အိတ်များသည် ဖက်ရှင်နှင့်ဆက်စပ်မှုရှိသော လူအသုံးအဆောင်ပစ္စည်းများ ဖြစ်သည်။ အိတ်တွေဆိုတာဟာ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ဖို့မလိုပါဘူး။
ဖက်ရှင်ကျကျအိတ်တွေကို ကိုင်တတ်ဖို့ဘဲလိုပါတယ်။ ထို့ကြောင့် အိတ်တွေကို ဖက်ရှင်နှင့်အနုပညာလက်ရာများပေါင်းစပ်၍ တီထွင်ဆန်းသစ်မှုများ ပြုလုပ်လာကြပါသည်။ brandအတော်များများသည် Tracey Emin နှင့် Marc Quinn တို့လို အနုပညာရှင်များနှင့် ပူးပေါင်း၍ ထူးခြားဆန်းပြားသော အိတ်ဒီဇိုင်းများဖန်တီးပြီး V&A ရဲ့ ပြခန်းအသစ်တွင် ပြသထားပါသည်။ Hermès, Chanel နှင့် Dior စသည့် အိတ်အမှတ်တံဆိပ်များသည် ဂန္ထဝင်မြောက်သော ဖန်တီးမှုများအပေါ် ပိုမိုအလေးပေးလုပ်ဆောင်လာကြပါသည်။
"ကျွန်တော်တို့ဟာ အိတ်တွေကို ဝတ်ဆင်လို့မရပါဘူး။ သူတို့ကို သယ်ဆောင်သွားလို့ဘဲရပါတယ်။ ဒါကြောင့် သူတို့ကို ထူးခြားပြီးပုံမှန်မဟုတ်တဲ့ ပုံစံတွေနဲ့ ဒီဇိုင်းဆွဲနိုင်ပါတယ်။ အိတ်မျက်နှာပြင်ပေါ်မှာ အနုပညာလက်ရာများဖြင့် အလှဆင်နိုင်၊ အရောင်ခြယ်သနိုင်ပါသည်။ ဥပမာ- အိတ်ဒီဇိုင်းတစ်ခုကို ခွေး၊ ဖား စသည့် အကောင်ပုံစံတွေအဖြစ်လည်း ဖန်တီးနိုင်ပါတယ်" ဟု V & A ၏ ပြတိုက်မှူး Lucia Savi က BBC Culture ကိုပြောကြားခဲ့ပါသည်။ ဒါကြောင့် ဒီနေ့တော့ ထူးခြားပြီး ရင်သက်ရှုမောဖွယ်ကောင်းသော အိတ်ဒီဇိုင်း(၃)မျိုးအကြောင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Neon Graffiti Bags

၁၉ရာစုအနှောင်းပိုင်းတွင် အိတ်အမှတ်တံဆိပ်များသည် အနုပညာရှင်များနှင့်ပူးပေါင်းပြီး သူတို့ရဲ့အိတ်ဒီဇိုင်းတွေကို အမြင်ဆန်းအောင်၊ ဖက်ရှင်ကျအောင် ဖန်တီးလာကြပါတယ်။ အထူးသဖြင့် Louis Vuitton သည် အမေရိကန်ဖက်ရှင်ဒီဇိုင်နာ Stephen Sprouse နှင့်ပူးပေါင်၍ Neon Graffiti bags တွေကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ထိုအိတ်ရဲ့ မျက်နှာပြင်ပေါ်တွင် ပန်းကညွတ်ပုံစံ၊ ရေခဲမုန့်ခွက်ပုံစံ ဒီဇိုင်းဆွဲ၍ အရောင်နုများကိုသာသုံးပြီး အမြင်ဆန်းသည့်အပြင် အမြင်အေးအောင်ပါ ဖန်တီးခဲ့တာဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်တွင် နာမည်ကြီး အမေရိကန်ဖက်ရှင်ဒီဇိုင်နာ Marc Jacobs နှင့် လက်တွဲပြီး Graffiti အိတ်တွေရဲ့ ဒီဇိုင်းကို ပြန်လည်ဆန်းသစ်ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်အနုပညာရှင်များဖြစ်သော Takashi Murakami , Yayoi Kusama တို့နှင့် ပူပေါင်း၍ အိတ်များကို ထူးခြားပြီးလှပအောင် ဒီဇိုင်းဆွဲဖန်တီးခဲ့ပါတယ်။ ဖက်ရှင်နဲ့အနုပညာကြားမှာ ခိုင်မာတဲ့ ဆက်နွယ်မှုတွေရှိပါတယ်။ ၂၀၁၆ ခုနှစ်တွင် New Bond Street Store ဖွင့်ပွဲကိုကျင်းပရန် Dior bagsတွေရဲ့ ဂန္ထဝင်မြောက်သော ဒီဇိုင်းတွေကို ဖန်တီးခဲ့သူ Quinn (Visual Artist)သည် ဖိတ်ကြားခံခဲ့ရပါတယ်။ သူသည် အိတ်တွေကို သိုးသားရေဖြင့်ချုပ်လုပ်ပြီး သစ်ခွပန်းပုံတွေဖြင့် ရင်သပ်ရှု့မောဖွယ် ဒီဇိုင်းတွေကို ဖန်တီးခဲ့ပါတယ်။
International Woman Suitcase

အင်္ဂလန် ဒီဇိုင်နာ Tracey Emin သည် ၂၀၀၄ ခုနှစ်တွင် Longchamp's Le Pliage အိတ်များရဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပရန်အတွက် International Woman Suitcases တွေကို ဒီဇိုင်းဆွဲခဲ့ပါတယ်။ သူမရဲ့ Woman Suitcase တွေကို ကြည့်ခြင်းဖြင့် Emin ရဲ့ ပြောင်မြောက်လှသော အနုပညာလက်ရာတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ သူမသည် Suitcaseတွေရဲ့ အရှေ့မျက်နှာစာတွင် နှင်းဆီပန်းပွင့်ပုံဖဲကြိုးကို တပ်ဆင်၍ အလှဆင်ထားပါသည်။ ထိုအိတ်တွေဟာ Emin ရဲ့ limited-edition ဖြစ်သောကြောင့် Suitcase ပေါင်း အခု၂၀၀ဘဲ ရှိပါတယ်။
Chanel Flap Bag

Chanel Flap အိတ်တွေကို ဂျာမန်ဖက်ရှင်ဒီဇိုင်နာ Karl Lagerfeld က ၂၀၁၅ခုနှစ် နွေဦးရာသီတွင် ဒီဇိုင်းဆွဲဖန်တီးခဲ့ပါတယ်။ သူသည် အိတ်တွေရဲ့ မျက်နှာပြင်တွင် Chanel ဆိုတဲ့ စာလုံးကို ရေးသားခဲ့ပြီး Chanel brand ရဲ့ logoကိုလည်း မြင်သာအောင် အိတ်ဒီဇိုင်းကို ဖန်တီးခဲ့ပါတယ်။ Lagerfeldရဲ့ အိတ်ဒီဇိုင်းဟာ မိန်းမဆန်ပြီး ဆွဲဆောင်မှုရှိသောကြောင့် အချိန်အကန့်အသတ်မရှိ ခေတ်စားနေဦးမယ့် အိတ်အဖြစ် နာမည်ကြီးလူသိများပါတယ်။
Ref:the-extraordinary-handbags
Author - Thadar




