ဖက်ရှင်ဆိုတာ လူတိုင်းအတွက် တစ်စိတ်တစ်ပိုင်း အရေးကြီးပါတယ်။ ဒီနေရာမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ဖက်ရှင်ပိုင်းမှာ ပိုပြီးစိတ်ဝင်စားကြတယ်။
အမျိုးသမီးတွေ တန်ဖိုးထားနှစ်သက်တဲ့ ဝတ်စုံရှိပါတယ်။ အဲ့ဒါကတော့ တစ်သက်မှာ တစ်ခါသာဆောင်ရတဲ့ မင်္ဂလာပွဲမှာ ဝတ်ဆင်ရမယ့် မင်္ဂလာဝတ်စုံဖြစ်ပါတယ်။
သာမန်အမျိုးသမီးတွေဟာ အနုပညာရှင်တွေ၊ celebrity တချို့ရဲ့ မင်္ဂလာ သတို့သမီးဝတ်စုံကိုကြည့်ပြီး အားကျတတ်ကြပါတယ်။ ဒါ့အပြင် တော်ဝင်မိသားစုတွေရဲ့ မင်္ဂလာဆောင်ဆိုရင် တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ကြပြီး တော်ဝင်သတို့သမီးဝတ်စုံဆိုရင် trends အနေနဲ့တောင် အင်တာနက်စာမျက်နှာတွေပေါ်မှာ ခေတ်စားလာပါတယ်။ ဒီတော့ တော်ဝင်မင်္ဂလာပွဲမှာ ဝတ်ဆင်ကြတဲ့ စျေးအကြီးဆုံး မင်္ဂလာသတို့သမီးဝတ်စုံ ၇ စုံကို စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
၁။ Queen Letizia

Queen Letizia ဟာ သူမရဲ့ မင်္ဂလာပွဲမှာ ပေါင် ၆သန်း တန် ဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။ ၎င်းကို တော်ဝင်ဖက်ရှင်ဒီဇိုင်းတီထွင်သူ Manuel Pertegaz က ဖန်တီးထားတာဖြစ်ပြီး ၄မီတာခွဲအရှည်ရှိတဲ့ ပုဝါစ၊ လက်ရှည်နဲ့ ကော်လံထောင်ဒီဇိုင်းအပြင် ရွှေချည်ထိုးထားတဲ့ ပိုးထည်ပေါ်မှာ ပန်းပွင့်ပုံတွေနဲ့ တန်ဆာဆင်ထားပါတယ်။
၂။ Kate Middleton

၂၀၁၁ ခုနှစ်မှာ Kate Middleton ဟာ မင်းသား William နဲ့ လက်ထပ်ခဲ့ပြီး သူမရဲ့ သတို့သမီးဝတ်စုံဟာ ပေါင် ၂၅၀,၀၀၀ ရှိခဲ့ပါတယ်။ ဒီဝတ်စုံကို Sarah Burton က ဖန်တီးချုပ်လုပ်တာဖြစ်ပြီး ပုဝါစမှာ ၉ ပေရှည်ပါတယ်။ ကျောဘက်မှာ ကြယ်သီးတွေတပ်ထားတဲ့ ပိုးထည်စအပြင် ဖဲပြားနဲ့ လက်လုပ် ဇာပန်းထိုးတွေလည်း ပါဝင်ပါတယ်။
၃။ Princess Eugenie

မင်းသမီး Eugenie ဟာ ၂၀၁၈ ခုနှစ်မှာ Jack Brooksbank နဲ့ လက်ထပ်ခဲ့ပြီး ဗြိတိန် ဒီဇိုင်နာ Peter Pilotto နဲ့ Christopher de Vos တို့ ဖန်တီးထားတဲ့ ပေါင် ၂၀၀,၀၀၀ တန် သတို့သမီးဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။
၄။ Princess Diana

