တဒင်္ဂအပြုအမူတွေကြည့်ပြီး ချစ်ဖို့ မဆုံးဖြတ်ပါနဲ့

တဒင်္ဂအပြုအမူတွေကြည့်ပြီး ချစ်ဖို့ မဆုံးဖြတ်ပါနဲ့

သူ့ရဲ့ အမူအယာတွေအားလုံးကို စိတ်ဝင်စားမှု အစပြုပြီး ခင်မင်သိကျွမ်းမယ်၊ ဒီကမှတစ်ဆင့် နှလုံးသားက အချက်ပြလာရင် ချစ်ဖို့ ဆုံးဖြတ်လိုက်မယ်။

ဒါနဲ့ပဲ အချစ်ရေးတစ်ခုကို တည်ဆောက်ကြတော့မယ်ပေါ့။

 

ချစ်စ၊ ခင်စမှာ သာယာစရာကောင်းသလောက် နောက်ပိုင်းလအနည်းငယ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီမှုတွေကို တွေ့လာရမယ်။

 

စိတ်သဘောမတွေ့တာလေးတွေ ရှိလာမယ်။ တစ်ယောက်အကြောင်းတစ်ယောက် သိလာတဲ့သဘောပေါ့။


ဒီလို အခြေအနေမှာ ညှိနှိုင်းနိုင်မယ်၊ တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်မယ်ဆိုရင်တော့ ကာလရှည်လက်တွဲသွားဖို့ အခြေအနေကောင်းပါလိမ့်မယ်။

 

အဲဒီအချိန်မှာ သူ့ရဲ့ချိုသာတဲ့ အပြုံးတွေလည်း မရှိတော့ပါဘူး။ သူ့ရဲ့ စကားသံတွေလည်း မကြင်နာနိုင်တော့ပါဘူး။


တကယ်တော့ တစ်ယောက်နဲ့တစ်ယောက်ကြား အပေါ်ယံအရေခြုံမှုတွေ တစ်စထက်တစ်စ ပိုပြီးလျော့ပါးလာတာပါ။

 

စစ်တမ်းတွေအရတော့ ဒီလိုအခြေအနေကိုရောက်ဖို့ အချိန် လေးလကနေ ခြောက်လအထိ ကြာတတ်ပါတယ်။


စတွေ့ကာစမှာ ရင်ခုန်စရာကောင်းတဲ့အပြုအမူတွေနဲ့ ကြင်နာမှုတွေ၊ ချစ်စရာကောင်းခဲ့တာတွေကို အတည်မှတ်ယူလို့ လုံးဝ မရနိုင်ပါဘူး။

 

သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အပြုအမူအမှန်တွေကို ခြောက်လ ကြာပြီးနောက်ပိုင်းမှ အကဲဖြတ်လို့ရပါမယ်။

 

ဒါကြောင့် ချစ်ဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် တဒင်္ဂအပြုအမူလေးတွေပေါ်မှာကြည့်ပြီး မဆုံးဖြတ်ပါနဲ့။

 

အချိန်အတိုင်းအတာတစ်ခုထိ မပြောင်းလဲနိုင်ဘူးဆိုမှ ဒါဟာ သူ့ရဲ့ ပင်ကို စိတ်နေစိတ်ထားနဲ့ သင့်အပေါ်ထားတဲ့ ခံစားချက်အစစ်အမှန်ပဲဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)
Tagged under