ကိုဗစ်ကြောင့် (၂ဝ၂ဝ)ထဲမှာ မင်္ဂလာ ပွဲ စီစဉ်ထားသူ တစ်ချို့ အခက်ကြုံ ခဲ့ရပါတယ်။မျှော်လင့်မထားတဲ့ ကပ်ရောဂါ ဆိုး ကြောင့် မင်္ဂလာ ပွဲ ရွှေ့ဆိုင်းခဲ့ရတဲ့ ဆယ်လီတွေ အကြောင်းကို Glamour မှာ အခုလို ဖော်ပြထားပါတယ်။
Taraji P. Henson and Kelvin Hayden

Taraji P. Henson နဲ့ ဘောလုံးသမားဟောင်း တို့ရဲ့ လက်ထပ်ပွဲကလည်း ကိုဗစ်ကြောင့် နှောင့်နှေးခဲ့ရပါတယ်။မင်္ဂလာ ပွဲကို ဧပြီ မှာ ကျင်း ပဖို့ အစက စီစဉ်ထားတာပါ။ဒါပေမယ့် လည်း နောက်ပိုင်းမှာတော့ အစီအစဉ်က ရွှေ့ဆိုင်းခဲ့ရပါတယ်။
Brooklyn Beckham & Nicola PeltzKLYN
![]()
Brooklyn နဲ့ Nicola တို့ က တော့ (၂ဝ၂ဝ)ဇူလိုင်တုန်းက စေ့စပ်လိုက်တဲ့အ ကြောင်းကြေညာခဲ့တာပါ။အစတုန်းက (၂ဝ၂၁) စက်တင်ဘာမှာ မင်္ဂလာပွဲ ကျင်းပမယ်ဆိုပြီး သူတို့နဲ့ နီးစပ်တဲ့ သူတွေကို ပြော ထား ခဲ့ ပါတယ်။ဒါပေမယ့် လည်း နောက်ဆုံး မှာ တော့ Brooklyn က ဧည့်သည်ကိုအ ရေ အတွက် အကန့်အသတ်နဲ့ မဖိတ်ချင်တာရယ်၊လက်ရှိ ကိုဗစ် အနေအထားက မတည်ငြိမ် တော့ ထပ်ပြီး ရွှေ့ဆိုင်းရတာ မျိုးတွေ မလုပ်ချင်တော့ လို့ စိတ်ချရအောင် (၂ဝ၂၂)အထိ ရွှေ့ဖု့ိ ဆုံးဖြတ်ခဲ့ပါတယ်။
Katy Perry & Orlando Bloom

သူတို့ အတွဲ က တော့ အခုဆိုရင် ကလေးလေး ရ နေပါပြီ။(၂ဝ၂ဝ)သြဂုတ် (၂၇)မှာ ကြေညာခဲ့တာပါ။မင်္ဂလာပွဲကို တော့ ဒီနှစ် နွေရာသီ တည်းက ဂျပန်မှာ လုပ်ဖို့ စီစဉ်ထားတာပါ။ပရိသတ်(၁၅ဝ)ဖိတ်မယ်၊လက်ထပ်ကြမယ် ဆိုပြီး စီစဉ်ခဲ့ပေမယ့်လည်း ကိုဗစ် ကြောင့် ဘယ်လို မှ ကျင်းပလို့ မရ တော့ တာပါ။
Emma Stone & David McCary
အော်စကာမင်းသမီးချော Emma Stone နဲ့ David McCary တို့က တော့ (၂ဝ၂ဝ)မတ်လ ကျရင် လော့အိန်ဂျလိစ် မှာ လက်ထပ် မယ်ဆိုပြီး စီစဉ်ထားခဲ့တာပါ။အခုတော့ ကိုဗစ်ကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး။ McCary က တော့ စေ့စပ်လိုက်တဲ့အ ကြောင်းကို (၂ဝ၁၉)ဒီဇင်ဘာမှာ ကြေညာခဲ့တာပါ။သူတို့အတွဲက တော့ (၂ဝ၁၆)တုန်းက Stturday Live မှာ ဆုံခဲ့တာပါ။Emma က အဲ့ဒီ Show မှာ တင်ဆက်သူ လုပ်ခဲ့တာပါ။
Jennifer Lopez & Alex Rodriguez

ကိုဗစ်က သူမရဲ့ လက်ထပ် ပွဲ အစီအစဉ် အပေါ် ထိခိုက်မှု ရှိစေခဲ့တယ်လို့ Ellen Show မှာ ပြောခဲ့ပါတယ်။(2019)မတ် မှာ လက်ထပ် ခွင့် တောင်းပြီး နွေလောက်ကျရင် လက်ထပ်မယ်ဆိုပြီး အစ က စီစဉ်ထားခဲ့တာပါ။J.Lo က တော့ Youtube ဗီဒီယိုဖိုင် တစ်ခုမှာ ဘုရား ကျောင်းမှာ တစ်ခါမှ လက်မထပ်ဖူးသေးလို့ ဒီတစ်ခါ တော့ ဘုရားကျောင်းမှာ လက်ထပ်ချင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။
Ref: SouthChinaMorning






