သတို့သမီးလေးများအတွက် ဆောင်ရန်ရှောင်ရန်အချက်များ

သတို့သမီးလေးများအတွက် ဆောင်ရန်ရှောင်ရန်အချက်များ google

မင်္ဂလာမဆောင်ခင်တစ်ပတ်အလိုမှာလုပ်ရမဲ့အရာတွေအားလုံးကြိုတင်ပြီးစီးသင့်ပါတယ်။

 

အဲ့ဒါတွေကတော့ ဝတ်စုံ ၊ မိတ်ကပ် ၊ လက်ဝတ်ရတနာ၊ ပန်း၊ ဓါတ်ပုံဗီဒီယို၊ အသားအရေမျက်နှာ သန့်စင်ခြင်း ပေါင်းတင်ခြင်း၊ ကိုယ်လုံးပေါင်းတင်ခြင်းများကို တစ်ပတ်အလိုမှာ အားလုံးပြီးအောင်ပြင်ဆင်ထားသင့်ပါတယ်။

 

တစ်ချို့က တစ်ရက်နှစ်ရက်အလိုမှမျက်နှာပေါင်းတင်တာတွေ Treatment လုပ်တာတွေကြောင့် မျက်နှာအဆီပြန်တာတွေ ချွေးပေါက်ကျယ်တာတွေဖြစ်တတ်ပါတယ်။

 

ပွဲနားနီးရင်များသောအားဖြင့် stress တွေများပြီး အိပ်မပျော်တာတို့မျက်နှာမှာအဖုထွက်တာတို့ဖြစ်တတ်ပါတယ်။

 

ပွဲမတိုင်ခင်တရက်မှာ လက်သည်းခြေသည်းကို မိမိဝတ်မည့်အဝတ်အစားနှင့် လိုက်ဖက်အောင်ပြင်ဆင်ကြရပါမယ်။ တချို့ဆို ကြိုလုပ်ထားရင်လဲ ပြတ်သွားပြုတ်သွားတတ်ပါတယ်။

 

မျက်မှန်တပ်သောသတို့သမီးများမျက်ကပ်မှန်တပ်မည်ဆိုပါက တစ်ပတ်ကြိုတင်လေ့ကျင့်တပ်ထားရပါမယ်။ မိတ်ကပ်မလိမ်းခင် မျက်ကပ်မှန်ကိုကြိုတပ်ထားရပါမယ်။

 

ပွဲနေ့မိတ်ကပ်လိမ်းချိန်မှာမျက်နှာကိုသန့်စင်ပြီးသားဖြစ်ပြီး ဆံပင်ကိုလဲလျှော်ထားပြီး hair coat တွေဆီတွေ မလိမ်းထားဖို့သတိထားရပါမယ်။

 

နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ကိုယ့်ရဲ့ပွဲချိန်မှာကိုယ့်ဖုန်းထဲဝင်လာသမျှဖုန်းတွေဖြေဖို့ရယ် ကိုယ့်ကိုယ်စားလိုအပ်တဲ့အရာတွေကိုဝိုင်းကူလုပ် ပေးဖို့သူငယ်ချင်း သို့မဟုတ် မိသားစုဝင်တစ်ယောက်ဘေးမှာရှိဖို့လိုအပ်ပါတယ်။

 

နောက်တစ်ချက်ကအိမ်ကနေဟိုတယ်သို့မဟုတ် မိတ်ကပ်လိမ်းတဲ့နေရာအသွားမှာလိုအပ်တဲ့ အဝတ်အစားလတ်ဝတ်ရတနာဖိနပ်တို့ကိုတခါထဲယူလာရပါမယ်။

 

မလိုအပ်တဲ့ လက်ဝတ်ရတနာငွေကြေးနှင့်အပိုပစ္စည်းများ မယူသွားသင့်ပါ။

 

Myanmar Wedding Guide

Read times Last modified on Thursday, 07 February 2019 10:16
Rate this item
(0 votes)
Tagged under