မင်္ဂလာဆောင်တုန်းကရိုက်ကူးခဲ့တဲ့မိသားစုပုံလေးကို မတင်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီးဝမ်းနည်းစွာရင်ဖွင့်လာတဲ့ အိမ့်ချစ်

မင်္ဂလာဆောင်တုန်းကရိုက်ကူးခဲ့တဲ့မိသားစုပုံလေးကို မတင်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီးဝမ်းနည်းစွာရင်ဖွင့်လာတဲ့ အိမ့်ချစ်

အိမ့်ချစ်ကတော့ပရိသတ်အချစ်တော်အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူမကတော့မကြာသေးခင်ကမှချစ်သူနဲ့အတူ နှစ်ဖက်မိဘတွေရဲ့သဘောတူညီချက်နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အိမ့်ချစ်ဟာမင်္ဂလာဆောင်တုန်းက ရိုက်ကူးခဲ့တဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ

တင်ပေးလေ့ရှိပါတယ်။

 

 Eint_Chit_2.jpg

 

ဒါ့ပေမယ့်နှစ်ဖက်မိဘနဲ့ မိသားစုလိုက်ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။ မင်္ဂလာဆောင်တုန်းက ရိုက်ကူးခဲ့တဲ့မိသားစုပုံလေးကို မတင်ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ဝမ်းနည်းစွာယခုလိုပဲ ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

 

 Eint_Chit_1.jpg

 

"ဒီပုံဘာလို့မတင်လဲသိလား ကိုယ့်အဖေမပါလို့ ဘာလို့မပါလဲသိလား ကွဲနေတာ(၁၆)နှစ်ရှိပြီမို့ သူလဲသူမိသားစုနဲ့သူမို့ လာဖို့လဲအဆင်မပြေလို့ နှစ်ဖက်မိဘနဲ့ ပုံတင်ကြည့် နားမလည်ပဲမိသားစုရဲ့ အခြေအနေကိုမသိဘဲနဲ့ အပြစ်ပြောမယ့်သူတွေ များကိုများလို့ တမင်ကိုမတင်တာ သိပြီလားရှင့်။

ဒီလိုအဖြစ်တွေကို broken familyတွေပဲ နားလည်တာမို့ လူတွေကိုရှင်းမပြရှင်ဘူးကွယ် ထပ်မမေးကြပါနဲ့တော့" ဆိုပြီး အိမ့်ချစ်က သူမရဲ့ Mydayကနေ ရင်ဖွင့်ပြောပြထားခဲ့တာ ဖြစ်ပြီး Wedding Guide ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

Source:Eint Chit

Read times Last modified on Tuesday, 28 July 2020 13:36
Rate this item
(2 votes)