မင်္ဂလာပွဲစီစဉ်တဲ့အခါ ကုန်ကျစရိတ် မလျော့သင့်တဲ့ နေရာ(၃) ခု

မင်္ဂလာပွဲစီစဉ်တဲ့အခါ ကုန်ကျစရိတ် မလျော့သင့်တဲ့ နေရာ(၃) ခု google

ချဲ့ရင် ချဲ့သလောက် ကုန်ကျတဲ့အရာမို့ စုံတွဲလေးတို့ အတော်လေး စီစစ်နိုင်မှသာ ကုန်ကျစရိတ် နည်းမှာပါ။

 

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ စီစဉ်တဲ့အခါ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်အတွင်း ဝင်အောင် လုပ်ရမှာပါ။ မင်္ဂလာဆောင်ဆိုတာကလည်း ချဲ့ရင် ချဲ့သလောက် ကုန်ကျတဲ့အရာမို့ စုံတွဲလေးတို့ အတော်လေး စီစစ်နိုင်မှသာ ကုန်ကျစရိတ် နည်းမှာပါ။ ကုန်ကျစရိတ် နည်းအောင် စီစဉ်တဲ့အခါမှာလည်း အကုန်လုံးကို လျှော့ချလို့ မရပါဘူးနော်။ လျှော့ချသင့်တဲ့နေရာတွေမှာပဲ လျှော့ချရမှာပါ။ မဟုတ်ရင် ကိုယ့်ရဲ့ မင်္ဂလာပွဲလေးက ခမ်းနားစည်ကားမှာ မဟုတ်ဘူးလေနော်။ ဒီတော့ ဘယ်နေရာမှာ ကုန်ကျစရိတ် မလျော့ချသင့်ဘူးလဲဆိုတာ ပြောပြမယ်နော်။

 

 

() ဓါတ်ပုံ

 

ဓါတ်ပုံက Pre wedding ပဲဖြစ်ဖြစ်၊ မင်္ဂလာပွဲနေ့ဖြစ်ဖြစ် အရေးကြီးပါတယ်။ နှစ်နာရီစာ ကျင်းပမယ့် ပွဲရဲ့ အမှတ်တရ အားလုံးက ဓါတ်ပုံအဖြစ်ပဲ ကျန်နေခဲ့မှာ ဆိုတော့ ဓါတ်ပုံအဆင်ပြေဖို့ စိတ်တိုင်းကျဖို့က အရမ်းကို အရေးကြီးပါတယ်။ Pre wedding ဆိုတာကလည်း ကုန်ကျစရိတ်ေတွထဲမှာ အများဆုံးပဲလေနော်။ ဒါပေမယ့် Pre wedding နေရာမှာ လျှော့ချလိုက်မယ်ဆိုရင် ပုံကောင်းကောင်း မရနိုင်ဘဲ တသက်လုံး တသသနဲ့ စိတ်ညစ်နေရတတ်ပါတယ်။ ဒါကြောင့် ဓါတ်ပုံကို လုံးဝ ဘတ်ဂျက် မလျှော့ပါနဲ့နော်။

 

 

() မိတ်ကပ်

 

သတို့သမီးလောင်းလေး တော်တော်များများက မိတ်ကပ်ကို လျှော့မယ်လို့ တွေးလိုက်တာမျိုး ရှိပါတယ်။ ဓါတ်ပုံဘယ်လောက် ကောင်းကောင်း၊ ဝတ်စုံဘယ်လောက်လှလှ၊ မိတ်ကပ်က ကိုယ်နဲ့ ကိုက်ညီမှု မရှိရင် ဘယ်လိုမှ မလှနိုင်ပါဘူး။ မိတ်ကပ်မလှဘူးဆိုရင် ဓါတ်ပုံထဲမှာ ဘယ်လိုမှ မလှနိုင်ပါဘူးနော်။ ဒါကြောင့် သတို့သမီးလေးတို့ ကုန်ကျစရိတ်ကို မိတ်ကပ်အပြင်အဆင်မှာ လုံးဝ မလျှော့ပါနဲ့။ ဥပမာ သဇင်တွေဝေနေအောင် ပန်မယ်ဆိုတာမျိုးကို သဇင်လျှော့တာမျိုး၊ ဒါမှမဟုတ် တခြားပန်း ပန်လိုက်တာမျိုးနဲ့ လျှော့ချပါ။

 

 

() အစားအသောက်

 

ကိုယ့်ရဲ့ မင်္ဂလာပွဲကို အချိန်ပေးပြီး ကြွရောက်လာကြမယ့် ဧည့်သည်တွေအတွက် အစားအသောက် စီစဉ်တဲ့အခါမှာ သေချာ စီစဉ်ဖို့ လိုပါတယ်။ ဧည့်သည်တွေကို ဧည့်ခံတဲ့အခါ အစားအသောက်တွေ လောက်ငှဖို့၊ဧည့်သည်တွေ ကြိုက်နှစ်သက်ပြီး ဗိုက်ပြည့်စေတဲ့ အစားအသောက်တွေ ရွေးချယ်ဖို့ လိုပါတယ်။ အဓိကကတော့ ဧည့်သည်တွေကို ဧည့်ခံမယ့် အစားအသောက်နဲ့ ပတ်သက်ပြီး ကုန်ကျစရိတ် မလျှော့ချဖို့ပါ။ မဟုတ်ရင် နောက်ပိုင်းမှာ ကိုယ့်ပွဲကို လာတဲ့ဧည့်သည်တွေကို တွေ့တဲ့အခါတိုင်း မျက်နှာပူ အားနာနေရနိုင်ပါတယ်နော်။

 

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ဖို့ စီစဉ်တဲ့အခါမှာ ကုန်ကျစရိတ် မလျှော့ချသင့်တဲ့ နေရာ() ကို သိပြီဆိုရင်တော့ တဆင့်ချင်း ဖြည်းဖြည်းချင်းစီ စီစဉ်ပါနော်။

 

 

Credit;Marry

Read times Last modified on Friday, 28 December 2018 10:55
Rate this item
(0 votes)