မင်းသမီး Diana ဟာ မင်းသား Charles နဲ့ ၁၉၈၁ ခုနှစ်မှာ လက်ထက်ခဲ့ပြီး သူမရဲ့ သတို့သမီးဝတ်စုံဟာ ၂၀၁၉ ခုနှစ်မှာ ပေါင် ၁၅၁,၀၀၀ အထိ ရှိလာခဲ့ပါတယ်။ Welsh ဒီဇိုင်နာ David Emanuel သည် သူ၏ဇနီး Elizabeth သည် ဆင်စွယ်ရောင်ပိုသားနဲ့ သတို့သမီးဝတ်စုံကို ပုလဲ၊ ဘော်ကြယ်တွေနဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဝတ်စုံရဲ့ ပုဝါစဟာ ၂၅ ပေအထိရှည်ပြီး တော်ဝင်မင်္ဂလာဆောင်သမိုင်းမှာ အရှည်ဆုံးဖြစ်ပါတယ်။
၅။ Meghan Markle

Meghan Markle ရဲ့ သတို့သမီးဝတ်စုံဟာ ခန့်မှန်းခြေ ပေါင် ၁၁၀,၀၀၀ ရှိပါတယ်။ Parisian fashion house Givenchy က Clare Waight Keller ရဲ့ လက်ရာဖြစ်ပြီး ဝတ်စုံရဲ့ ရှုပ်ထွေးတဲ့ပုံစံဟာ အဲ့ဒီဝတ်စုံရဲ့ စျေးနှုန်းကို ထင်ဟပ်စေပါတယ်။ Fashion House ဟာ ဒီဝတ်စုံကို နာရီပေါင်း ၃,၉၀၀ ကြာ ချုပ်လုပ်ခဲ့ရပြီး Meghan ရဲ့ ၁၆ ပေရှည်တဲ့ ပုဝါစမှာ ကြာပန်းပုံအပါအဝင် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံ ၅၃ နိုင်ငံက အထိမ်းအမှတ်ပန်း တစ်ပွင့်ချင်းဆီရဲ့ ပုံတွေနဲ့ ထိုးလုပ်ထားဖြစ်ပါတယ်။
၆။ Sarah Ferguson

၁၉၈၆ ခုနှစ်မှာ Sarah Ferguson ဟာ မင်းသား Andrew နဲ့ လက်ထပ်ခဲ့ပါတယ်။ သူမရဲ့ လက်ထဲပွဲမှာ ဆင်စွယ်ရောင် ဖဲသားဝတ်စုံကိုရွေးချယ်ခဲ့ပြီး ဒီဝတ်စုံရဲ့တန်ဖိုးဟာ ပေါင် ၃၅,၀၀၀ ရှိပါတယ်။ Lindka Cierach က ဖန်တီးထားတာဖြစ်ပြီး ၁၇ပေရှည်တဲ့ ပုဝါစမှာ သူမတို့နှစ်ဦးနာမည်တွေရဲ့ ရှေ့စာလုံး A နဲ့ S ကို ငွေပုတီးစေ့တွေနဲ့ ပုံဖော်ထားပါတယ်။
၇။ The Queen

၁၉၄၇ ခုနှစ်မှာ အဲလစ်ဇဘက်ဘုရင်မကြီးဟာ Edinburgh မြို့စား Philip Mountbatten နဲ့ လက်ထပ်ခဲ့ပြီး စတာလင် ပေါင် ၃၀,၀၀၀ တန်ဖိုးရှိတဲ့ သတို့သမီးဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။ ဒီဝတ်စုံကို Norman Hartnell က တရုတ်ပိုးထည်ကို အသုံးပြုပြီး ဖန်တီးထားတာဖြစ်ပါတယ်။ လည်ဟိုက်ပုံချုပ်ထားပြီး ဝတ်စုံရဲ့ ပုဝါစဟာ ၁၅ ပေရှည်ပါတယ်။ ရင်ဖုံးအင်္ကျီနဲ့ ဂါဝင်ကိုတော့ ပုလဲနဲ့ စိန်ကွပ်ထားတဲ့ ကြယ်ပန်း၊ နှင်းဆီ၊ စံပယ်ပွင့်ပုံတွေနဲ့ အလှဆင်ထားပါတယ်။
တော်ဝင်မင်္ဂလာပွဲတွေမှာ ဝတ်ဆင်ကြတဲ့ သတို့သမီးဝတ်စုံတွေကို ကြည့်မယ်ဆိုရင် ခမ်းခမ်းနားနားဖြစ်အောင် သေချာချုပ်လုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီး သင်တို့လည်း အားကျနေပြီ မဟုတ်လား…
By Myanmar Wedding Guide




