သတို့သမီးလေးတွေအတွက် ဆံပင်ကို ပြင်ဆင်သင့် တာလေးတွေ

သတို့သမီးလေးတွေအတွက် ဆံပင်ကို ပြင်ဆင်သင့် တာလေးတွေ google

မင်္ဂလာပွဲမှာ ဆင်ယင်ထုံးဖွဲ့ မယ့် ဆံထုံးလေးက မျက်နှာနဲ့  လိုက်ဖက်ဖို့ လိုအပ်သလို ကိုယ်ရဲ့  ကိုယ်နေဟန်ထားကို ပိုပြီး တင့်တယ်အောင် အထောက်အကူ ပေးနိုင်တဲ  ထုံးဖွဲ့မှု ဖြစ်ဖို့လည်း လိုအပ်ပါတယ်။

ကိုယ်ရဲ့  အလှကို အဖက်ဖက်က အထောက်အပံ့ ပေးမယ့် ဆံထုံးလေးအတွက် ပိုပြီးအဆင်ပြေစေဖို့ ဆံကေသာကို ကြိုတင် ပြင်ဆင်ထားသင့် တာတွေ ပြောပြပေးချင်ပါတယ်။

 

 

မင်္ဂလာမဆောင်ခင် ၁လ ခွဲ ၂ လလောက် အလိုကတည်းကခါင်းလျှော်တဲ့ အခါတိုင်း ဆံပင်ပေါင်းဆေး သုံးပေးပါ။ ဆံပင်က ပျော့ပျောင်း သန်မာပြီး အငြိအထွေး ကင်းနေမှာ ဆံထုံးထုံးရတာ လွယ်ကူ ချောမွေ့မှာပါ။မနက်ဖြန် ခေါင်းလျှော် မယ်ဆို ဒီညမှာ သံလွင်ဆီ (သို့မဟုတ်) အုန်းဆီ စစ်စစ်နဲ့ ဆံပင်ပေါင်းတင်ပေးပါ။ ဆံပင်ပေါင်းတင်တာကလည်း ခက်ခက်ခဲခဲ မဟုတ်ဘူးနော်။ ဦးရေပြားအနှံ့နဲ့ ဆံပင် အရင်းကနေ အဖျားအထိ အဆီလိမ်းပြီး အိပ်လိုက်ရုံပဲလေ။

 

 

ဆံပင်ကို ထုံးဖွဲ့ပေးတာက မိတ်ကပ်ဆရာရဲ့ အလုပ်ဆိုပေမယ့်လည်း ကိုယ့်ရဲ့ ပင်ကိုယ်ဆံပင်ကို ကျန်းမာ သန်စွမ်းအောင်၊ ပျော့ပျောင်း နူးညံ့နေအောင် ၊ ဆံကေသာ အရာင်တောက်ပြောင်နေအောင် ကြိုတင် ပြင်ဆင်ထားမှ မိတ်ကပ်ဆရာရဲ့ပညာနဲ့ ကိုယ့်ရဲ့ပင်ကိုယ်အလှ ပေါင်းစပ်ပြီး အလှဆုံးဆံထုံးလေးကို ပိုင်ဆိုင်နိုင်မှာ မမေ့ပါနဲ့နော်။

 

 

မင်္ဂလာ မဆောင်ခင် (၆)လလောက် အလိုကတည်းက ဆံပင်ကို Step ညှပ်တာတွေ ဆံမြိတ်ညှပ် တာတွေကို ရှောင်ရှားပေးပါ။ ဆံပင်က သင့်တော်တဲ့ အရှည်ရှိနေမှ ဆံထုံးထုံးရတာ အဆင်ပြေမှာပါ။ လိုအပ်ရင် မိတ်ကပ်ဆရာက ဆံထုံးထုံးနေရင်းနဲ့မှ ညှပ်ပြီး ပုံသွင်းပေးပါလိမ့်မယ်။ ဆံမြိတ်ကလည်း လိုချင်ရင် အတုတပ်လို့ရပါတယ်။ ဆံမြိတ်ညှပ်ထားပြီးတော့မှ ဆံမြိတ်မလိုချင်ရင် ထုံးဖွဲ့ရတာ ခက်သွားပါလိမ့်မယ်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under