စေ့စပ်ကြောင်းလမ်းပြီးစီးကြောင်းကြေညာခြင်း၊ မင်္ဂလာဧည့်ခံပွဲပြုလုပ်ပြီးစီးကြောင်းကြေညာ
ခြင်း၊ စုလျားရစ်ပတ်မင်္ဂလာပွဲ အခမ်းအနား ကျင်းပပြီးစီးကြောင်း ကြေညာခြင်းတို့အတွက် ပြည်တွင်း သတင်းစာများဖြစ်တဲ့ ကြေးမုံ သတင်းစာ၊ မြန်မာ့အလင်း သတင်းစာ၊ မြ၀တီသတင်းစာနှင့် ဂျာနယ်များတွင် မင်္ဂလာပွဲ ကြော်ငြာများကို မည်သည့် ဆိုက်ဖြင့် ထည့်ချင်သည်ကို အရင်ဆုံးထည့်သွင်းစဉ်းစားသင့်ပါတယ်။ ၎င်းအပြင် ပြည်တွင်း သတင်းစာများ၏ ဈေးနှုန်းနှင့် ရနိုင်မည့်ရက်တို့ အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
ကြော်ငြာထည့်ရာတွင် လိုအပ်သော လိပ်စာ၊ ဖုန်းနံပါတ်၊ ဆက်သွယ်ရမည့်သူ၊ နောက်ဆုံးပေးပို့ရမည့်ရက်၊ ဈေးနှုန်း၊ ဖော်ပြမည့်ဓာတ်ပုံ၊ ရေးသားဖော်ပြချင်သည့် စာသားများကို ထည့်သွင်းသင့်ပါတယ်။ ကြော်ငြာထည့်ရာတွင်လည်း မင်္ဂလာဆောင်ဖိတ်စာကိုပါ အပါယူသွားရပါ တယ်။ သို့မဟုတ်ပါက သတင်းစာတိုက်မှ လက်ခံမည် မဟုတ်ကြောင်း သိရပါတယ်။




