ကိုဗစ်အပြီး မင်္ဂလာဆောင်တော့မဲ့ ဒေးဗစ်ဘက်ခမ်း သား ဘရွတ်ကလင်း

ကိုဗစ်အပြီး မင်္ဂလာဆောင်တော့မဲ့ ဒေးဗစ်ဘက်ခမ်း သား ဘရွတ်ကလင်း

ပြီးခဲ့တဲ့ ၂၀၂၀ ဂျူလိုင်လ ၁၁ ရက်နေ့က စေ့စပ်ခဲ့တဲ့ နာမည်ကျော် ဘောလုံးသမား ဒေးဘစ် ဘက်ခမ်းရဲ့ အသက် ၂၁ နှစ်အရွယ် သားအကြီးဆုံး ဖြစ်သူ ဘရွက်ကလင်း နဲ့ သူရဲ့ ချစ်သူ ဖြစ်သူ နီကိုလာ အသက် ၂၅ နှစ်အရွယ် တို့ ဟာ ကိုဗစ်အပြီးကာလ မှာ ယူဖို့ နေ့ရက်ရွေးနေပြီသိရပါတယ်။

 

ဧည့်ခံပွဲကို ခမ်းနား ကြီးကျယ်စွာ ကျင်းပမှာဖြစ်ပြီး သတိုးသားရဲ့ ဧည့်သည်များထဲတွင် သတိုးသား မိဘများ ရဲ့ ဒိတ်ဒိတ်ကျဲ အသိအကျွမ်းများပါဝင်ကာ ဗြိတိန် တော်ဝန်မင်းသား ဟယ်ရီနဲ့ သူ့ရဲ့ ဇနီးဖြစ်သူ မက်ဂန် တို့ကို လည်း ပွဲကို ဖိတ်မယ်ဆိုကာ The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။

 

ကိုဗစ်က ဖြစ်နေလို့သာ အရာရာ ကြန့်ကြာနေပေမယ့် ဘရွတ်ကလင်းရဲ့ မိဘတွေဟာ သူ့တို့သားမင်္ဂလာပွဲ အတွက် ဧည့်သည်ဖိတ်ဖို့ ကြိုတင်စဉ်းစားနေပြီ မြန်နိုင်သမျှ မြန်မြန် ဖိတ်မယ်လို့ သိရပါတယ်။ဘရွက် ကလင်း ရဲ့ ခေါင်းကိုင်ဖခင်ဖြစ်သူ နာမည်ကျော် အဆိုတော်ကြီး အဲတန်လ် ဂျွန် မပါမဖြစ်ဖိတ်ကြားမယ်လို့သိရပါတယ်။

 

 

ဘရွက်ကလင်း ဟာ သူ့ရဲ့ ချစ်သူ နီကိုလာ ကို ချစ်သူဖြစ်ပြီး ၉ လ အကြာ သူမရဲ့ မိသားစုရှေ့မှာ စေ့စပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး ပေါင်စတာလင် သုံးသိန်းခွဲတန်စိန်လက်စွပ်နဲ့ တောင်းခံခဲ့တယ်သိရပါတယ်။သတိုးသမီးလောင်းဟာ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူမ ရဲ့ ဖခင်ဟာ လူချမ်းသာဘီလီယံနာတစ်ဦးလို့သိရပါတယ်။

 

၎င်းတို့ စုံတွဲဟာ မင်္ဂလာဆောင်ကို ၂ ပွဲကျင်းပ မှာဖြစ်ပြီး သတိုးသမီးဘက်မှ ဂျူးလူမျိုးများပုံစံ မင်္ဂလာပွဲကျင်းပမည်ဖြစ်ပြီး သတိုးသားဘက်မှ သာမန် ဗြိတိန် ရိုးရာ မင်္ဂလာပွဲကို ကျင်းပမယ်သိရပါတယ်။မင်္ဂလာပွဲကို ၂၀၂၁ ထဲမှာ ကျင်းပမှာ ဖြစ်ပြီး ကုန်ကျ ငွေကို ပွဲနှစ်ခုလုံးအတွက် ပေါင်စတာလင် ၄ မီလီယံလောက် အကုန် အကျ ခံသွားမယ်သိရပါတယ်။

 

Ref : Daily Mail 

Read times
Rate this item
(0 votes)