Makeup Prices

Makeup Prices

မင်္ဂလာဆောင်ကြမည့် အချိန်ရာသီသို့ ဆိုက်ရောက်လာပြီဖြစ်ပါတယ်။ မင်္ဂလာဆောင်မည့် သတို့သား၊ သတို့သမီး၊

သတို့သားအရံ၊ သတို့သမီးအရံ၊ ပန်းကြဲ၊ ဗန်းကိုင်နှင့် မိဘများ အဆင်ပြေစေရန်အတွက် မိတ်ကပ်ဈေးနှုန်းလေးများကို အောက်တွင် ဖော်ပြပေးထားပါတယ်။

မိတ်ကပ် ကိုမာ

သတို့သားနှင့် သတို့သမီးအတွက် ဆိုင်မှာအလှပြင်မယ်ဆိုရင် ကျပ် ၇သောင်းခွဲနှင့် ဟိုတယ်မှာ ပြင်မယ်ဆိုရင် ကျပ် ၁ သိန်းခွဲ ကျသင့်မှာဖြစ်ပါတယ်။ Accessories အတွက်ကတော့ ကျပ် ၃ သောင်းမှ ၅ သောင်း ကုန်ကျပါမယ်။

အရံတွေအတွက်ကတော့ အလှပြင်မယ်ဆိုရင် တစ်ယောက် ကျပ် ၃ သောင်းကုန်ကျပါမယ်။ မိဘတွေအတွက်အလှပြင်မယ်ဆိုရင် ဆိုင်မှာပြင်ရင် ကျပ် ၁ သောင်းခွဲနှင့် ဟိုတယ်မှာပြင်မယ်ဆိုရင် ကျပ် ၂ သောင်းခွဲကုန်ကျပါမယ်။

အမှတ် ၂၃၉၊ ပထမထပ်၊ ရွှေဘုံသာအလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၃၇၄၆၀၇

မိတ်ကပ် မထက် (Pop Soul)

သတို့သားနှင့် သတို့သမီးအတွက် ဆိုင်မှာအလှပြင်မယ်ဆိုရင် ၂ သိန်းကျပ်နှင့် ဟိုတယ်မှာ ပြင်မယ်ဆိုရင် ကျပ် ၂ သိန်းခွဲ ကျသင့်မှာဖြစ်ပါတယ်။ Accessories အတွက် ထပ်မံကုန်ကျစရာမလိုပါ။

မိဘနှင့် အရံတွေအတွက် အလှပြင်မယ်ဆိုရင် မထက်၏ တပည့်တစ်ယောက်မှ ပြင်ပေးမှာဖြစ်ပါတယ်။ တစ်ယောက် ကျပ် ၃ သောင်းကုန်ကျပါမယ်။ Accessories အတွက်ကတော့ ကျပ် ၅ ထောင်မှ ၃ သောင်း အထိရှိပါတယ်။

အမှတ် ၃၊ မဟာမြင့်မိုရ်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၉-၇၃၀၃၃၆၆၃

မိတ်ကပ် မေဦး

သတို့သားနှင့် သတို့သမီးအတွက် ဆိုင်မှာအလှပြင်မယ်ဆိုရင် ၁ သိန်းကျပ်နှင့် ဟိုတယ်မှာ ပြင်မယ်ဆိုရင် ၂ သိန်းကျပ် ကျသင့်မှာဖြစ်ပါတယ်။ Accessories အတွက်ကတော့ ကျပ် ၁ သောင်းခွဲမှ ၅ သောင်း အထိ ရှိပါတယ်။

အရံတွေအတွက်ကတော့ အလှပြင်မယ်ဆိုရင် တစ်ယောက် ကျပ် ၅ သောင်းကုန်ကျပါမယ်။ မိဘတွေအတွက်အလှပြင်မယ်ဆိုရင် ကျပ် ၂ သောင်းခွဲ မှ ကျပ် ၄ သောင်း ကုန်ကျမှာဖြစ်ပါတယ်။

သိမ်ဖြူဈေးမှတ်တိုင်၊ သိမ်ဖြူလမ်း၊ ချယ်ရီဦးနာရီဆိုင်ဘေး၊ MPT Mobile အပေါ်ထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

၀၉-၅၀၉၈၄၁၃

Read times Last modified on Wednesday, 19 September 2018 17:51
Rate this item
(2 votes)