မင်္ဂလာမဆောင်ခင် ပြင်ဆင်သင့် သောအရာများ

မင်္ဂလာမဆောင်ခင် ပြင်ဆင်သင့် သောအရာများ google

ကိုယ့်ပွဲမှာ ဧည့်ပရိသတ် ဘယ်လောက်လောက်ကို ဖိတ်မလဲ၊ ဧည့်သည်ဘယ်နှယောက်လောက် တက်ရောက်နိုင်မလဲဆိုတာကို ခန့်မှန်းစာရင်း လုပ်ထားဖို့ လိုအပ်ပါတယ်။

 ရွှေလက်တွဲကြတော့မယ့် မင်္ဂလာမောင်နှံတို့ရေ မင်္ဂလာဧည့်ခံပွဲတစ်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ဆိုတာ အချိန်တစ်နှစ်လောက် အလိုကတည်းက အစစအရာရာ ကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်နော်။ ဒီတော့ မင်္ဂလာမဆောင်ခင် တစ်နှစ်အလိုမှာ ဘာတွေကို ကြိုတင်ပြင်ဆင်သင့်နေပြီလဲ ဆိုတာ  ပြောပြပေးမယ်နော်။

 

မင်္ဂလာပွဲ ကျင်းပတဲ့ ပုံစံအမျိုးမျိုးရှိပါတယ်။ ကိုယ်က လယ်လိုပုံစံနဲ့ မင်္ဂလာပွဲကို ကျင်းပချင်သလဲဆိုတာ အရင်စဉ်းစားပါ။ နှစ်ယောက်သားကလည်း သူ့စိတ်ကူး၊ ကိုယ့်စိတ်ကူးကို ပြောပြပြီး တိုင်ပင်သင့်ပါတယ်။ ကိုယ်ကျင်းပချင်တဲ့ ပုံစံက နှစ်မျိုးသုံးမျိုး ဖြစ်နေရင် ဘယ်လိုပုံစံကျင်းပရင် အဆင်ပြေမလဲဆိုတာကို ရွေးချယ်စဉ်းစားပါ။

 

ဈေးနှုန်းတွေ အခုချိန်ကတည်းက စုံစမ်းထားသင့်ပါတယ်။ ဒါမှသာ မင်္ဂလာပွဲကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်နိုင်မှာ ဖြစ်ပြီး ကုန်ကျစရိတ်အတွက် ငွေစုတာတွေ၊ ငွေကြေးချိန်ညှိတာတွေ လုပ်နိုင်မှာပါ။ ဈေးနှုန်းစုံစမ်းတဲ့အခါ လက်မှန်းမီသလောက် တော်တော်များများကို စုံစမ်းထားဖို့လိုပါတယ်။ ဆိုလိုတာက ဝတ်စုံဈေးစုံစမ်းရင် ကိုယ်ရွေးမယ့်ဆိုင် တစ်ခုထဲက မစုံစမ်းဘဲ တခြားဆိုင်တွေကပါ စုံစမ်းဖို့လိုပါတယ်။

 

 

ကိုယ့်ပွဲမှာ ဧည့်ပရိသတ် ဘယ်လောက်လောက်ကို ဖိတ်မလဲ၊ ဧည့်သည်ဘယ်နှယောက်လောက် တက်ရောက်နိုင်မလဲဆိုတာကို ခန့်မှန်းစာရင်း လုပ်ထားဖို့ လိုအပ်ပါတယ်။ ဧည့်သည်စာရင်းကို အနီးစပ်ဆုံး ခန့်မှန်းထားပါမှ ဟိုတယ်ခန်းမတွေ၊ အစားအသောက်တွေ အတွက်စဉ်းစားနိုင်မှာပါ။မင်္ဂလာပွဲအတွက် တစ်နှစ်လောက်အလိုမှာ အသေးစိတ်ကျတဲ့ ကိစ္စတွေကိုတော့ ကြိုတင်စီစဉ်လို့မရနိုင်ပါဘူး။ သို့ပေမယ့် အရေးပါတဲ့ အခြေခံကိစ္စတွေကိုတော့ ကြိုတင်စီစဉ်ထားရမှာဖြစ်ပါတယ်။ အခုပြောပြခဲ့တဲ့ (၃)မျိုးကို ကြိုတင်ပြင်ဆင်ထားရင် အဆင်ပြေပါတယ်နော်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)