မင်္ဂလာမောင်မယ်လေးတွေအတွက် အတိတ်ကောင်း နမိတ်ကောင်းတွေကို ယူဆောင်လာမဲ့ နေ့အလိုက်သုံးသင့်တဲ့ ပန်းလေးတွေအကြောင်း။

မင်္ဂလာမောင်မယ်လေးတွေအတွက် အတိတ်ကောင်း နမိတ်ကောင်းတွေကို ယူဆောင်လာမဲ့ နေ့အလိုက်သုံးသင့်တဲ့ ပန်းလေးတွေအကြောင်း။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲ တစ်ပွဲရဲ့ လှပတင့်တယ်မှုနဲ့ ခမ်းနားထည်ဝါမှုတွေအတွက် ပန်းအပြင်အဆင်လေးတွေက အရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် ကိုယ့်ရဲ့ မင်္ဂလာပွဲ ပန်းအပြင်အဆင်မှာ ထည့်သွင်းအသုံးပြုတဲ့ ပန်းအမျိုးအစားတွေက အသင့်တော်ဆုံး အမျိုးအစားတွေဖြစ်ဖို့ အရေးကြီးပါတယ်။

 

 

International Wedding and Event Planner, UK & Caribbean | 4 Show ...

 

ဒါအပြင် အတိတ်ကောင်း နမိတ်ကောင်းတွေနဲ့ ရှေ့လျှောက် ဘဝခရီးလမ်းကို ချောမွေ့အဆင်ပြေအောင် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနိုင်တဲ့ ပန်းမျိုး ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲ့ဒီအတွက် မင်္ဂလာဆောင်မယ့် နေ့ရက်၊ အချိန်အခါ စတာတွေကို လိုက်ပြီး သုံးသင့်တဲ့ ပန်းအမျိုးအစားတွေလည်း ရှိပါတယ်။

ဒါကြောင့် မင်္ဂလာမောင်မယ်လေးတွေ အတွက်လည်း မင်္ဂလာဆောင်မယ့် နေ့ရက်ပေါ် မူတည်ပြီး သုံးသင့်တဲ့ မင်္ဂလာပန်းတွေ အကြောင်း ဝေမျှပေးချင်ပါတယ်။

Simple Bouquets - Romantic blush and nude roses with... | Facebook


တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်
တနင်္ဂနွေနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ ကံ့ကော်ပန်းကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

တနင်္လာနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်
တနင်္လာနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ နှင်းဆီပန်းကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

အင်္ဂါနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်
အင်္ဂါနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ ဇလပ်ပန်းကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

ဗုဒ္ဓဟူးနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်
ဗုဒ္ဓဟူးနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ စံပယ်ပန်းကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

ကြသပတေးနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်
ကြသပတေးနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ သဇင်ပန်း၊ သစ္စာပန်း စတဲ့ပန်းတွေကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

သောကြာနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်
သောကြာနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ ဒန်းပန်း၊ နှင်းပန်းကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

စနေနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်
စနေနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ အုန်းပန်းကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။


Marry

Read times Last modified on Wednesday, 08 July 2020 13:08
Rate this item
(0 votes)
Tagged under