Wedding Planning Tips-2

Wedding Planning Tips-2

၆။ သင့်ရဲ့ပုဂိုလ်ရေးရာ သီးသန့်အကြောင်းအရာ တစ်ချို့ကို ဧည့်သည်တွေကို ဝေမျှပါ။

ကျွန်မတို့ မင်္ဂလာဆောင်အတွက် ချစ်စရာအချစ် ဇာတ်လမ်းလေးတစ်ခုကို ဖတ်ရှုရဖို့ ဆုံးဖြတ်တာက အကောင်းဆုံးပါပဲ။ ကျွန်မတို့ရဲ့ ဧည့်သည်တွေက မင်္ဂလာဆောင်ဟာ ဘယ်လောက်နှစ်သက်စရာ ကောင်းပြီး အမှတ်ရစရာ ကောင်းသလဲ ဆိုတာကို ပြောလို့ မဆုံးပါဘူး။ နောက်ပြီး ကျွန်မတို့ Facebook ပေါ်က မင်္ဂလာဓါတ်ပုံအများအပြားကို ဖြန့်ဝေနေကြတဲ့ ဧည့်သည်အတော်များများလည်း ရှိပါသေးတယ်။ ရုပ်ရှင်ဗွီဒီယိုရိုက်ကူးသူအနေနဲ့ ရိုက်ကူးချက်အပိုင်းအစတွေကို ချိတ်ဆက်ဖို့ စိတ်ဖိဖိစီးစီးနဲ့လုပ်လိုက်ရပြီးနောက်မှာ ရလာတဲ့ ထူခြားတဲ့မင်္ဂလာဆောင်ရုပ်ရှင်တစ်ခုကိုလည်း နောက်ဆုံးကျွန်မတို့ ရလိုက်တယ်။ ဗွီဒီယိုရိုက်ကူးသူက ဒီနေရာမှာ ပုံပြောသူ ဖြစ်သွားပါတယ်။ ထို့ကြောင့် သင့်ရဲ့အချစ်ဇာတ်လမ်း အပိုင်းအစလေးတွေကို တစ်စုတစ်စည်းတည်း ဖော်ပြလိုက်တာက သင့်ရဲ့မင်္ဂလာဆောင် ရုပ်ရှင်တွေကို အချိန်အကြာကြီး ဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။

၇။ မဖြစ်နိုင်ဘူး ထင်ရရင်တောင် စိတ်မဖိစီးပါစေနဲ့။

ဘာကြောင့် သင်တို့လက်ထပ်ရတယ်ဆိုတာကို မမေ့ပဲ သင်တို့နှစ်ဦးလုံးအတွက် အမှန်တကယ်အမှတ်ရနေမယ့် ပွဲတစ်ပွဲဖြစ်အောင် ကြိုးစားပါ။ သင့်ရဲ့ Vendor တွေ၊ ဓါတ်ပိုံက်သူတွေက သူတို့အလုပ်ကို အကောင်းဆုံးလုပ်သွား မယ်ဆိုတာ ယုံထားပါ။ မင်္ဂလာပွဲစတာနဲ့ ပွဲနဲ့လိုက်လျောညီထွေဖြစ်အောင်နေပါ။ ကျွန်မသတိတရဖြစ်မိတဲ့ အဖြစ်အပျက်ကတော့ ကျွန်မကို သတို့သားဆီလက်တွဲခေါ်ဆောင်ပေးပြီးနောက်မှာ အဖေ့ရဲ့အိတ်ကပ်ထဲမှာ ကျွန်မကျမ်းသစာကျိန်ဆိုရမယ့် စာရှိနေတဲ့အတွက် အဖေ့ကိုကျွန်မအော်ခေါ်လိုက်မိတဲ့ အဖြစ်အပျက်ပါ။ လူတိုင်းရယ်မိကြသလို ကျွန်မကိုယ်တိုင်လည်း ရယ်မိတယ်။

