Viu ၏ ပထမဦးဆုံးသော Original ဒရာမာဇာတ်လမ်းတွဲဖြစ်သည့် River Where the Moon Rises ထွက်ရှိ

Viu ၏ ပထမဦးဆုံးသော Original ဒရာမာဇာတ်လမ်းတွဲဖြစ်သည့် River Where the Moon Rises ထွက်ရှိ

Viu ၏ ပထမဦးဆုံးသော Original ဒရာမာဇာတ်လမ်းတွဲဖြစ်သည့် River Where the Moon Rises ထွက်ရှိ ဇာတ်ကားထဲတွင်K-drama အချစ်ဇာတ်လမ်း ကြယ်ပွင့်များဖြစ်သည့်

Kim So Hyun နှင့် Ji Soo တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားကြသည်။

Viu သည် ၄င်း၏ ပထမဦးဆုံးသော Original ကိုရီးယားအချစ် ဇာတ်လမ်းတွဲ River Where the Moon Rises အား စတင်ထုတ်လွှင့်ပြသပေးသွား‌တော့မည်ဖြစ်သည်။

ဇာတ်လမ်းတွဲတွင် Kim So Hyun မှ တော်ဝင်မင်းသမီး Pyeonggang အဖြစ်ဖြင့်လည်းကောင်း၊ Ji Soo မှ On Dal အဖြစ်ဖြင့်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားကြပြီး ကိုရီးယားခေတ်ဟောင်းပုံပြင်တစ်ခုအပေါ် အခြေခံရိုက်ကူးထားသည့် အဆိုပါ River Where the Moon Rises အား Viu Application ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၅) ရက်နေ့မှ စတင်၍ ကိုရီးယားရုပ်သံလိုင်းများနှင့်အပြိုင် ပြသပေးသွားမည်ဖြစ်သည်။

ဇာတ်လမ်းအကျဥ်းမှာ တော်ဝင်မင်းသမီးအဖြစ် မွေးဖွားလာခဲ့သော်လည်း စစ်သားတစ်ယောက်နည်းတူ ကြီးပြင်လာခဲ့ရသော Pyeonggang သည် သူမ၏ မိခင်နှင့်အတူ နန်းတော်ပြင်ပသို့ လှည့်လည်ကြရင်း ရွာတစ်ရွာ၌ On Hyeop နှင့် သူ့သားဖြစ်သူ On Dal တို့နှင့် တွေ့ဆုံခဲ့ကြပါတယ်။ Pyeonggang မှ ပထမဦးဆုံးသော ဘုရင်မအဖြစ် တိုင်းပြည်အား အုပ်ချုပ်မည်ဟူသော သူမ၏ ရည်မှန်းချက်များကို ပြောကြားရာ အမျိုးသမီးတစ်ဦးအနေဖြင့် တိုင်းရေးပြည်ရာများတွင် ပါဝင်ခွင့်မရှိကြောင်း On Dal မှ လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူမ၏ မိခင် မိဘုရားခေါင်ကြီးမှလည်း On Dal ၏ ဖခင်ထံမှ နန်းတွင်းတာဝန်ထမ်းဆောင်ပေးဖို့အတွက် အကူအညီတစ်ခု ရယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မင်းသမီး Pyeonggang တို့တွေ နန်းတော်တွင်း ပြဿနာတွေကို ဖြေရှင်းပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ဘယ်လိုတွေ လုပ်ဆောင်ခဲ့ကြလဲဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးထဲမှာ တွေ့မြင်ရမှာပါ။

ဇာတ်လမ်းထဲတွင် K-drama ပရိတ်သတ်များအကြား နန်းတွင်းဇာတ်ကားများကြောင့် လူကြိုက်များထင်ရှားခဲ့သော Kim So Hyun မှ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။ Kim သည် ၂၀၁၆ ခုနှစ်မှ စတင်ကာ ကလေးသရုပ်ဆောင်အဖြစ်ဖြင့် အနုပညာလှုပ်ရှားမှု စတင်ခဲ့ပြီး Moon Enbracing the Sun ဇာတ်ကားမှ ဗီလိန်မင်းသမီးအဖြစ်လည်း လူသိများခဲ့သည်။ ထို့အပြင် အခြားသော နာမည်ကြီး ဒရာမာဇာတ်လမ်းများဖြစ်သည့် Who Are You: School 2015၊ Emperor: Owner of the Mask စသည့် ဇာတ်လမ်းများ၌လည်း အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး Tale of Nokdu ဇာတ်လမ်းတွဲတွင်လည်း သူမ၏ မီပြင်စွာ သရုပ်ဆောင်နိုင်မှုများကြောင့် 2019 KBS Drama Awards ဆုပေးပွဲ၌ Excellence Award ကို ဆွတ်ခူးရရှိခဲ့သည်။ Instagram တွင် follower ၁၀ သန်းကျော်ရှိသော ကမ္ဘာတစ်ဝှမ်းတွင် လူသိများထင်ရှားသည့် အငယ်ဆုံးသရုပ်ဆောင် မင်းသမီးအဖြစ်လည်း မကြာသေးမီက မှတ်တမ်းတင်ခံခဲ့ရသူတစ်ဦးဖြစ်သည်။

