မင်္ဂလာဆောင်နေ့ မှာ ဓာတ်ပုံရိုက်ရင် ဘယ်လိုနေရမလဲ

မင်္ဂလာဆောင်နေ့ မှာ ဓာတ်ပုံရိုက်ရင် ဘယ်လိုနေရမလဲ google

ဒီနေ့ပြောပြပေးမှာကတော့ မင်္ဂလာဆောင်နေ့မှာ ဓာတ်ပုံကောင်းကောင်းထွက်အောင် ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ မင်္ဂလာဆောင်မှာ ဘယ်သူမဆိုဓာတ်ပုံကောင်းကောင်းလေးတွေ လိုချင်မိမှာ အမှန်ပါပဲ ဒီတော့ မဂ်လာပွဲနေ့မှာဓာတ်ပုံလေးတွေ လှဖို့ ဘယ်လိုအနေအထာနေရမယ်ဆိုတာပြောပြပေးမယ်နော်။

 

ဓာတ်ပုံရိုက်တဲ့ အခါတိုင်း မျက်လုံးနဲ့  ကင်မရာတန်းနေအောင် ဂရုစိုက်ပါ။ အားရပါးရ ရယ်လိုက်တာပဲဖြစ်ဖြစ် သင်အမှတ်တရ ဖြစ်စေမယ့် အရာတခုခုကို ဖန်တီးလိုက်ပါ။ တစ်ခုခုပျော်ရွင်စရာ အမှတ်တရ လုပ်လိုက်တော့ ကိုယ့်ပုံလေးတွေပြန်ကြည့်တဲ့အခါ ပိုပြီးအမှတ်ရစေမှာပါ။ ကော်ဇောနီပေါ်မှာ ပိုစ့် ပေးတဲ့ အခါ မော်ဒယ်တစ်ယောက်လို ကိုယ်ကိုသတ်မှတ်ပြီး စတိုင်ထုတ်လိုက်ပါ။ မျက်နှာကိုပြုံးပြီး သင့်တော်မယ့် ပုံစံအမျိုးမျိုးနဲ့ ရိုက်ကြည့်ပါ။ မျက်လုံးတွေကို ကျယ်ကျယ်လွင့်လွင့် ဖွင့်ထားလိုက်သလို မျက်ခုံးလေးကိုပါအနည်းငယ် မြှင့်လိုက်ပါ ဒါဆိုရင် သင့်ရဲ့ဓာတ်ပုံဟာ မျက်ခုံး၊ မျက်လုံး ပေါ်ပေါ်လွင်လွင်နဲ့ လှပနေမှာပါ၊ သတို့သမီးလေးတွေကျတော့ မျက်တောင်တုတပ်ထားရတဲ့ အတွက်ကြောင့် မျက်လုံးကို တက်နိုင်သလောက်ဖွင့် ထားပေးပါလို့ပြောချင်ပါတယ်။ လက်မောင်းတွေကို ကိုယ်မှာကပ်မထားပါနဲ့ နည်းနည်းခွာထားမယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။ လက်မောင်းလေးတွေ သွယ်သွယ်လျလျ ပေါ်လွင်နေရင် ကိုယ်လုံးလေးလည်း သွယ်သွယ်လေးနဲ့ ပိုမိုပေါ်လွင်နေမှာပါ။ မင်္ဂလာလက်ကိုင်ပန်းကို တင်ပါးဆုံနေရာခန့် တွင်ကိုင်တွယ်ပေးပါ။ လက်ကိုင်ပန်း နောက်တွင် မျက်နှာကွယ်နေတာ ဒါမှမဟုတ် မင်္ဂလာဝတ်စုံကို ကွယ်နေတာတို့ ဖြစ်ချင်မှာ မဟုတ်ပါဘူး ဒီတော့ သင့်ရဲ့ လက်ဖျံကို ၄၅ ဒီဂရီကွေးလိုက်ပြီး ကိုင်ထားလျှင် ကိုယ်လုံးအလှလည်းပေါ်လွင်လာပြီး အဆင်ပြေသွားမှာပါ။ ကဲဒီတော့ မင်္ဂလာဆောင်နေ့ မှာ ဘယ်လိုပိုစ့်  ပေးလိုရပြီဆိုတာ သိသွားပြီပေါ့နော်။ 

 

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under