အိန္ဒိယပုံစံဖြင့် မင်္ဂလာဆောင်ချင်သူများအတွက် အိန္ဒိယအ၀တ်အစားများရနိုင်တဲ့ The Diva

အိန္ဒိယပုံစံဖြင့် မင်္ဂလာဆောင်ချင်သူများအတွက် အိန္ဒိယအ၀တ်အစားများရနိုင်တဲ့ The Diva

ဆိုင်ရှင်ဖြစ်သူ ဒီဇိုင်နာ မမျိုးစန္ဒာဟာ မလေးရှားနိုင်ငံတွင် ဒီဇိုင်နာ သင်တန်းကို တက်ရောက်ခဲ့ပြီး

အိန္ဒိယနိုင်ငံတွင် ဒီဇိုင်းများကို လေ့လာပြီး မြန်မာပြည်တွင် ၂၀၁၇ နှစ်စပိုင်းတွင် ဆိုင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

 

သူမသည် အလှအပကို စိတ်ဝင်စားသူတစ်ဦး ဖြစ်ပြီး အိန္ဒိယရိုးရာနဲ့ ခေတ်ပေါ် အဝတ်အစားများကို ရောင်းချရာတွင် ဝယ်သူများကို လှသည်ထက်လှအောင် စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

 

အိန္ဒိယနိုင်ငံတွင် သူတို့၏ ရိုးရာဝတ်စုံကို အရမ်းတန်ဖိုးထားပြီး အမြတ်တနိုး ဝတ်ဆင်ကြပါတယ်။

 

ရိုးရာဝတ်စုံကို မင်္ဂလာဆောင်၊ အလှူအတန်း၊ ဘုရားပွဲများ၊ ပျော်ပွဲရွှင်ပွဲများ သွားရာတွင် ဝတ်ဆင်ကြပါတယ်။

 

ရိုးရာဓလေ့များအတိုင်း မင်္ဂလာမှုပြုခြင်းဖြင့် အိမ်ထောင်ဦးမှစတင်ကာ သက်ဆုံးတိုင် ပျော်ရွှင်ခြင်း၊ ပြည့်စုံခြင်း၊ သာယာခြင်းတို့ကိုပိုင်ဆိုင်နိုင်မယ်လို့ မှတ်ယူလေ့ ရှိကြပါတယ်။

 

အိန္ဒိယ အ၀တ်အစားများတွင် အင်ဒိုဝက်စ်တန် ပုံစံကို အဝတ်များကြပါတယ်။ ဒင်ဒိုဝက်စ်တန်ဝတ်စုံများသည် အပေါ်တွင်  အင်္ကျီအတိုနှင့် စကတ်ကားကားလေးက တစ်မျိုး၊  အင်္ကျီအရှည်နဲ့ ဘောင်းဘီရှည်အကျပ် ပုဝါခြုံထားသော ဝတ်စုံကစတိုင်လ်တစ်မျိုး  ၀တ်ဆင်ကြပါတယ်။

 

အိန္ဒိယ အဝတ်အစားများက လှပပြီး လိုချင် စရာကောင်းလှပါတယ်။ အိန္ဒိယမှ တိုက်ရိုက်မှာယူပြီး ရောင်းချသော ဆိုင်များလည်း ရန်ကုန်တွင် အများအပြားရှိနေပြီ ဖြစ်ပါတယ်။

 diva

အချို့ ဆိုင်များတွင် ဒီဇိုင်နာ ကိုယ်တိုင်ထိုင်ပြီး ဝယ်ယူသူများကို မိမိနှင့် လိုက်ဖက်မည့်ပုံစံ၊ တတ်နိုင်မည့် ငွေကြေးနှင့် ဆီလျော်မည့် အ၀တ်အစားကို  အကြံပေးရောင်းချသည့် ဆိုင်များလည်း ရှိပါတယ်။

 

လက်ဝတ်လက်စားကိုပါ အိန္ဒိယမှ မှာယူရောင်းချကြောင်း သိရပါတယ်။ ဒီမှာ ပြုလုပ်၍ ရသော်လည်း လက်မှုပညာအရရော၊ စက်ပစ္စည်းပိုင်းမှာပါ ကွာခြားသည့်အပြင် ပိတ်စ၊ ချုပ်ပုံချုပ်သားတို့မှအစ ကွာခြားနေသဖြင့်  အိန္ဒိယမှ တိုက်ရိုက်မှာ ယူရောင်းချကြခြင်းဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံ၌ မင်္ဂလာပွဲအတွက် ၀တ်စုံဆိုလျှင် အိန္ဒိယမှ တိုက်ရိုက်မှာယူကြလေ့ရှိပြီး မင်္ဂလာဝတ်စုံမှာ ကျပ်တစ်သိန်းခွဲမှ သိန်းတစ်ရာအထိ ရှိပါတယ်။ တတ်နိုင်လျှင် တတ်နိုင်သလောက် အကုန်အကျခံ မှာယူ၍ ရပါတယ်။

 

သတို့သမီးဝတ်စုံအတွက် စကတ်တစ်ထည်ကို ပိတ်စအနည်းဆုံး ခြောက်ကိုက်မှ ခုနှစ်ကိုက်အထိ ကုန်မည်ဖြစ်ပြီး ကျောက်၊ ဘော်ကျယ်များ အစရှိသည်တို့ အလှဆင်ပြီးသွားသောအခါ ထိုစကတ်၏ အလေးချိန်မှာ ကီလိုလေးဆယ်အထိ အလေးချိန် ရှိကြောင်း သိရပါတယ်။

