မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးဖို့ထောင့်စေ့အောင်ဘယ်လိုစီစဉ်မလဲ။

မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးဖို့ထောင့်စေ့အောင်ဘယ်လိုစီစဉ်မလဲ။ google

အားလုံးပဲမင်္ဂလာပါရှင့်။မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးဖို့ထောင့်စေ့အောင်စီစဉ်ရတာကလွယ်ကူတဲ့ကိစ္စတစ်ရပ်မဟုတ်ပါဘူုး။ဒါကြောင့် ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေကို

 

 

မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးဖို့စီစဉ်ရာမှာအထောက်အကူပြုနိုင်ဖို့အချက်အလက်လေးတွေကိုဝေမျှပေးချင်ပါတယ်။

 

 

ဟိုးအရင်ကတော့ မင်္ဂလာပွဲကြီးတစ်ခုကိုပဲအာရုံစိုက်ကြပြီး လက်မှတ်ကိုအိမ်နားကတရားရုံးမှာပဲသွားထိုးလိုက်ပြီး ပြီးသွားကြတာများပါတယ်။ အခုနောက်ပိုင်းမှာတော့ hotelတွေမှာ

 

 

မော်ကွန်းတင်လက်မှတ်ရေးထိုးခြင်း ဆို ပြီး တစ်ပွဲ သက်သက်လုပ်ကြသလို၊ တရားသူကြီးပင့်ပြီးလက်မှတ်ထိုးနဲ့ဆွမ်းကျွေးကိုပေါင်းပြီး တစ်ပွဲကျင်းပလာကြပါတယ်။

 

 

မြန်မာဓလေ့ထုံးစံ အရတော့ အရွယ်ရောက်ပြီးတဲ့အမျိုးသားနဲ့အမျိုးသမီး ၂ ဦးဟာလူသိရှင်ကြားမင်္ဂလာဆောင်ပြီးတစ်အိမ်ထဲပေါင်းသင်းနေထိုင်ရင် လင်မယားအရာမြောက်ပါတယ်။

 

 

ဒါပေမယ့်လည်း ဓမ္မသတ်ကျမ်းမှာတော့ အမျိုးသားရဲ့အသက်အရွယ်ဟာရင့်ကျက်နေတဲ့အသက်အရွယ်ဖြစ်ရပြီး အမျိုးသမီးကလည်း ၁၆ နှစ်ပြည့်ပြီးသား ဖြစ်ရမှာ ဖြစ်သလို မိဘအုပ်ထိန်းသူကလဲခွင့်ပြုရပါမယ်။

 

 

ဒါ့အပြင်လက်မှတ်ရေးထိုးထားမှသာ ဥပဒေအရလင်မယားအရာမြောက်ပြီးလင်မယားအခွင့်အရေးနဲ့ ပစ္စည်းဥစ္စာခွဲဝေတာတွေကအကျုံးဝင်မှာပါ။

 

 

တရားရုံးမှာလက်မှတ်သွားထိုးတာမဟုတ်ရင်တောင်တရားသူကြီးပင့်ပြီးလက်မှတ်ထိုးမှတကယ်တရားဝင်တာပါ။

 

 

မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးရာမှာ Hight court ရဲ့ ဗိသုကာလက်ရာတွေ လှေကားကြီးတွေနဲ့လက်မှတ်ထိုးနေ့ရဲ့ပုံလေးတွေရိုက်ချင်ကြလို့ High Court က နာမည်ကြီးပါတယ်။

 

 

High Court ကမဟာဗန္ဓုလပန်းခြံနဲ့နီးတော့လက်မှတ်ထိုးပြီးအပြန်ပန်းခြံထဲဝင်ရိုက်လို့ရပါတယ်။ တစ်ခုသတိထားရမှာကစနေ၊တနင်္ဂနွေနဲ့ public holiday တွေဆို court ပိတ်ပါတယ်နော်။

 

 

တရားရုံးမှာထိုးမယ်ငွေလဲတတ်နိုင်တယ်ဆိုရင်စီစဉ်သူသို့မဟုတ်အပြီးအစီးလုပ်ပေးတဲ့ဆိုင်တွေကိုအပ်လိုက်တာကပိုအဆင်ပြေပါတယ်။

 

 

Highcourtတွေဘာတွေလဲသွားမထိုးနေတော့ဘူးဆိုရင်တော့ကိုယ်နေတဲ့မြို့နယ်ကတရားရုံးမှာပဲ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးလို့ရပါတယ်။

 

 

ဟိုတယ်တွေ တခြားနေရာတွေမှာ လက်မှတ်ထိုးဖို့ တရားသူကြီးပင့်ရင်တော့တရားရုံးမှာထိုးတာထက်တော့အကုန်အကျပိုများတတ်ပါတယ်။