ကျွန်မတို့ ပွဲလေးက အလွန်ငယ်ပေမယ့်လည်း အဆင်ပြေပါတယ်။ သင့် ဇနီး (သို့) အမျိုးသားနဲ့ နှစ်ယာက်တည်း အချိန်အနည်းငယ် ယူဖို့မမေ့ပါနဲ့။ ကျွန်မတို့ရဲ့ ဓါတ်ပုံဆရာက ဓါတ်ပုံရိုက်နေချိန်မှာ သူမရဲ့ရှေ့ဖြတ်လျှောက်ဖို့ အကြံပေးခဲ့တာ အတော်ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုရင် လမ်းလျှောက်ရင်း ဓါတ်ပုံရိုက်တာက  ဆန်းသစ်တဲ့ မင်္ဂလာဓါတ်ပုံတွေ ရရှိစေပါတယ်။

၈။ ဦးစားပေးရမယ့် အရာကိုရွေးချယ်ပါ။

တစ်နေ့လုံးကို ကျွန်မတို့တစ်သက်လုံး အမှတ်ရနေမယ့် ပွဲလေးအဖြစ် လိုချင်ကြပါတယ်။ ပွဲက ပျော်စရာအရမ်း ကောင်းတယ်လို့ လူတွေပြောကြမှာကို ကျွန်မတို့လိုချင်ကြပါတယ်။ ကျွန်မတို့ ဒီလိုဖြစ်အောင်လည်း လုပ်နိုင်ပါတယ်။ ဓါတ်ပုံဆရာ၊ ဒီဂျေသမား စတဲ့ ပွဲအတွက် အမှန်တကယ်အရေးကြီးတဲ့ အရာအနည်းငယ်ကိုရွေးပြီး လုပ်သွားပါ။ ကိုယ်နှစ်သက်သလို လုပ်ဆောင်ပြီး ပျော်စရာဖြစ်နေစေဖို့ မမေ့ပါနဲ့။

၉။ လူတကာရဲ့အကြိုက်ကို သင်လိုက်မလုပ်နိုင်တာကို သိပါ။

လူတိုင်းကို သင်ပျော်အောင်လုပ်လို့မရပါဘူး။ လူတိုင်းအဆင်ပြေအောင် ကြိုးစားပေးနေတာက ပွဲတစ်ခုလုံးကို စိတ်ညစ်စရာမဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ဒီနေ့ပွဲဟာ သင့်ရဲ့ပွဲဖြစ်လို့ သင်အတွက်ပဲလုပ်ပါ။ ဒီလိုအခွင့်အရေးက ဒီတစ်နေ့ထဲပဲ သင်ရမှာပါ။

၁၀။ ဘ၀တစ်လျှောက်လုံး နှစ်ဦးအတူတူလုပ်ဆောင်ကြပါ။

ဘယ်လိုပဲ ကောင်းအောင်လုပ်နေပါစေ၊ သင့်မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေမှာ အကြံဥာဏ်တွေ၊ ယူဆချက်တွေ နဲ့ သင့်ရဲ့ဆုံးဖြတ်ချက်ကို သဘောမတူတာတွေတောင် ရှိနေနိုင်ပါတယ်။ ဒီလိုနဲ့ သင်တို့ဇနီးမောင်နှံနှစ်ဦး လွယ်လွယ်လေးနဲ့ သဘောထား ကွဲလွဲသွားနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီပွဲက သင်တို့နှစ်ဦးရဲ့ အချစ်နဲ့ အနာဂတ်နဲ့ပဲဆိုင်မှာ ဖြစ်လို့ ဆုံးဖြတ်ရွေးချယ်တာတွေက သင်တို့အတွက်ပဲ ဖြစ်နေပါစေ။  အရေးကြီးဆုံးကို မှတ်ထားပြီး ဆောင်ရန် နဲ့ ရှောင်ရန်တွေကို မေ့ထားလိုက်ကာ သင့်ရဲ့နှလုံသားဆနအတိုင်းပဲ လုပ်လိုက်ပါ။ ဆုံးဖြတ်ချက်တစ်ခုစီတိုင်းဟာ သင်တို့နှစ်ဦးအတွက်ပဲ ဖြစ်နေမယ်ဆိုရင် ဒီပွဲဟာ သင့်ဘ၀ရဲ့အမှတ်တရ အရှိဆုံးနေ့လေးဖြစ်လာပါလိမ့်မယ်။

Read times Last modified on Wednesday, 19 September 2018 17:56
Rate this item
(1 Vote)