တော်ဝင်မင်းသမီးလေး ဒိုင်ယာနာရဲ့  ကံဆိုးမှု

တော်ဝင်မင်းသမီးလေး ဒိုင်ယာနာရဲ့  ကံဆိုးမှု google

ဒိုင်ယာနာလို့ ဆိုလိုက်တာ နဲ့ ဘယ်သူ့ကို ရည်ညွှန်းတယ် ဆိုတာ အားလုံး သိမှာပါ။ အင်္ဂလန် နိုင်ငံရဲ့ ဝေလ မင်းသမီး ဒိုင်ယာနာက

စိတ်ထားကောင်းပြီး ပရဟိတအလုပ်တွေကို လုပ်ဆောင်ခဲ့လို့  ပြည်သူတွေ သဲသဲလှုပ် ချစ်ကြပေမယ့် အိမ်ထောင်ရေးကံတော့ မကောင်းခဲ့သူပါ။ သူမဟာ မင်းသား ချားလ် နဲ့ ထိမ်းမြားမင်္ဂလာဆောင်ခဲ့ပြီး ခင်ပွန်းသည်ရဲ့ ချစ်ခင်ကြင်နာခြင်းကို မရရှိခဲ့ပါဘူး။ တော်ဝင်မင်းသမီးလေးတစ်ပါးဖြစ်ပြီး သူများ အားကျစရာ ဘဝကို ရရှိခဲ့ပေမယ့် မပျော်ရွှင်ခဲ့ရပါဘူး။

မိန်းမတစ်ယောက်အတွက်တော့ ခင်ပွန်းရဲ့ ဂရုစိုက်မှုကို မရရှိတာက ရင်နာစရာပါ။ ဒါကြောင့်လဲ ချားလ်မင်းသား နဲ့ ကွာရှင်းခဲ့တာပဲဖြစ်မှာပါ။ ကွာရှင်းပြီးနောက် အချစ်သစ် တွေ့ရှိတဲ့ အချိန်မှာ ကံမကောင်းရှာသူလေး လေဒီဒိုင်ယာနာဟာ သတင်းလိုက်ယူတဲ့ ပါပါရာဇီတွေကို ရှောင်တိမ်းရင်း ဆုံးပါးခဲ့ပါတယ်။ မင်္ဂလာပွဲမှာ ပျော်ရွှင်နေတဲ့ သတို့သမီးကလေးဟာ ဒီလို အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ရမယ်ဆိုတာ ဘယ်သူက တွေးမိမှာပါလဲ။ တကယ်ကို စိတ်မကောင်းစရာပါပဲ။ 

 

 

Crd;  Myanmar Textile

 

Myanmar Wedding Guide 

Read times Last modified on Friday, 17 May 2019 14:05
Rate this item
(1 Vote)