 

ထိုသို့ အလေးချိန်စီးသည့်အတွက် သယ်ယူပို့ဆောင်ခကို သီးခြားကောက်ခံရာ၌ ဈေးသိပ်မမြင့်သော ၀တ်စုံများဆိုလျှင် သယ်ယူပို့ဆောင်ခသည် ၀တ်စုံကုန်ကျစရိတ်ထက် ပိုမိုကုန်ကျကြောင်း သိရပါတယ်။

 

မင်္ဂလာအခမ်းအနားအတွက် အိန္ဒိယရိုးရာအရ အလှပြင်ဆင်ရန် အိန္ဒိယနိုင်ငံတွင် ပြုလုပ်သော ကာခြယ်၊ ဒန်း အစရှိသည်တို့ကိုလည်း မှာယူသုံးစွဲလေ့ရှိပါတယ်။

 

အဆိုပါ ရိုးရာဝတ်စုံတို့ကို မှာကြားလိုပါက အနည်းဆုံး အချိန်နှစ်လ ကြိုတင်ပေးရမည်ဖြစ်ပြီး ဝတ်ဆင်မည့်သူ၏ ကိုယ်တိုင်းအတိုင်း ဝယ်ယူသူ စိတ်တိုင်းကျ ဆောင်ရွက်ပေးကြောင်း သိရပါတယ်။

 

ဝတ်စုံကို အော်ဒါမှာမည်ဆိုပါက ၇၀%ပေးဆာင်ရမှာဖြစ်ပါတယ်။ လက်ဝတ်လက်စားဆိုလျှင် တစ်ဆင်စာကို ငွေကျပ် သုံးသောင်းကျော်မှ လေးသိန်းခွဲအထိ ကုန်ကျမှာ ဖြစ်ပါတယ်။

 

ဝတ်စုံများကတော့ အိန္ဒိယနိုင်ငံရှိ ဒီဇိုင်နာများရဲ့ ဖန်တီးမှုများဖြစ်ပြီး စေ့စပ်ပွဲနဲ့မင်္ဂလာအခမ်းအနားများမှာ ဆင်မြန်းဝတ်ဆင်နိုင်ဖို့ မင်္ဂလာမောင်နှံအတွက် ၀တ်စုံများအပြင် မိဘနှင့် မောင်နှမများအတွက်ပါ တစ်နေရာတည်းမှာ ရရှိနိုင်အောင် အိန္ဒိယနိုင်ငံမှ ကိုယ်တိုင်မှာယူ တင်သွင်းထားတာဖြစ်ကြောင်း သိရပါတယ်။

 

ဝတ်စုံများနဲ့ လိုက်ဖက်ညီဖို့ လက်ဝတ်ရတနာများနှင့်အတူ အခြားသော ရိုးရာအဆင်တန်ဆာများကိုလည်း စုစည်းရောင်းချပေးထားကြောင်း သိရပါတယ်။

 

ဝတ်စုံဒီဇိုင်းများမှာ Traditional ethic wear (အိန္ဒိယရိုးရာဒီဇိုင်း)၊ Indian Wear (အိန္ဒိယရိုးရိုးဒီဇိုင်း)၊ Indo Western Design (ခေတ်ရေစီးကြောင်းအရ အိန္ဒိယရိုးရာနှင့် အနောက်တိုင်းဒီဇိုင်းကို တွဲဖက်ထားတဲ့ဒီဇိုင်း)၊ Dhoti Pant (ဒိုသီဒီဇိုင်း)၊ Anarkali (အနားကလီဒီဇိုင်း)၊ Patiala (ပန်ချာပီဝတ်စုံ)၊ Gown (ပွဲတက်ဂါဝန်)၊ Daily wear (နေ့စဉ်ဝတ်)များကို လူကြီးလူငယ်မရွေး၊ ကျားမ မရွေးဝတ်ဆင်နိုင်အောင် အရည်အသွေးပြည့်မီ တဲ့ တန်ဖိုးနှုန်းထားများနဲ့ တင်သွင်းထားကြောင်း သိရပါတယ်။

 

ဟိန္ဒိုစတိုင်ဖြင့် မင်္ဂလာဆောင်မည့်သူများအတွက် အလှဆုံးရိုးရာဝတ်စုံကို ဆင်မြန်းရင်း ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲကို ဆင်နွှဲနိုင်ပါတယ်။

 

The Diva မှ ရိုးရာအဆင်ပိတ်စများကို ၀ယ်ဖို့နဲ့ ချုပ်လုပ်ဖို့အတွက် စိတ်ပူစရာမလိုတော့ဘဲ ဆိုင် ကိုသွားလိုက်တာနဲ့ အဆင်ပြေမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဝယ်ယူသူမှ ဆိုင်သို့ လာရောက်ဝယ်ယူရမည်ဖြစ်ပြီး လိုက်လံပို့ဆောင်ပေးခြင်း မပြုကြောင်း သိရပါတယ်။

 

ဆိုင်လိပ်စာကတော့ အမှတ်(၂၃၅)၊ အနော်မာအနောက် (၆) လမ်း၊ သာကေတ မြို့နယ် ဖြစ်ပါတယ်။

 

ဖုန်းနံပါတ် ၀၉-၅၀ ၂၉၉၂၄၊ ၀၉-၉၆၅၀၂၉၉၂၄ တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:15
Rate this item
(1 Vote)