Wedding Planning Tips - 4

Wedding Planning Tips - 4

၁၆။ ဝန်းကျင်အခြေအနေကို ထည့်စဉ်းစားပါ။

ဒီလိုနေ့တစ်နေ့ကို သူ့ဟာသူပြီးသွားအောင် လွှတ်ထားလိုက်ဖို့ခက်ပါတယ်။ သင့်အနေနဲ့ လှပတဲ့အချိန်လေးတွေကို ဖမ်းဆုပ်နိုင်အောင် တတ်နိုင်သမျှ ကြိုးစားပေမယ့်လည်း မကြာခဏဆိုသလို မင်္ဂလာပွဲမှာ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်သွားတတ်ပါတယ်။ သင်တို့နှစ်ဦးဘဝပေါင်းစည်းပေးတဲ့ နေ့တစ်နေ့ပဲဆိုပေမယ့် ပတ်ဝန်းကျင်အခြေအနေတွေက နောက်နေ့တွေအထိ လိုက်ပါလာတတ်ပါတယ်။ ရိုးရှင်း ခေတ်မှီပြီး အကုန်အကျနည်းတဲ့ လမ်းစဉ်ကို ရွေးပြီးလုပ်သွားမယ် ဆိုရင်တော့ ငွေကုန်ကြေးကျ သက်သာမှာပါ။ ကျွန်မတို့မင်္ဂလာဆောင်က ဘယ်လောက်စိတ်ကြည်နူးစရာ ကောင်းတယ်ဆိုတာကို လူများစွာကပြောကြမယ့် မင်္ဂလာဆောင်အခမ်းအနားတစ်ခုလုံး စိုပြေလန်းဆန်းနေစေဖို့ ကျွန်မတို့သုံးတဲ့ငွေက သိန်း ၅၀ ထက် နည်းခဲ့ပါတယ်။

မင်္ဂလာဆောင်အတွက် ဝယ်သမျှ နဲ့ ဖန်တီးသမျှ ပစ္စည်းတွေအားလုံးအတွက် အကြွေးမထားပဲ ငွေအကြေရှင်းပြီး သုံးပြုပြီးနောက်မှာ အခြားသူကို အားလုံးပေးလိုက်စေချင်ပါတယ်။ ဒါမှသာ သင်တို့ဖန်တီးထားတဲ့ လက်ရာပစ္စည်းတွေ၊ ဝယ်ထားတဲ့အရာတွေက အခြားသူတစ်ဦးရဲ့  အိမ်မက်ကို အကောင်အထည်ဖော်ပေးဖို့ (သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ် ထိတိုင်အောင်) အခွင့်အရေးရမှာ ဖြစ်ပါတယ်။

၁၇။ အစားအစာ သုံးဆောင်ပါ။

သင့်မင်္ဂလာပွဲရဲ့ အစားအသောက်တွေကို သုံးဆောင်ဖို့ အချိန်ပေးပါ။ မင်္ဂလာမောင်နှံ မနားဘဲ၊ မစားမသောက်ဘဲ တစ်နေ့လုံးနေခဲ့တော့ မင်္ဂလာပွဲပြီးချိန်မှာ မောပန်းပြီး ဆာလောင်နေခဲ့ကြပါတယ်။

၁၈။ အရေးကြီးတာကို စိတ်ထဲမှတ်ထားပါ။

မင်္ဂလာပွဲမတိုင်ခင်နဲ့ လုပ်နေစဉ်အတွင်းမှာပဲ စိတ်ညစ်စရာတွေ၊ စကားများတာတွေနဲ့ စိုးရိမ်ပူပန်တာတွေအများကြီး ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ပြီးသွားရင် ဒါတွေက အရေးမကြီးတော့ဘူး ဆိုတာကို စိတ်ထဲသိထားပါ။ မင်္ဂလာရက်ပြီးသွားရင် သင်တို့နှစ်ဦးဟာ လင်နှင့်မယား တစ်သက်လုံးဖြစ်သွားသလို မင်္ဂလာပွဲက ပါတီကြီးတစ်ခုသက်သက်သာ ဖြစ်တာကို သင်တွေ့ရမှာပါ။ 

၁၉။ မင်္ဂလာပွဲကို တစ်နေ့လုံးကူညီစီစဉ်ပေးမယ့် Coordinator တစ်ဦးကို ငှားရမ်းပါ။

သင်တို့အနေနဲ့ မင်္ဂလာပွဲကို ပြည့်ပြည့်ဝဝခံစားပျော်ရွှင်နိုင်ဖို့ တစ်နေ့လုံးပွဲကို ကူညီပေးမယ့် Coordinator တစ်ဦးကို ငှားရမ်းဖို့ အကြံပေးချင်ပါတယ်။ သင့်ရဲ့ Coordinator က ပွဲကို အသေးစိတ်ကြည့်စီစဉ်ပေးသွားမှာဖြစ်ပြီး သင့်အနေနဲ့ ဧည့်သည်၊ မိသားစုတွေ ကိုအချိန်ပေးနိုင်မှာဖြစ်ပါတယ်။

၂၀။ သေးငယ်တဲ့ကိစ္စတွေအတွက် အပင်ပန်းမခံပါနဲ့။

မင်္ဂလာပွဲအတွက် ကြိုစီစဉ်ပါ၊ အချိန်မဆွဲပါနှင့်။ သေးငယ်တဲ့ ကိစ္စတွေနဲ့ အပင်ပန်းမခံပါနှင့်။ သင်တတ်နိုင်သလောက်သာ လုပ်သွားပါ။ မင်္ဂလာပွဲရောက်ဖို့ နှစ်ပတ်အလိုမှာတော့ ဘာတစ်ခုမှလုပ်ပါနှင့်။ သင့်ရဲ့နေ့ကို ပျော်ပျော်ပဲ ဆင်နွဲလိုက်ပါ။ ဒါ့အပြင် မင်္ဂလာပွဲကျင်းပတဲ့နေ့မှာ လင်နဲ့မယားအဖြစ် သင်တို့နှစ်ဦးတည်းအတွက် သီးသန့်အချိန်ယူဖို့ မမေ့ပါနှင့်။ စိတ်ဖိစီးမှုတွေများနိုင်သလို မင်္ဂလာပွဲကျင်းပချိန်မှာ အမှားအယွင်းတွေရှိလာနိုင်ပေမယ့် အရေးကြီးတာကို မမေ့ပါနှင့် လို့ အကြံပေးချင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:55
Rate this item
(0 votes)