မင်္ဂလာပွဲနေ့မှာစိတ်ဖိစီးမှုမဖြစ်စေဖို့

မင်္ဂလာပွဲနေ့မှာစိတ်ဖိစီးမှုမဖြစ်စေဖို့ google

-တကယ်အရေးကြီးတာကိုမမေ့ပါနဲ့

သတို့သားနဲ့ သတို့သမီးတွေကို အကောင်းဆုံးကျွန်တော်အကြံဥာဏ်ပေးချင်တာကတော့ ဒီပွဲကလူနှစ်ဦးပေါင်းစည်းကြတဲ့ အခမ်းအနားတစ်ခုဖြစ်တယ်ဆိုတာ ဘယ်တော့မှ မမေ့ဖို့ပါပဲ။

 

-သင့်ရဲ့မေတ္တာကိုပေါ်လွင်ပါစေ

တစ်နေ့ကုန်သွားရင် အဓိကရည်ရွယ်ချက်ဖြစ်တဲ့ အကြင်လင်မယားဖြစ်တော့မှာမို့ ဒီလိုအခမ်းအနားက မယုံနိုင်စရာကောင်းအောင် ထူးခြားနေပါလိမ့်မယ်။

 

ကျွန်တော်အကြံပေးချင်တာက လက်ထပ်ပွဲဆိုတာ ပြီးပြည့်စုံနေဖို့မလိုဘူး။ သင်တို့မျှဝေကြတဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာဆိုမှုတွေပဲ အရေးကြီးပြီးအခြားအရာတွေက အရံသက်သက်တစ်ခုသာဖြစ်တယ်ဆိုတာကို နားလည်နိုင်ဖို့ပဲဖြစ်ပါတယ်။

 

နောက်ပြီး ဒီပွဲကသင်တို့အတွက်ချည်းပဲ မဟုတ်ပါဘူး။ ဒါကသင်တို့ရဲ့လက်ထပ်၊ ဂုဏ်ပြုပွဲ အခမ်းအနားဆိုပေမယ့် သင့်ဘဝချစ်ခင်သူတွေနဲ့ သင့်ကိုပံ့ပိုးပေးခဲ့သူတွေကို ကျေးဇူးတင်စကားပြောနိုင်မယ့် အခွင့်အလမ်းလည်းဖြစ်ပါတယ်။

 

သင့်ရဲ့ ချစ်ခြင်းမေတ္တာကို ဖြန့်ဝေပေးလိုက်ဖို့ဖြစ်ပြီး ပျော်စရာတွေ ဖန်တီးနိုင်ပါတယ်။

 

-အချိန်တိုင်းကို လက်မလွှတ်စေမိပါစေနဲ့

သင့်ရဲ့မင်္ဂလာအချိန်မှာ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်ခြင်းနဲ့ ပီတိသောမနဿတွေထဲတွင် ပျော်မွေ့လိုက်ပါ။

 

-လုပ်စရာတွေကိုတစ်ခုချင်းစီလုပ်သွားပါ

လက်ထပ်အခမ်းအနားပြင်ဆင်ရာမှာ အချိန်ပြည့်အကူအညီပေးမယ့် Wedding Coordinator တစ်ဦးမရှိဘဲ မင်္ဂလာပွဲကို စီစဉ်ရာမှာ အလွယ်တကူ ဗျာများသွားနိုင်ပါတယ်။

 

ဒါပေမယ့် နေ့ရက်နဲ့ နေရာကို ရွေးပြီးရင်တော့ ကျန်တာတွေက အစီအစဉ်တကျ ဖြစ်သွားပါလိမ့်မယ်။ ဓါတ်ပုံ၊ အ၀တ်အစား၊ အစားအသောက်၊ တေးဂီတ၊ ပန်းအလှဆင်ခြင်း စတာတွေထဲက အရေးကြီးဆုံးသုံးခုလောက်ကို စဉ်းစားထားပါ။ အဲဒါတွေကို စာရင်းမှတ်ပြီး ဖြည်းဖြည်းလုပ်သွားပါ။

 

အရေးကြီးဆုံးကတော့ ဒီလိုအရာတွေက မင်္ဂလာနေ့ရောက်လာတဲ့အခါ မျက်တောင်တစ်ခတ်အတွင်း ပျောက်သွားမှာပါ။

 

တစ်နှစ်လုံးလုံး မင်္ဂလာရက်အတွက် ပြင်ဆင်ခဲ့ရတာတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုက်ထုတ်ထားခဲ့ရတဲ့ ငွေ နဲ့ အချိန်တွေဟာ မင်္ဂလာနေ့နဲ့အတူ ဖြတ်ခနဲ ကုန်သွားမှာဖြစ်လို့ အစီအစဉ်တစ်လျှောက်လုံးမှာ ပျော်ပျော်နေဖို့ကြိုးစားပါ။

 

အချိန်အများကြီးစိတ်ဖိစီးမှုတွေ ခံစားနေနိုင်ပေမယ့် မင်္ဂလာပွဲလုပ်တဲ့ အချိန်နဲ့ အစီအစဉ်တစ်ခုလုံးမှာ ပျော်ပျော်နေလိုက်ပါ။ ဘာကြောင့်လဲဆိုရင် ပွဲပြီးသွားတဲ့အခါ ဒီလိုပွဲမျိုးကို သင်လွမ်းဆွတ် သတိရနေမှာဖြစ်ပြီး ပြန်လိုချင်နေမှာ ဖြစ်လို့ပါပဲ။

Myanmar Wedding Guide

Read times Last modified on Monday, 04 February 2019 11:19
Rate this item
(1 Vote)