မြန်မာ့ရိုးရာ မင်္ဂလာပွဲတစ်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့သူ(၂) ဦး

မြန်မာ့ရိုးရာ မင်္ဂလာပွဲတစ်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့သူ(၂) ဦး google.com

မင်္ဂလာမောင်နှံလောင်းလေးတွေက မင်္ဂလာပွဲကို မြန်မာ့ရိုးရာ မင်္ဂလာအခမ်းအနား အစီအစဉ်တွေအတိုင်း ကျင်းပချင်တယ်ဆိုရင် မြန်မာ့ရိုးရာ မင်္ဂလာပွဲတစ်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့သူတွေ အကြောင်းသိထားပြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

 

 

မြန်မာ့ရိုးရာ မင်္ဂလာပွဲတွေအတွက် အဓိကလိုအပ်သူတွေကတော့.....

 

 

ဘိသိက်ဆရာ

 

အခမ်းအနားတွေမှာ အခမ်းအနားမှူး (Master of Ceremony) လိုအပ်သလိုပဲ မြန်မာ့ရိုးရာ မင်္ဂလာအခမ်းအနားတွေမှာလည်း အခမ်းအနားမှူး လိုအပ်ပါတယ်။ မြန်မာမှု အခေါ်အဝေါ်အရတော့ ဘိသိက်ဆရာလို့ ခေါ်ပါတယ်။ အဲ့ဒိ ဘိသိက်ဆရာက မင်္ဂလာအခမ်းအနားတစ်ခုလုံးကို ဦးဆောင်ပြီး ကျင်းပပေးရသလို မင်္ဂလာ သတို့သား၊ မင်္ဂလာသတို့သမီးနဲ့ နှစ်ဖက်မိဘဆွေမျိုး အသိုင်းအဝိုင်းတို့ရဲ့ ဂုဏ်ရှိန်ဝါနဲ့ မျိုးရိုးအဆင့်အတန်းကို ဖော်ကျူးထားတဲ့ ချီးမွမ်းခန်းနဲ့ မင်္ဂလာ သတို့သားနှင့် သတို့သမီးတို့ ရွှေလက်မြဲမြဲ တွဲနိုင်ပါစေကြောင်း တောင်းဆုခြွေထားတဲ့ ဆုတောင်းခန်းကဗျာရှည်တစ်ပိုဒ်ကို အထူးရေးသားကာ ဖတ်ကြားပေးတယ်။ အဲ့လို ဖိတ်ကြားပေးတာကို ဘိသိတ်မြှောက်ခြင်း (သို့) သြဘာစာ ဖတ်ခြင်းလို့ ခေါ်ပါတယ်။

 

 

ပန်းကြဲ မိန်းမပျို

 

မပါမဖြစ် နောက်တစ်ဦးကတော့ အခမ်းအနားထွက်တဲ့အခါမှာ မင်္ဂလာမောင်နှံရှေ့ကနေ ဦးဆောင်ထွက်ခွင့်ရတဲ့ ပန်းကြဲမိန်းမပျို ဖြစ်ပါတယ်။ ပန်းကြဲမိန်းမပျိုလေးက မင်္ဂလာမောင်နှံရှေ့က ဦးဆောင်ပြီးတော့ မင်္ဂလာမောင်နှံ လျှောက်လာမယ့် လမ်းတစ်လျှောက် ပန်းကြဲပေးရတာ ဖြစ်ပါတယ်။ အဲ့လို ပန်းကြဲတဲ့အပြုအမှုက မြန်မာ့ရိုးရာရှေးရိုးအစဉ်အလာ တစ်ရပ်ဖြစ်ပြီး မင်္ဂလာမောင်နှံရဲ့ဘဝခရီးလမ်းတလျှောက် ပန်းခင်းလမ်းမှာ လျှောက်ရစေဖို့ အတိတ်နိမိတ်ကို ဆောင်တာဖြစ်ပါတယ်။

 

ပန်းကြဲတဲ့မိန်းကလေးနောက်မှာ မင်္ဂလာမောင်နှံက နေရာယူရတာဖြစ်ပြီး မင်္ဂလာမောင်နှံရဲ့အနောက်မှာ သတို့သား ၊ သတို့သမီး အရံတွေနဲ့ မင်္ဂလာမောင်နှံရဲ့ နှစ်ဘက်မိဘတွေလိုက်ပါပြီး အခမ်းအနား ထွက်ကြရတာပါ။ အချို့မင်္ဂလာဆောင်တွေမှာတော့ ပန်းကြဲတဲ့မိန်းမပျိုနဲ့ မင်္ဂလာမောင်နှံကြားမှာ မင်္ဂလာလက်စွပ် ဗန်းကိုင်၊ မင်္ဂလာ ပန်းကုံးကိုင်တွေကို တတ်နိုင်ရင် တတ်နိုင်သလို ထည့်သွင်းကြပါတယ်။

 

 

Credit;Marry

Read times Last modified on Tuesday, 09 October 2018 14:29
Rate this item
(1 Vote)