ရာသီအလိုက် လက်ကိုင်ပန်းနဲ့မင်္ဂလာပွဲအလှဆင်ပန်းများ

ရာသီအလိုက် လက်ကိုင်ပန်းနဲ့မင်္ဂလာပွဲအလှဆင်ပန်းများ google

မင်္ဂလာပွဲလေး ခမ်းနားဖို့ဆိုတာ ပန်းအပြင်အဆင်တွေပေါ်မူတည်ပါတယ်။

ပန်းအပြင်အဆင်တွေကအခမ်းအနားနဲ့ လိုက်ဖက်ညီနေမှသာပွဲလေးကလှပနေမှာပါ။ ပန်းအပြင်အဆင်ပေါ်လွင်ဖို့ဆိုတာလည်း ပန်းရွေးချယ်တဲ့ပေါ်မှာ မူတည်ပါတယ်။ ရာသီအလိုက်ရွေးချယ်သင့်တဲ့ပန်းလေးတွေလည်း ရှိတာမို့ စုံတွဲလေးတို့ ကုန်ကျစရိတ်သက်သာပြီး လှပလိုက်ဖက်တဲ့ ပွဲလေးဖြစ်စေမှာပါ။

 

သဇင်ပန်း

သဇင်ပန်းကတော့ မင်္ဂလာပွဲတော်တော်များများမှာအသုံးပြုပါတယ်။ သတို့သမီးလေးတို့ ဆံထုံးအတွက် ပန်း၊ လက်ကိုင်ပန်းမှာ အများဆုံး ပြင်ဆင်လေ့ရှိပါတယ်။ သဇင်ပန်းကတော့ အခက်ရေနဲ့ဝယ်ယူရတာ ဖြစ်ပြီး တော်ဝင်ပန်းလို့ သတ်မှတ်ထားတာမို့ ဈေးလည်းများပါတယ်။ ဆောင်းရာသီဖြစ်တဲ့ နိုဝင်ဘာလနဲ့ဒီဇင်ဘာလမှာ ပွင့်တာဖြစ်လို့ အဲဒီလမှာဆောင်မယ်ဆိုရင်တော့လက်ကိုင်ပန်းကို သဇင်ပန်းသုံးကြပါတယ်။ ပွဲအပြင်အဆင်မှာတော့ သဇင်ပန်းသုံးတာ နည်းပါတယ်။

 

ကံ့ကော်ပန်း

ကံ့ကော်ပန်းကတော့ တော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ပန်းတစ်မျိုးပါပဲ။ ဒီပန်းကတော့ ဖေဖော်ဝါရီလလောက်ဆိုရင် ပေါပေါများများရနိုင်ပါတယ်။ ဒီတော့စုံတွဲလေးတို့ ရာသီပန်းမို့ ကုန်ကျစရိတ်လည်းနည်းနိုင်ပါတယ်။ လက်ကိုင်ပန်းကိုလည်း ကံ့ကော်ပန်းနဲ့လုပ်လို့ ရတာမို့ ပန်းအလှဆင်ပေးမယ့်သူကို အပ်ဖို့လိုပါတယ်။ မင်္ဂလာပွဲက စားပွဲဝိုင်းတွေမှာလည်း ကံ့ကော်ပန်းတွေနဲ့အလှဆင်လို့ရပါတယ်။

 

စံပယ်ပန်း

စံပယ်ပန်းကတော့ အသုံးများတဲ့ပန်းအမျိုးအစားပါ။ စံပယ်ပန်းကတော့ ရာသီတော်တော်များများမှာ ရရှိနိုင်ပြီး လက်ကိုင်ပန်းအဖြစ်လည်းအသုံးများသလို ပန်းအပြင်အဆင်တွေမှာလည်း အများဆုံးသုံးပါတယ်။ ပန်းတွေထဲမှာ ဖြူစင်ခြင်းနဲ့ ရနံ့မွှေးတာကြောင့် တော်တော်များများ ကြိုက်နှစ်သက်ပြီး ရွေးချယ်ကြပါတယ်။ အောင်မင်္ဂလာစံပယ်ပန်းကုံးလည်း ပါဝင်တာမို့ အားလုံးအပြည့်အစုံဖြစ်နေမှာပါ။

 

သတို့သမီးလေးတို့အနေနဲ့ ရာသီအလိုက် ရာသီပေါ်ပန်းလေးတွေကိုရွေးပြီး လက်ကိုင်ပန်းနဲ့မင်္ဂလာပွဲအပြင်အဆင်ပြင်ဆင်မယ်ဆိုရင် တင့်တယ်လှပမှာဖြစ်တဲ့အပြင် ကုန်ကျစရိတ်လည်းနည်းနိုင်ပါတယ်။

 

Source : Marry

Myanmar Wedding Guide

Read times Last modified on Tuesday, 26 February 2019 10:05
Rate this item
(1 Vote)