ကိုယ့်လက်တွဲဖော်အစစ်ကို ရှာတွေ့နေပြီဆိုတာ သိနိုင်မယ့်အချက်များ

ကိုယ့်လက်တွဲဖော်အစစ်ကို ရှာတွေ့နေပြီဆိုတာ သိနိုင်မယ့်အချက်များ

ချစ်သူအသစ် ရလာတဲ့အခါ ဒီလူနဲ့ ရေရှည်မြဲပါ့မလား? ကိုယ့်ဘဝအတွက် လက်တွဲဖော်အစစ်လားလို့ တွေးမိကြတယ်။

လက်ရှိချစ်သူလေးနဲ့ နှစ်ပတ်လည်တွေ ဖြတ်သန်းခဲ့ဖူးပြီးသူဆိုလည်း ဒီလိုတွေးကြတာပါပဲ။ ကိုယ်တွဲနေတဲ့လူက ကိုယ့်ဘဝအတွက် လက်တွဲဖော်အစစ်ဖြစ်ပြီလား? ကိုယ့်အတွက် သင့်လျော်မှန်ကန်တဲ့ ဘဝဖော်ဖြစ်မှန်း ဒီအချက်တွေနဲ့ ယှဉ်ပြီး သိနိုင်ပါတယ်။

 

အာရုံစိုက်မှုရှိခြင်း

ကိုယ်ဟန်မူရာ သေးသေးမွှားမွှားလေးဆိုပေမဲ့ နေ့စဉ် ပြုလုပ်ပေးတဲ့ ဂရုစိုက်မှုဟာ အချစ်ရေးကို ပိုမိုခိုင်မြဲစေပါတယ်။

 

မနက်ခင်းတိုင်းနှုတ်ဆက်တာ၊ ပွေ့ဖက်တာတွေကို နေ့စဉ်မပြတ် ပြုလုပ်ပေးတယ်ဆိုတာ ကိုယ့်ကိုတကယ်အလေးထားလို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့လိုအပ်ချက်ပေါ် မူတည်ပြီး ဖြည့်ဆည်းပေးတာမျိုးကလည်း တကယ်ချစ်၊ တကယ်နားလည်ပေးတဲ့လူကမှ အလိုက်တသိလုပ်ပေးတာ။ ဥပမာ ကိုယ်က မိုးမိပြီးဖျားနေချိန်မှာ ရှိုးပွဲသွားဖို့ခေါ်တာထက် စွပ်ပြုတ်ပူပူလေး တိုက်တာမျိုးလေ။ ဘဝဖော်အစစ်ဆိုတာ အခြေအနေအချိန်အခါကိုလိုက်ပြီး ကိုယ်လိုအပ်တာကို ဖြည့်ဆည်းပေးတတ်သူဖြစ်ပါတယ်။

 

ကြင်နာတတ်ခြင်း

ပွေ့ဖက်တာ၊ နမ်းတာ၊ အိပ်ရာမဝင်ခင် ထွေးပွေ့ပေးထားတာတွေက ရုပ်ပိုင်းဆိုင်ရာအရ ကြင်နာတတ်ကြောင်း ပြသတဲ့ အပြုအမူတွေဖြစ်ပါတယ်။ ဒါက တွယ်တာမှုရှိကြောင်း ပြသတဲ့ လက္ခဏာတွေလည်းဖြစ်တယ်။ သူ့ဘက်က ကိုယ့်အပေါ် တွယ်တာကြင်နာသလို ကိုယ့်ဘက်ကလည်း ခံစားချက်ထပ်တူရှိတယ်။

 

အငြင်းပွားမှုတွေကို ကောင်းကောင်းမွန်မွန်တုံ့ပြန်ခြင်း

အမြဲတမ်း အဆင်ပြေနေတယ်ဆိုတာမျိုးတော့ မရှိပါဘူး။ တစ်ခါတစ်လေတော့လည်း စကားများရန်ဖြစ်တာမျိုး ရှိတတ်တယ်။ ရန်ဖြစ်စကားများချိန်မျိုးမှာ တစ်ယောက်ကိုတစ်ယောက် ထိခိုက်နစ်နာအောင်မလုပ်ဘူး။ စိတ်တိုဒေါသထွက်နေပေမဲ့ မပြောသင့်တာ၊ မလုပ်သင့်တာကို မကျူးလွန်မိအောင် ထိန်းနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူကိုယ့်ကို တန်ဖိုးထားလို့လေ။ ဒီလိုလူမျိုးနဲ့ တစ်သက်လုံးလက်တွဲရတာ စိတ်ချလုံခြုံမှုရှိပါလိမ့်မယ်။

 

ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အားပေးခြင်း

လူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်တွေရှိတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို သူက နားလည်ပေးတယ်။ ထောက်ခံအားပေးတယ်။ လိုအပ်တဲ့အကူအညီတွေလည်း ဖြည့်ဆည်းပေးတတ်တယ်။ ကဲ... တစ်ဘဝလုံးလက်တွဲသွားရမယ့်လူအဖြစ် ရွေးချယ်သင့်ပါတယ်။

Read times
Rate this item
(2 votes)
Tagged under