ထို့အပြင် On Dal အဖြစ် ပါဝင်ထားသည့် Ji Soo မှလည်း သူ၏ ‌ယောက်ျားပီသမှုနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုများကြောင့် ပရိတ်သတ်များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ Ji Soo သည် When I Was the Most Beautiful နှင့် ပရိတ်သတ်များ၏ အသည်းစွဲ Strong Woman Do Bong Soon ဇာတ်ကားတို့အပြင် နာမည်ကြီး ခတ်ပြိုင်ဇာတ်ကား Moon Lovers တွင်လည်း ပါဝင်ထားသည်ကို တွေ့ရသည်။

အဆိုပါ Viu Original ဇာတ်လမ်းတွဲ River Where the Moon Rises အား တောင်ကိုရီးယား၏ ထုတ်လုပ်ရေး Victory Contents မှ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ Temptation၊ Women of 9.9 Billion ၏ ဇာတ်ညွှန်းရေးဆရာဖြစ်သူ Han Ji Hoon မှ ရေးသားပုံဖော်ကာ Kingmaker: The Change of Destiny and Saimdang နှင့် Memoirs of Colors တို့မှ ဒါရိုက်တာဖြစ်သူ Yun Sang Ho မှ ဒါရိုက်တာအဖြစ် ရိုက်ကူးထားခြင်းဖြစ်သည်။

“အာရှရဲ့ အကောင်းဆုံး ဖျော်ဖြေရေးဇာတ်လမ်းတွဲတွေကို ကြည့်ရှုသူတွေထံယူဆောင်လာပေးဖို့ Viu က ကတိကဝတ်ပြုထားပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ အရည်သွေးပြည့်ဝကောင်းမွန်ပြီး ပရိတ်သတ်တွေအကြိုက်တွေ့နိုင်မယ့် Viu Originals တွေ အထူးသဖြင့် ကိုရီးယား ဒရာမာဇာတ်လမ်းတွဲတွေကို ပိုပြီး ထုတ်လုပ်ပေးသွားနိုင်ဖို့လည်း ကျွန်မတို့ ကြိုးစားနေပါတယ်။ အခုဒီ River Where the Moon Rises မှာဆိုရင်လည်း ဇာတ်လမ်း၊ script၊ သရုပ်ဆောင်တွေကို အကောင်းဆုံးတွေပဲ ရွေးချယ်ဖန်တီးထုတ်လုပ်ပေးထားတာဖြစ်လို့ K drama ပရိတ်သတ်တွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါလို့ ပြောချင်ပါတယ်။” ဟု Viu ၏ Chief Content Officer ဖြစ်သူ Ms. Virginia Lim မှ ပြောကြားသွားခဲ့ပါသည်။

စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဟောင်ကောင်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ဂျော်ဒန်၊ အီဂျစ် စတဲ့ Viu စျေးကွက်ရှိတဲ့ နိုင်ငံတွေမှာ River Where the Moon Rises ကို Viu App တစ်ခုတည်းမှာသာ ကြည့်ရှုနိုင်တဲ့ အထူးသီးသန့်ဇာတ်လမ်းတွဲအဖြစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်ကာ ပြသပေးသွားမည်ဖြစ်သည်။ ထို့အပြင် Viu တွင် အခြားသော နာမည်ကြီးဇာတ်ကားများဖြစ်သည့် True Beauty၊ Mr. Queen၊ မကြာမီထွက်ရှိတော့မည့် Penthouse 2၊ Mouse၊ Luca၊ Dear M စသည်တို့ကိုလည်း ကြည့်ရှုနိုင်ပြီး Viu App အား App Store နှင့် Google Play တို့တွင် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါသည်။

 

Read times
Rate this item
(0 votes)