ကိုယ့်ဘဝကိုယ်အသစ်ဘယ်လိုပြန်တည်ဆောက်မလဲ

ကိုယ့်ဘဝကိုယ်အသစ်ဘယ်လိုပြန်တည်ဆောက်မလဲ

မြန်မာ့လူဘောင်အဖွဲ့အစည်းမှာ တစ်ခုလပ် အမျိုးသမီးတွေကိုဆိုရင် အနှိမ်ခံလူသားအဖြစ် အလိုလို သတ်မှတ်ထားတတ်ကြပါတယ်။ 

အဲဒီလိုအဖြစ်ရအောင် အောက်တွင် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 


ဆုံးဖြတ်ချက်တွေ ရဲရင့်ခြင်း

 

တစ်ခုလပ်ဆိုတာ ဘယ်သူမှ ဖြစ်ချင်လို့ဖြစ်လာတာမဟုတ်ပါဘူး။ ကိုယ်ကလည်း ကိုယ့်ဘက်က တာဝန်ကျေလျက်နဲ့မှ တစ်ဘက်နဲ့ ဘယ်လိုမှ ညှိနှိုင်းလို့မရတော့တဲ့အဆုံးမှာတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုအပ်ပါတယ်။

 

သားသမီးတွေ မိတစ်ကွဲ ဖတစ်ကွဲဖြစ်မှာစိုးလို့၊ တစ်ခုလပ်ဆိုပြီး အနှိမ်ခံရမှာစိုးလို့ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ကိုယ့်ဆုံးဖြတ်ချက် မဝေဝါးမိပါစေနဲ့။ သားသမီးတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖို့လည်း မမေ့ပါနဲ့။

 

ကွာရှင်းပြတ်စဲလိုက်တဲ့အခါ သူတို့အနေနဲ့ အဆင်ပြေမပြေဆိုတာလည်း အကြံဥာဏ်တောင်းခံသင့်ပါတယ်။

 

ကလေးတော်တော်များများကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေ မြင်ရတာနဲ့စာရင် မိတစ်ကွဲဖတစ်ကွဲဖြစ်ရတာ တော်သေးတယ်လို့ ပြန်ဖြေကြပါလိမ့်မယ်။

 

အိမ်တွင်းအကြမ်းဖက်မှုတွေ မြင်တွေ့ခံစားသိမြင်နေရတဲ့ ကလေးတွေဟာ စိတ်ဒဏ်ရာ အတော်ရသွားတတ်ပါတယ်။

 

တချို့ကလေးတွေဆို နှလုံးရောဂါတို့ဘာတို့တောင် ဖြစ်တတ်ပါတယ်။ ကိုယ့်သားသမီးတွေကို တကယ်ချစ်ရင် ဆုံးဖြတ်ချက်သာ ရဲရင့်လိုက်ပါ။

 

အနှိမ်မခံရအောင် အလုပ်နဲ့သက်သေပြခြင်း

 

တစ်ခုလပ်သော်ငြား ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တယ်၊ နောက်ယောက်ျားမလိုဘူးဆိုတာမျိုးကို အလုပ်နဲ့ သက်သေပြပါ။

 

မြန်မာပြည်မှာက တစ်ခုလပ် မုဆိုးမတွေဆို လက်တည့်စမ်းချင်တဲ့ ယောက်ျားဘသားက တော်တော်များသားရယ်။ ဒါကြောင့် လင်မရှိတဲ့ မိန်းမ မတင့်တယ်ဆိုတဲ့ စကားတွေ ထွက်လာတာပေါ့။

 

အချောင်နှိုက်ချင်တဲ့သူတွေ များနေလို့ပါ။ ပညာသင်စရာရှိသင်၊ ကိုယ်နဲ့ လိုက်ဖက်မယ့် စီးပွားရေးကို ရဲရဲရင့်ရင့်နဲ့သာလုပ်ပါ။

 

ပတ်ဝန်းကျင်က သနားသယောင်အသံတွေ ထွက်လာပြီဆိုရင် သနားစရာမလိုကြောင်း ပြောနိုင်အောင် အလုပ်ကြိုးစားပြပါ။ ဒါမှ ဒင်းတို့ ပါးစပ်ပေါက်တွေ ပိတ်သွားမှာပါ။

Read times Last modified on Monday, 19 November 2018 14:21
Rate this item
(1 Vote)
Tagged under