အိမ်ထောင်ရေးကိစ္စများအများဆုံးကြုံတွေ့ရတတ်တဲ့ ဓမ္မာ၊သောက၊အင်းဝ၊ရာဇာ

အိမ်ထောင်ရေးကိစ္စများအများဆုံးကြုံတွေ့ရတတ်တဲ့ ဓမ္မာ၊သောက၊အင်းဝ၊ရာဇာ google

ဓမ္မာ – သောက – အင်းဝ – ရာဇာ အိမ်ထောင်ဘက်များအတွက် 

ဗေဒင်ဆရာဘ၀ အတွေ့အကြုံများထဲတွင် အိမ်ထောင်ရေးကိစ္စများ အများဆုံးကြုံတွေ့ရတတ်၏။ ရှေးအခါတုန်းကဆရာသမားများက ဗေဒင်ဆရာများ ဗေဒင်ကိန်းဂဏန်းများတွင်အသုံးပြုရန်အတွက် မှတ်ရလွယ်ကူစိမ့်သောငှာ ဓမ္မာ သောက အင်းဝ ရာဇာ အိမ်ထောင်ဘက် အသက်မရှည်ရာ စသည်ဖြင့် လင်္ကာများ စပ်၍သင်ပေးထားခဲ့ကြပါတယ်။

 

 

ထိုလင်္ကာများကို ဗေဒင်ပညာနဲ့မနီးစပ်သူများကယူကာ စနေနှင့် ကြာသပတေး ၊ သောကြာနှင့် တနင်္လာ ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး ၊ ရာဟုနှင့် အင်္ဂါ လက်မထပ်ကောင်း၊ လက်ထပ်ပါက အိမ်ထောင်သက်မရှည် စသည်ဖြင့် ကောက်ယူကြတယ်။ မည်သို့ဖြစ်သည်မသိ ထိုအယူအဆဟာ လူတော်တော်များများ အထူးသတိထားကြသော အယူအဆတစ်ခုအဖြစ်သို့ ရောက်သွားလေသည်။

 

 

ထို့ကြောင့် မကြာခဏဆိုသလိုပင် ဓမ္မာ သောက အင်းဝ ရာဇာ အိမ်ထောင်ပြုထားကြသော သူများက အိမ်ထောင်မမြဲ၊ ကွဲမည်ကို စိုးရိမ်သောကြောင့် ဗေဒင်လာမေးကြလေရာ လူတိုင်းကိုနားလည်အောင်ရှင်းပြရသည်မှာလည်း တော်တော်များများရှိခဲ့ပြီဖြစ်လေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ စနေနှင့် ကြာသပတေး ၊ သောကြာနှင့် တနင်္လာ ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး ၊ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ပြုထားကြသူများအတွက် အိမ်ထောင်ရေး အညံ့အခိုက် ကင်းဝေးစေသာနည်းတစ်ခုကို ပြန်လည် တင်ပြပေးလိုက်ရပါတယ်။

 

 

ဓမ္မာ

စနေသားသမီးနှင့် ကြာသပတေးသားသမီး အိမ်ထောင်ပြုထားသူများ အနေနဲ့  ပိတောက်သားကို (၁၂)လက်မ အလျားဖြတ်ပါ။ သစ်သားချောင်း နှစ်ချောင်းဖြတ်ပါ။ ထိုသစ်သားချောင်းနှစ်ချောင်းကို ရွှေချပါ။ ထိပ်အသီးသီး၌ ဖဲကြိုးနီနှင့်ရစ်ပတ်ကာ လင်မယားနှစ်ဦးနေသောနေရာ၏ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။

 

 

သောက

သောကြာသားသမီးနှင့် တနင်္လာသားသမီး အိမ်ထောင်ပြုထားပါက ရန်ဓာတ်ပျယ်စေရန် ကသစ်သားကို ()လက်မ အလျားဖြတ်ပါ။ သစ်သားချောင်း နှစ်ချောင်းဖြတ်ပါ။ထိုသစ်သားချောင်းနှစ်ချောင်းကို ရွှေချပါ။ ထိပ်အသီးသီး၌ ဖဲကြိုးအ၀ါနှင့် ရစ်ပတ်ကာ လင်မယားနှစ်ဦးနေသော နေရာ၏ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။

 

 

အင်းဝ

တနင်္ဂနွေသားသမီးနှင့် ဗုဒ္ဓဟူးသားသမီး အိမ်ထောင်ပြုထားသူများ ၀င်အူသားကို ()လက်မ အလျားဖြတ်ပါ။ သစ်သားချောင်း နှစ်ချောင်းဖြတ်ပါ။ ထိုသစ်သားချောင်းနှစ်ချောင်းကို ရွှေချပါ။ ထိပ်အသီးသီး၌ အပြာရင့်ရောင် ဖဲကြိုးနှင့် ရစ်ပတ်ကာ လင်မယားနှစ်ဦးနေသော နေရာ၏ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။

 

 

ရာဇာ

ရာဟုသားသမီးနှင့် အင်္ဂါသားသမီး ဇနီးမောင်နှံများအတွက် စောင်းလျှားသားကို (၁၁)လက်မ အလျားဖြတ်ပါ။ သစ်သားချောင်း နှစ်ချောင်းဖြတ်ပါ။ ထိုသစ်သားချော်းနှစ်ချောင်းကို ရွှေချပါ။ ထိပ်အသီးသီး၌ ဖဲကြိုးအစိမ်းရောင် နှင့် ရစ်ပတ်ကာ လင်မယားနှစ်ဦးနေသော နေရာ၏ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။

 

 

ထိုကဲ့သို့ ချိတ်ဆွဲရာတွင် အောက်ဖော်ပြပါ အချိန်အတိအကျ လိုက်နာ ချိတ်ဆွဲပါက ပိုမို၍ အကျိုးပေး ကောင်းမွန်မည် ဖြစ်ပါတယ်။

 

 

ဓမ္မာဇနီးမောင်နှံများ – တနင်္ဂနွေနေ့ နေ့လည် (၁၁) နာရီ(၄၅)မိနစ်တွင် ချိတ်ဆွဲပါ။

 

 

သောကဇနီးမောင်နှံများ – တနင်္လာနေ့ နံက်()နာရီ မိနစ်(၂၀)တွင် ချိတ်ဆွဲပါ။

 

 

အင်းဝဇနီးမောင်နှံများ – ဗုဒ္ဓဟူးနေ့ မွန်းလွဲ ()နာရီ (၄၅)မိနစ်တွင် ချိတ်ဆွဲပါ။

 

 

ရာဇာဇနီးမောင်နှံများ – အင်္ဂါနေ့ ()နာရီ ()မိနစ်တွင် ချတ်ဆွဲပါ။

 

 

Credit: ဆရာဟိန်းတင့်ဇော်

Source: မနောမယ

Read times Last modified on Monday, 11 February 2019 11:28
Rate this item
(1 Vote)