 

 

ဒါဆို လက်မှတ်သွားထိုးတဲ့နေ့အတွက်ဘာတွေပြင်ဆင်သွားမလဲ ။

 

 

၁။စာချုပ်လှလှလေးဝယ်သွားပါ။လှတာထက်နှစ်တွေကြာတဲ့ထိခံမယ့်အရည်အသွေးကောင်းတာလေးရွေးဖို့လိုပါတယ်။

 

 

၂။ မိတ်ကပ်လှလှလေးလိမ်းသွားပါ ။ မင်္ဂလာပွဲကမှ ပွဲကြီး dinner ခွဲလို့ရသေးတယ်။

 

 

လက်မှတ်ထိုးရတစ်သက်တခါမို့ လှလှလေးပြင်ပီး photo ရိုက်ဖို့ပါ။

 

 

၃။တကယ်လို့photoရိုက်ပေးမယ့်သူငယ်ချင်းတစ်ယောက်videoရိုက်ပေးမယ့်သူငယ်ချင်းတစ်ယောက်

 

 

ခေါ်သွားပါ။ ပုံတွေအများကြီး အမှတ်တမဲ့လေးတွေကိုကအစရိုက်ခိုင်းပါ။

 

 

video ရိုက်ဖို့လုံးဝမမေ့ပါနဲ့။

 

 

၄။ လက်မှတ်ထိုးပြီးတာနဲ့ စာချုပ်လေးကိုလက်နဲ့ကိုင်ရင်း စိတ်ထဲက ဘုရားစာအတိုလေးရွတ်ပီး

 

 

အိမ်ထောင်ရေးသာယာဖို့ဆုတောင်းကြပါ။ တခြားဘာသာဝင်တွေဆိုလဲကိုယ့်ဘာသာအရဆုတောင်းပါ။

 

 

၅။ အသိသက်သေအတွက်ကြိုရွေးထားပါ။

 

 

စိတ်ကိုအကြည်လင်ဆုံးထားကြဖို့လဲသတိပေးပါရစေရှင်။အားလုံးပဲ အစစအရာရာအဆင်ပြေချောမွေ့တဲ့ Signing Day လေးကို ဖြတ်သန်းနိုင်ကြပါစေရှင်။

 

 

Reference- Original Uploder

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

 

အားလံုးပဲမဂၤလာပါရွင့္။မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးဖို႔ေထာင့္ေစ့ေအာင္စီစဥ္ရတာကလြယ္ကူတဲ့ကိစၥတစ္ရပ္မဟုတ္ပါဘူုး။ဒါေၾကာင့္ ဒီေန႔မွာ Myanmar Wedding Guide ပရိတ္သတ္ေတြကို

 

မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးဖို႔စီစဥ္ရာမွာအေထာက္အကူျပဳနိုင္ဖို႕အခ်က္အလက္ေလးေတြကိုေဝမွ်ေပးခ်င္ပါတယ္။

 

ဟိုးအရင္ကေတာ့ မဂၤလာပြဲႀကီးတစ္ခုကိုပဲအာ႐ုံစိုက္ၾကၿပီး လက္မွတ္ကိုအိမ္နားကတရား႐ုံးမွာပဲသြားထိုးလိုက္ၿပီး ၿပီးသြားၾကတာမ်ားပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ hotelေတြမွာ

 

ေမာ္ကြန္းတင္လက္မွတ္ေရးထိုးျခင္း ဆို ၿပီး တစ္ပြဲ သက္သက္လုပ္ၾကသလို၊ တရားသူႀကီးပင့္ၿပီးလက္မွတ္ထိုးနဲ႔ဆြမ္းေကၽြးကိုေပါင္းၿပီး တစ္ပြဲက်င္းပလာၾကပါတယ္။

 

ျမန္မာဓေလ့ထံုးစံ အရေတာ့ အရြယ္ေရာက္ၿပီးတဲ့အမ်ိဳးသားနဲ႔အမ်ိဳးသမီး ၂ ဦးဟာလူသိရွင္ၾကားမဂၤလာေဆာင္ၿပီးတစ္အိမ္ထဲေပါင္းသင္းေနထိုင္ရင္ လင္မယားအရာေျမာက္ပါတယ္။

 

ဒါေပမယ့္လည္း ဓမၼသတ္က်မ္းမွာေတာ့ အမ်ိဳးသားရဲ႕အသက္အရြယ္ဟာရင့္က်က္ေနတဲ့အသက္အရြယ္ျဖစ္ရၿပီး အမ်ိဳးသမီးကလည္း ၁၆ ႏွစ္ျပည့္ၿပီးသား ျဖစ္ရမွာ ျဖစ္သလို မိဘအုပ္ထိန္းသူကလဲခြင့္ျပဳရပါမယ္။

 

