သမားရိုးကျဆံထုံးမထုံးချင်ဘူးဆိုတဲ့ သတို့သမီးတို့အတွက် ဆံပင်ပုံစံလေးတွေ

သမားရိုးကျဆံထုံးမထုံးချင်ဘူးဆိုတဲ့ သတို့သမီးတို့အတွက် ဆံပင်ပုံစံလေးတွေ google.com, taniamaras.com

မင်္ဂလာပွဲတစ်ခုပြုလုပ်တော့မယ်ဆိုရင် သတို့သမီးလေးလှပနေဖို့အတွက်ကို အားလုံးကအထူးတလည်

အာရုံစိုက်ပြင်ဆင်တတ်ကြပါတယ်။ ဒီလိုပြင်ဆင်မှုတွေထဲကမှ သတို့သမီးအတွက် ဆံပင်ပုံစံလေးကိုဘယ်လိုလှပအောင်ပြင်ဆင်မလဲဆိုတာလည်း အရေးကြီးပါတယ်။ ကိုယ်ရွေးချယ်ပြုလုပ်မယ့်ဆံပင်ပုံစံဟာ လိမ်းခြယ်မယ့်မိတ်ကပ်၊ ၀တ်ဆင်မယ့်သတို့သမီးဝတ်စုံ စတာတွေနဲ့လိုက်ဖက်ညီနေဖို့လိုပါတယ်။ သမားရိုးကျဆံထုံးကြီးဘဲ မထုံးချင်ဘူးဆိုတဲ့ သတို့သမီးများအတွက် ရွေးချယ်ပြင်ဆင်လို့ရမယ့် ဆံပင်ပုံစံလေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။

 

(၁) ဒါကတော့ရိုးရှင်းတဲ့ ဆံပင်ပုံစံပါပဲ။ ရိုးရိုးလေးနဲ့လှတဲ့ပုံစံလေးလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဆံပင်ကိုပြေပြေလေးကောက်ထားပြီး အရှည်ချထားတဲ့ပုံစံလေးပါ။

 

Blow wave 1

 

(၂) ဒီပုံစံကတော့ ဆံပင်ကိုအလိပ်အကြီးလိပ်ပြီးကောက်ထားတဲ့ပုံစံပါ။ အရှည်ချထားရင်ကြည့်လို့ကောင်းတဲ့ပုံစံပါပဲ။

 

Tousled loose curls wedding hairstyles for veils 4

 

(၃) ဒီဆံပင်ပုံစံကတော့ တစ်ဝက်စည်းလို့ပြောလို့ရသလို တစ်ဝက်တင်တစ်ဝက်ချတဲ့ပုံစံလို့လည်းပြောလို့ရပါတယ်။ စည်းထားတဲ့ဆံပင်ကိုမှ ကျစ်ဆံမြည်းလေးကျစ်ထားတဲ့ပုံစံလေးက သတို့သမီးလေးရဲ့အလှကိုပေါ်လွင်စေမှာပါ။

 

Top wedding hairstyles for bridal veils 6

 

(၄) ဒီဆံပင်ပုံစံကတော့ ဆံထုံးလေးဖြစ်ပေမယ့် ခေါင်းအပေါ်နားလေးမှာပွပွလေးထုံးထားတဲ့ပုံစံပါ။ သမားရိုးကျဆံထုံးနဲ့မတူတာကတော့ ဆံပင်တွေကိုအပြောင်မသိမ်းဘဲလုံးလုံးလေးထုံးထားတဲ့ပုံစံဖြစ်တာကြောင့် လူငယ်ဆန်စေပါတယ်။

 

High bridal bun for wedding veils 4

 

(၅) အပေါ်မှာဖော်ပြခဲ့တဲ့ ဆံထုံးပုံစံအတိုင်းလေးကိုပဲ သူကတော့ ခေါင်းအောက်နားလေးမှာထုံးထားတာပါ။ နားထင်နားက ဆံပင်အနည်းငယ်ကိုချပြီး ပြေလျော့လျော့လေးထုံးထားတဲ့ဒီဆံထုံးပုံစံလေးကလည်း တစ်မျိုးလေးဆန်းသစ်စေပါတယ်။

 

Low set wedding updos for wedding veils 7

 

(၆) ဒီဆံပင်ပုံစံကတော့ တစ်ဖက်ကိုအပြောင်နီးပါးသိမ်းထားပြီး ကျန်တစ်ဖက်မှာဆံပင်ကိုစုချထားတဲ့ပုံစံပါ။ ဒီဆံပင်ပုံစံလေးက လူငယ်တွေကြားထဲမှာအလွန်ရေပန်းစားပြီး တည်ငြိမ်ရင့်ကျက်တဲ့သတို့သမီးအလှကိုရရှိစေပါတယ်။

 

Top wedding hairstyles for bridal veils 3

 

 

Read More: သေသပ်လှပတဲ့သတို့သမီးမိတ်ကပ်ကိုဘယ်လိုပြင်ဆင်ကြမလဲ
makiyazh na svadbu foto 47 650x434

                                                                         Author – Nyi Min Khant

Read times Last modified on Wednesday, 19 September 2018 10:50
Rate this item
(2 votes)