။ နိုင်ငံခြားခရီးအတွက် လေယာဉ်လက်မှတ်ဝယ်ရလိမ့်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲ ဖြေရမည်။ လယ်ယာမြေဆန္ဒပြပွဲ၊ စက်ရုံအလုပ်ရုံဆန္ဒပြပွဲ

များမှာ ဦးဆောင်ရမည်။ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အခက်အခဲအနည်းငယ်ပေါ်မည်။ နေအိမ်သို့ စက်ဘီးတစ်စီးဝင်ပါက ‘၃’ အစ ‘၅’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ စာမေးပွဲဖြေပါက

အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် အူရောင်မည်။ ချစ်သူနှစ်ဦးကြားမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးလည်း အခြေအနေမကောင်းပါ။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။

 

ယတြာ။ ။ စနေနေ့ စနေထောင့်မှာ ထီးနီ ၉ လက်ကပ်လှူပါ။

 

 

Source: 1875

Read times
Rate this item
(0 votes)