ဒါ့အျပင္လက္မွတ္ေရးထိုးထားမွသာ ဥပေဒအရလင္မယားအရာေျမာက္ၿပီးလင္မယားအခြင့္အေရးနဲ႔ ပစၥည္းဥစၥာခြဲေဝတာေတြကအက်ံဳးဝင္မွာပါ။

 

တရား႐ုံးမွာလက္မွတ္သြားထိုးတာမဟုတ္ရင္ေတာင္တရားသူႀကီးပင့္ၿပီးလက္မွတ္ထိုးမွတကယ္တရားဝင္တာပါ။

 

မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးရာမွာ Hight court ရဲ႕ ဗိသုကာလက္ရာေတြ ေလွကားႀကီးေတြနဲ႔လက္မွတ္ထိုးေန႔ရဲ႕ပံုေလးေတြ႐ိုက္ခ်င္ၾကလို႔ High Court က နာမည္ႀကီးပါတယ္။

 

High Court ကမဟာဗႏၶဳလပန္းျခံနဲ႔နီးေတာ့လက္မွတ္ထိုးၿပီးအျပန္ပန္းျခံထဲဝင္႐ိုက္လို႔ရပါတယ္။ တစ္ခုသတိထားရမွာကစေန၊တနဂၤေႏြနဲ႔ public holiday ေတြဆို court ပိတ္ပါတယ္ေနာ္။

 

တရား႐ုံးမွာထိုးမယ္ေငြလဲတတ္ႏိုင္တယ္ဆိုရင္စီစဥ္သူသို့မဟုတ္အျပီးအစီးလုပ္ေပးတဲ့ဆိုင္ေတြကိုအပ္လိုက္တာကပိုအဆင္ေျပပါတယ္။

 

Highcourtေတြဘာေတြလဲသြားမထိုးေနေတာ့ဘူးဆိုရင္ေတာ့ကိုယ္ေနတဲ့ၿမိဳ႕နယ္ကတရား႐ုံးမွာပဲ မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးလို႔ရပါတယ္။

 

ဟိုတယ္ေတြ တျခားေနရာေတြမွာ လက္မွတ္ထိုးဖို့ တရားသူၾကီးပင့္ရင္ေတာ့တရားရုံးမွာထိုးတာထက္ေတာ့အကုန္အက်ပိုမ်ားတတ္ပါတယ္။

 

ဒါဆို လက္မွတ္သြားထိုးတဲ့ေန႔အတြက္ဘာေတြျပင္ဆင္သြားမလဲ ။

 

၁။စာခ်ဳပ္လွလွေလးဝယ္သြားပါ။လွတာထက္ႏွစ္ေတြၾကာတဲ့ထိခံမယ့္အရည္အေသြးေကာင္းတာေလးေရြးဖို႔လိုပါတယ္။

 

၂။ မိတ္ကပ္လွလွေလးလိမ္းသြားပါ ။ မဂၤလာပြဲကမွ ပြဲႀကီး dinner ခြဲလို႔ရေသးတယ္။

 

လက္မွတ္ထိုးရတစ္သက္တခါမို႔ လွလွေလးျပင္ပီး photo ႐ိုက္ဖို႔ပါ။

 

၃။တကယ္လို႔photo႐ိုက္ေပးမယ့္သူငယ္ခ်င္းတစ္ေယာက္video႐ိုက္ေပးမယ့္သူငယ္ခ်င္းတစ္ေယာက္

 

ေခၚသြားပါ။ ပံုေတြအမ်ားႀကီး အမွတ္တမဲ့ေလးေတြကိုကအစ႐ိုက္ခိုင္းပါ။

 

video ႐ိုက္ဖို႔လံုးဝမေမ့ပါနဲ႔။

 

၄။ လက္မွတ္ထိုးၿပီးတာနဲ႔ စာခ်ဳပ္ေလးကိုလက္နဲ႔ကိုင္ရင္း စိတ္ထဲက ဘုရားစာအတိုေလးရြတ္ပီး

 

အိမ္ေထာင္ေရးသာယာဖို႔ဆုေတာင္းၾကပါ။ တျခားဘာသာဝင္ေတြဆိုလဲကိုယ့္ဘာသာအရဆုေတာင္းပါ။

 

၅။ အသိသက္ေသအတြက္ႀကိဳေရြးထားပါ။

 

စိတ္ကိုအၾကည္လင္ဆံုးထားၾကဖို႔လဲသတိေပးပါရေစရွင္။အားလံုးပဲ အစစအရာရာအဆင္ေျပေခ်ာေမြ႔တဲ့ Signing Day ေလးကို ျဖတ္သန္းနိုင္ၾကပါေစရွင္။

 

Reference- Original Uploder

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 11 February 2020 15:45
Rate this item
(0 votes)
Tagged under